ပုသိမ် ဥမ္မာဒန္တီအငှားအိမ်ရာတိုက်ခန်းများ မဲစနစ်ဖြင့်ချထားပေး - Property News in Myanmar from iMyanmarHouse.com
1659 Views

ပုသိမ် ဥမ္မာဒန္တီအငှားအိမ်ရာတိုက်ခန်းများ မဲစနစ်ဖြင့်ချထားပေး

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ အမှတ်(၁၄) ရပ်ကွက်ရှိ ဥမ္မာဒန္တီအငှားအိမ်ရာ တိုက်ခန်းများကို ဒီဇင်ဘာ ၇ ရက် က
ပုသိမ်မြို့ အမှတ်(၃)ရပ်ကွက် ကိုးသိန်းမိုးလုံလေလုံအားကစား ကွင်းတွင် မဲစနစ်ဖြင့်ချထားပေးခဲ့ ကြောင်း သိရသည်။

လေးခန်းတွဲ၊ ငါးထပ်အ ဆောက်အအုံသုံးလုံးနှင့် ရှစ်ခန်းတွဲ အဆောက်အအုံတစ်လုံး၊ စုစုပေါင်း အဆောက်အအုံလေးလုံး၊ အခန်း ပေါင်း ၉၁ ခန်းကို ဧရာဝတီတိုင်း ဒေသကြီးအတွင်း နေထိုင်ရေးအ ခက်အခဲရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ၊ ကုမ္ပဏီ ဝန်ထမ်းများနှင့် ဝင်ငွေနည်းအများ ပြည်သူတို့တွင် လက်ရှိဝန်ထမ်း ၂၅၈ ဦးအတွက် ၄၇ ခန်း၊ အငြိမ်း စားဝန်ထမ်း ၇၄ ဦးအတွက် ၁၃ ခန်း၊ ကုမ္ပဏီဝန်ထမ်း ၂၆ ဦးအတွက် ငါးခန်း၊ အခြားဝင်ငွေနည်း ပြည်သူ ၁၄၆ ဦးအတွက် ၂၆ ခန်း၊ စုစုပေါင်း ၅ဝ၄ ဦးအတွက် ၉၁ ခန်းကို ချထားပေးခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်မြို့ တိုင်းဒေသကြီးမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာနရုံးမှသိရသည်။

''ပြည်သူတွေရဲ့ အမှန်တကယ် လိုအပ်ချက်ကို တိုင်းဒေသကြီးအစိုး ရစီစဉ်ကြီးကြပ်မှုနဲ့ ဆောင်ရွက်ပေးခဲ့ပါတယ်။ ထပ်မံပြီးတော့ မြေနေရာရရှိရင် ဆောက်လုပ်စီစဉ်ပေး ဖို့လည်းရှိပါတယ်။ မပြီးခဲ့တဲ့ ၃၂ ခန်းမှာလည်း တိုက်ခန်းကို ၂ဝ၁၇-၂ဝ၁၈ ဘတ်ဂျက်မှာ အခုမရရှိတဲ့သူတွေနဲ့ ထပ်မံလျှောက်ထားသူ တွေကို မဲစနစ်နဲ့ပဲထပ်မံချထားပေး ဖို့အစီအစဉ်ရှိပါတယ်''ဟု တိုင်းဒေ သကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေ မင်းထွန်းက ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ယနေ့ဆောင်ရွက်ခဲ့သော ဥမ္မာဒန္တီအငှားအိမ်ရာလျှောက်ထား သူများတွင် ၈၅ ရာခိုင်နှုန်းလာရောက် ခဲ့ကြောင်းသိရပြီး မဲပေါက်၍နေခွင့် ရရှိသူများမှာ တစ်လအတွင်း စည်း မျဉ်းစည်းကမ်းများနှင့်အညီ စာချုပ် ချုပ်ဆိုခြင်း၊ စပေါ်ငွေနှင့် အိမ်လခ တစ်လကြိုတင်ပေးသွင်းခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ပြီး ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင်စတင်၍နေထိုင် ခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည်။

''ဦးလေးက အငြိမ်းစားဝန် ထမ်းဟောင်းတစ်ဦးပါ။ နေစရာအခက်အခဲကြောင့် တစ်လကိုရှစ် သောင်းလောက်ပေးရတဲ့ အိမ်ရာ လေးတစ်ခုကို မိုးတွင်းရေမြုပ်တဲ့ အရပ်မှာ ငှားနေရတယ်။ အခုမဲ ပေါက်တော့ တိုက်ခန်းကပေးနေ တဲ့လစာထက် တစ်ဝက်လောက် သက်သာသွားတယ်။ နေထိုင်ရေးလည်း စနစ်တကျရှိမယ်။ မိုးတွင်း ရေကြီးရေမြုပ်တဲ့ဒဏ်ကိုလည်း ဂရုစိုက်ဖို့မလိုတော့ဘူးဆိုတော့ အရမ်းကိုအဆင်ပြေ သွားပါတယ်''ဟု မြို့နယ်ပညာရေးမှူးဟောင်း ဦးဆန်းလွင်က ပြောသည်။အဆိုပါ တန်ဖိုးနည်းအိမ်ရာ များမှာ ၂ဝ၁၅ ခုနှစ် မတ်လမှစတင် ဆောက်လုပ်ကာ ၂ဝ၁၇ ခုနှစ် ဇန်န ဝါရီလပိုင်းတွင် နေထိုင်ခွင့်ရှိမည် ဖြစ်၍ စုစုပေါင်းဆောက်လုပ်ချိန် နှင့် နေထိုင်ချိန်အထိ ၂၁ လကြာ မြင့်ခဲ့ကြောင်း သိရသည်။


Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service