တရုတ်အိမ်ခြံမြေဈေးကွက် နိုဝင်ဘာတွင် ဆက်လက်ကျဆင်းခဲ့ - Property News in Myanmar from iMyanmarHouse.com
756 Views

တရုတ်အိမ်ခြံမြေဈေးကွက် နိုဝင်ဘာတွင် ဆက်လက်ကျဆင်းခဲ့

ပြီးခဲ့သည့်နိုဝင်ဘာတွင် တရုတ်အဓိကမြို့ကြီးများ၌ တိုက်ခန်းများရောင်းချရမှုစုစုပေါင်း
ကြမ်းခင်းဧရိယာသည် ၂၁ လအတွင်း တစ်နှစ်ထက်တစ်နှစ် ပထမဆုံးအကြိမ် ကျဆင်းမှုနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြင့် တရုတ်အိမ်ခြံမြေဈေးကွက် ဆက်လက်ကျဆင်းခဲ့သည်။

နိုဝင်ဘာလက အဓိကမြို့ကြီး ၃၀ တွင် စတုရန်းမီတာ ၁၉ ဒသမ ၉ သန်းခန့် ရောင်းချခဲ့
ရပြီး ၎င်းသည် ယခင်နှစ်နိုဝင်ဘာအောက် ၄ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းE-house China R&D Institute အဖွဲ့အစည်းက စုဆောင်းထုတ်ပြန်ခဲ့သော အချက်အလက်များက ဖော်ပြနေသည်။

အောက်တိုဘာအောက် ၁၀ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဒုတိယတန်းစားနှင့်တတိယတန်းစားမြို့များတွင်လည်း အောက်တိုဘာအောက် ကျဆင်းခဲ့ကြသည်။

အာဏာပိုင်များက စီးပွားသမားများ၏ အိမ်ခြံမြေဈေးကွက်ဈေးကစားမှုကို ထိန်းချုပ်ရန်အိမ်ဝယ်ယူမှုနှင့် အိမ်ချေးငွေကန့်သတ်ချက်များ တင်ကျပ်မှုများ ပါဝင်သည့် စည်းမျဉ်း
တင်းကျပ်မှုများကို အောက်တိုဘာလနှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် ထို့သို့ကျဆင်းခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလတွင်လည်း ရှန်ဟိုင်းမြို့တွင် မြို့အစိုးရက အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရန်
ကြိုးပမ်းမှုအဖြစ် ပထမဆုံးအကြိမ်အိမ်ဝယ်ယူသူများ လက်ငင်းပေးချေရမည့် အနည်းဆုံးငွေပမာဏအား အိမ်တန်ဖိုး၏ ၃၅ ရာခိုင်နှုန်းအဖြစ် ယခင်ထက် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ခဲ့သည်။

ထို့ပြင် ပထမဆုံးအကြိမ်အိမ်ဝယ်ယူသူများဟူသည့် အသုံးအနှုန်းကိုလည်း ရှန်ဟိုင်းတွင်အိမ်တစ်ကြိမ်တစ်ခါမျှဝယ်ယူဖူးခြင်းမရှိသူဖြစ်ရမည့်အပြင်
နိုင်ငံတစ်ဝန်းရှိ မည်သည့်
ပုဂ္ဂလိကဘဏ် သို့မဟုတ် ပြည်သူ့အိုးအိမ်ရန်ပုံငွေအဖွဲ့အစည်းထံကမျှ အိမ်ဝယ်ယူမှုအတွက် ချေးငွေလျှောက်ထားဖူးသူမဟုတ်သူဟု စည်းမျဉ်းတိုးမြှင့်ကာ အဓိပ္ပါယ်သတ်
မှတ်လိုက်သည်။

ရှန်ဟိုင်းတွင် အိမ်တစ်အိမ်ပိုင်ဆိုင်ပြီးသူများ သို့မဟုတ် မပိုင်ဆိုင်
သေးသော်လည်း ထိုဘဏ်များ၊ အဖွဲ့အစည်းများထံမှ အိမ်ချေးငွေလျှောက်ထားသူဖူး
သူများအား ဒုတိယအကြိမ်အိမ်ဝယ်ယူသူအဖြစ် သတ်မှတ်လိုက်သည်။

ယင်းစည်းမျဉ်းများသည် နိုဝင်ဘာ ၂၉ ရက်မှစတင်အာဏာသက်ရောက်ပြီဖြစ်သည်။
ယင်းမူဝါဒများက ထိရောက်နေသည်ဖြစ်ရာ တစ်နှစ်ထက်တစ်နှစ်ကျဆင်းမှုသည်
ယခုဒီဇင်ဘာတွင်လည်း ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း E-house China R&D Institute၏ အကြီးတန်းသုတေသီ ယန်ယွဲ့ကျင်းက ပြောကြားခဲ့သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service