ဖိလစ်ပိုင်ကျွန်းများ စင်္ကာပူ၊ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့ကဲ့သို့ ဖြစ်လာမည်လား - Property News in Myanmar from iMyanmarHouse.com
2126 Views

ဖိလစ်ပိုင်ကျွန်းများ စင်္ကာပူ၊ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့ကဲ့သို့ ဖြစ်လာမည်လား

ဖိလစ်ပိုင်နိုင်ငံအတွက် ကာတာအိမ်ခြံမြေကုမ္ပဏီတစ်ခုတွင်
ကြီးမားသောအစီအစဉ်များ ရှိနေသည်။

ဖြူလွှသော သဲသောင်ပြင်ကမ်းရိုးတန်းများနှင့် သဘာဝရင်းမြစ်များစွာ တည်ရှိနေသည့်
ဖိလစ်ပိုင်သည် စီးပွားရေးပညာရှင်များအတွက် ပဟေဠိတစ်ပုဒ်ဖြစ်လာသည်။ ကျွန်း၇,၁၀၇ အရေအတွက်ပိုင်ဆိုင်သော်လည်း ယင်းအနက် တစ်ကျွန်းကမျှ ဟောင်ကောင်၊
စင်္ကာပူ၊ ထိုင်ဝမ်တို့ကဲ့သို့ စီးပွားရေးမတိုးတက်သနည်းဟူသည့် ပဟေဠိပုစ္ဆာထုတ်စရာဖြစ်နေသည်။

ကာတာနိုင်ငံအခြေစိုက် အိမ်ခြံမြေကုမ္ပဏီတစ်ခုက ယင်းမေးခွန်းကို ပြောင်းပြန်လှန်ရန်
ကြိုးပမ်းနေသည်။ Al Nitaq ကုမ္ပဏီသည် ဖိလစ်ပိုင်ရှိ ကျွန်းများကို ငှားရမ်းရန် အဆိုပြုကမ်းလှမ်းနေကြောင်း ဖိလစ်ပိုင်စီးပွားရေးဇုန်အာဏာပိုင်အဖွဲ့ Philippine Economic
Zone Authority (PEZA) က Gulf News သတင်းဌာနသို့ ပြီးခဲ့သည့်သီတင်းပတ်
(နိုဝင်ဘာ ၂၈)တွင် ပြောကြားခဲ့သည်။

"ကာတာဘုရင်က ကျွန်တော်တို့ဖိလစ်ပိုင်စီးပွားရေးအင်အားကောင်းကောင်းနဲ့ ဖွံ့ဖြိုးတိုး
တက်စေဖို့အတွက် Al Nitaq ကုမ္ပဏီကို တွန်းအားပေးနေပါတယ်" ဟု PEZA ၏ ညွှန်ကြားရေးမှူးချုပ် ချရစ်တိုပလာဇာက ပြောကြားခဲ့သည်။

နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအတွက် အငှားချရန် သင့်လျော်သည့် ကျွန်းများကိုအမျိုးသားမြေပုံနှင့် ရင်းမြစ်သတင်းအချက်အလက်အာဏာပိုင်အဖွဲ့ National
Mapping and Resource Information Authority (NAMRIA) သတ်မှတ်မည်ဖြစ်သည်။

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ဖိလစ်ပိုင်ကျွန်းများကို နိုင်ငံခြားအဖွဲ့အစည်းများ
သို့ အငှားချရန် ယခုနှစ်အစောပိုင်းကတည်းက ကြေညာခဲ့ပြီးဖြစ်သည်။ "ကျွန်တော်တို့မြေကို စစ်အခြေစိုက်စခန်းတွေအတွက်တောင် အငှားချနိုင်ရန် ဟောင်ကောင်၊ ထိုင်ဝမ်၊
စင်္ကာပူတို့လိုမျိုးကျွန်တော်တို့ကိုယ်ပိုင်ကမ္ဘာ့ထိပ်တန်းမြေဖြစ်လာဖို့အတွက်
လည်းဘာလို့အငှားမချနိုင်ရမှာလဲ" ဟု သူက ပြောကြားခဲ့သည်။

"အလုပ်အကိုင်တွေလည်း
ပေါလာမယ်။ နိုင်ငံခြားသွားပြီးအလုပ်လုပ်ချင်သေးသပဆို ဒါကိုယ့်အခွင့်အရေးပဲ။ စား
ဝတ်နေရေးအတွက် သွားမှဖြစ်မယ်ဆိုတာမျိုး ရှိမှာမဟုတ်တော့ဘူး" ဟုလည်း သူကပြောကြားခဲ့သည်။

ထို့အပြင် အငှားချခြင်းဖြစ်သဖြင့် နိုင်ငံအတွက် ၀င်ငွေတိုးမည်ဖြစ်ကြောင်းလည်း သူက
ပြောကြားခဲ့သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
ဖိလစ်ပိုင်ကျွန်းများ စင်္ကာပူ၊ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့ကဲ့သို့ ဖြစ်လာမည်လား - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service