နေအိမ်များဆက်တိုက် ရောင်းချလျက်ရှိသော လီယိုနာဒိုဒီကာပရီယို၏ လော့စ်အိန်ဂျလိနေအိမ် ၀ယ်လက်ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
1854 Views

နေအိမ်များဆက်တိုက် ရောင်းချလျက်ရှိသော လီယိုနာဒိုဒီကာပရီယို၏ လော့စ်အိန်ဂျလိနေအိမ် ၀ယ်လက်ပေါ်ပေါက်

တိုက်တန်းနစ်ရုပ်ရှင်ဇာတ်ကားကြီးဖြင့် ဟောလိဝုဒ်၏ ဂန္ထ၀င်တစ်ဦးဖြစ်လာခဲ့ပြီး The Revenant ဇာတ်ကားဖြင့် အော်စကာဆု ရရှိခဲ့သည့် လီယိုနာဒိုဒီကာပရီယိုသည် နေအိမ်များကို ယခုနှစ်အတွင်း ဆက်တိုက်ရောင်းထုတ်လျက်ရှိရာ လော့စ်အိန်ဂျလိမြို့၊ မာလီဘူးရှိ နေအိမ်ကို ကန်ဒေါ်လာ ၂ ဒသမ ၂ သန်းဖြင့် ၀ယ်ယူမည့် ၀ယ်လက်ပေါ်ပေါက်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါနေအိမ်ကြီးအား ဈေးကွက်တင်ခဲ့သည့်သတင်းကို iMyanmarHouse.com တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက http://www.imyanmarhouse.com/news/read/521359 လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
ယခုနေအိမ်ကို ၀ယ်ယူမည့်ဝယ်လက်က ကန်ဒေါ်လာ ၂ ဒသမ ၂၃၇ သန်း ဈေးပေးသည်ဟု နယူးယောက်အိမ်ခြံမြေကုမ္ပဏီတစ်ခုက ထုတ်ဖော်ပြောကြားသည်။

ဈေးကွက်တင်ထားသည့် ခေါ်ဈေးမှာ ကန်ဒေါ်လာ ၂ ဒသမ ၃၉၅ သန်းဖြစ်ရာ ခေါ်ဈေးအောက် ၀ ဒသမ ၁၅၈ နည်းပါးနေသည်။
လီယိုနာဒိုသည် ယင်းနေအိမ်ကို ၂ ဒသမ ၀၅ သန်းဖြင့် ၀ယ်ယူခဲ့ပြီးနောက် အစ်ကိုဝမ်းကွဲဖြစ်သူ၊ စီးပွားဖက် ရောဘတ်ဟာတီကာအား ၂၀၁၄ ခုနှစ်၊ မတ်လအတွင်း ပေးအပ်ထားကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်ဟု ဆိုသည်။
လီယိုနာဒိုတည်ထောင်ထားသည့် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခု၏ အခြေစိုက်လိပ်စာအဖြစ် ယင်းနေအိမ်၏ လိပ်စာပေးထားသည်ဟု ဆိုသည်။

လီယိုနာဒိုသည် လော့စ်အိန်ဂျလိမြို့ ၊ မာလီဘူးအရပ်တွင်ပင်တည်ရှိသော ပင်လယ်ကမ်းခြေနေအိမ်ကြီးကိုလည်း လွန်ခဲ့သော စက်တင်ဘာလအတွင်းက ကန်ဒေါ်လာ ၁၀ သန်းကျော်ဖြင့် ဈေးကွက်တင်ရောင်းချခဲ့ဖူးသည်။
အဆိုပါ သတင်းကိုလည်း iMyanmarHouse.com တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါသည်။

ပြန်လည်ဖတ်ရှုလိုပါက http://www.imyanmarhouse.com/news/read/518172 လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
ယခုနေအိမ်ခြံဝန်းမှာ တစ်ဧက၏ သုံးပုံတစ်ပုံခန့်ကျယ်ဝန်းပြီး အိပ်ခန်း ၄ ခန်းပါဝင်ကာ ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း ဆောက်လုပ်ခဲ့သည်။

ကြမ်းပြင်မှ မျက်နှာကျက်အထိ မြင့်မားသော ပြတင်းများကြောင်း ၀န်းကျင်ရှိ တောင်များ၏ မြင်ကွင်းကို ကျယ်ပြန့်စွာ ရှုမြင်နိုင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နေအိမ်များဆက်တိုက် ရောင်းချလျက်ရှိသော လီယိုနာဒိုဒီကာပရီယို၏ လော့စ်အိန်ဂျလိနေအိမ် ၀ယ်လက်ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
နေအိမ်များဆက်တိုက် ရောင်းချလျက်ရှိသော လီယိုနာဒိုဒီကာပရီယို၏ လော့စ်အိန်ဂျလိနေအိမ် ၀ယ်လက်ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
နေအိမ်များဆက်တိုက် ရောင်းချလျက်ရှိသော လီယိုနာဒိုဒီကာပရီယို၏ လော့စ်အိန်ဂျလိနေအိမ် ၀ယ်လက်ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
နေအိမ်များဆက်တိုက် ရောင်းချလျက်ရှိသော လီယိုနာဒိုဒီကာပရီယို၏ လော့စ်အိန်ဂျလိနေအိမ် ၀ယ်လက်ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
နေအိမ်များဆက်တိုက် ရောင်းချလျက်ရှိသော လီယိုနာဒိုဒီကာပရီယို၏ လော့စ်အိန်ဂျလိနေအိမ် ၀ယ်လက်ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
နေအိမ်များဆက်တိုက် ရောင်းချလျက်ရှိသော လီယိုနာဒိုဒီကာပရီယို၏ လော့စ်အိန်ဂျလိနေအိမ် ၀ယ်လက်ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
နေအိမ်များဆက်တိုက် ရောင်းချလျက်ရှိသော လီယိုနာဒိုဒီကာပရီယို၏ လော့စ်အိန်ဂျလိနေအိမ် ၀ယ်လက်ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
နေအိမ်များဆက်တိုက် ရောင်းချလျက်ရှိသော လီယိုနာဒိုဒီကာပရီယို၏ လော့စ်အိန်ဂျလိနေအိမ် ၀ယ်လက်ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
နေအိမ်များဆက်တိုက် ရောင်းချလျက်ရှိသော လီယိုနာဒိုဒီကာပရီယို၏ လော့စ်အိန်ဂျလိနေအိမ် ၀ယ်လက်ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service