ကိုင်လီဂျင်းနာက လော့စ်အိန်ဂျလိနေအိမ်ကို ကန်ဒေါ်လာ ၅ ဒသမ ၄ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
828 Views

ကိုင်လီဂျင်းနာက လော့စ်အိန်ဂျလိနေအိမ်ကို ကန်ဒေါ်လာ ၅ ဒသမ ၄ သန်းဖြင့် ရောင်းချမည်

ကိုင်လီဂျင်းနာသည် လော့စ်အိန်ဂျလိနေအိမ်ကို ကန်ဒေါ်လာ ၅ ဒသမ ၄ သန်းဖြင့် ရောင်းချရန် ဈေးကွက်တင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အသက် ၂၀ ပင်မပြည့်သေးသော ကိုင်လီသည် အိမ်ခြံမြေအများအပြား ပိုင်ဆိုင်သူတစ်ဦး ဖြစ်လာခဲ့သူ ဖြစ်သည်။
ကိုင်လီဂျင်းနာသည် လော့စ်အိန်ဂျလိတွင် နေအိမ် ၄ လုံးပိုင်ဆိုင်ထားပြီး ယခုရောင်းချမည့်နေအိမ်ကို သြဂုတ်လအတွင်းကမှ ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး ၀ယ်ယူခဲ့စဉ်က ကန်ဒေါ်လာ ၄ ဒသမ ၅ သန်း ပေးခဲ့ရသည်။

ဤနေအိမ် ၀ယ်ယူခဲ့သည့် သတင်းကို iMyanmarHouse.com တွင်ရေးသားဖော်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက http://www.imyanmarhouse.com/news/read/508857 လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။

ကိုင်လီဂျင်းနာ၏ ယောက်ျားလေးမိတ်ဆွေ အိမ်လခမပေးသောကြောင့် ဖမ်းဝရမ်းထုတ်ခံခဲ့ရပုံသတင်းကို http://www.imyanmarhouse.com/news/read/509356 လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
ခြံဝန်းအကျယ်အ၀န်းမှာ ၃ ဒသမ ၃ ဧက ကျယ်ဝန်းကာ နေအိမ်အကျယ်အ၀န်းမှာ စတုရန်းပေ ၅၁၄၇ ရှိကာ လော့စ်အိန်ဂျလိ၏ နာမည်ကျော် Hidden Hills အရပ်တွင် တည်ရှိသည်။

ကိုင်လီဂျင်းနာသည် Hidden Hills တွင်ပင် ၁၃၂၀၀ စတုရန်းပေ ကျယ်ဝန်းသည့်နေအိမ်တစ်လုံးကိုလည်း ကန်ဒေါ်လာ ၁၂ သန်းဖြင့် ၀ယ်ယူထားခဲ့ရာ အဆိုပါသတင်းကို http://www.imyanmarhouse.com/news/read/523029 လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
ယခုရောင်းချမည့် နေအိမ်တွင် သီးသန့် မော်တော်ကားလမ်းပါဝင်ပြီး အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၄ ခန်းပါဝင်သည်။

ထို့အပြင် ကဇာတ်ခန်းမတစ်ခု၊ မီးလင်းဖိုပါသည့် စံမီညစာစားခန်းတို့လည်း ပါဝင်ပြီး ခြံဝန်းအတွင်းတွင် ရေကူးကန်၊ ရေတံခွန်နှင့် စပျစ်ခြံတို့ပါဝင်သည်။
ကိုင်လီဂျင်းနာက ယင်းနေအိမ်ကို ၀ယ်ယူပြီးနောက် သူ၏ မိတ်ကပ်လုပ်ငန်းချဲ့ထွင်ရန် ရုံးခန်းနေရာအဖြစ် အသုံးပြုခဲ့သည်။

Hidden Hills တွင် အခြားကမ္ဘာကျော်များဖြစ်သော ဂျနီဖာလိုပက်ဇ်၊ မိုင်လေဆိုင်းရပ်၊ ဂျက်ဆီကာ ဆင်ပ်ဆင်နှင့် သူ၏ အစ်မဖြစ်သူ ကင်မ်ကာဒါရှီယန်နှင့် ခင်ပွန်းဖြစ်သူ ကင်ညေးဝက်စ်တို့ နေထိုင်ကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကိုင်လီဂျင်းနာက လော့စ်အိန်ဂျလိနေအိမ်ကို ကန်ဒေါ်လာ ၅ ဒသမ ၄ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ကိုင်လီဂျင်းနာက လော့စ်အိန်ဂျလိနေအိမ်ကို ကန်ဒေါ်လာ ၅ ဒသမ ၄ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ကိုင်လီဂျင်းနာက လော့စ်အိန်ဂျလိနေအိမ်ကို ကန်ဒေါ်လာ ၅ ဒသမ ၄ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ကိုင်လီဂျင်းနာက လော့စ်အိန်ဂျလိနေအိမ်ကို ကန်ဒေါ်လာ ၅ ဒသမ ၄ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ကိုင်လီဂျင်းနာက လော့စ်အိန်ဂျလိနေအိမ်ကို ကန်ဒေါ်လာ ၅ ဒသမ ၄ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ကိုင်လီဂျင်းနာက လော့စ်အိန်ဂျလိနေအိမ်ကို ကန်ဒေါ်လာ ၅ ဒသမ ၄ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service