စိန်ခေါ်နေတဲ့ ဒေါ်လာ - Property News in Myanmar from iMyanmarHouse.com
1598 Views

စိန်ခေါ်နေတဲ့ ဒေါ်လာ

ခေါင်းစဉ်တွင် ‘ စိန်ခေါ်နေ တဲ့ဒေါ်လာ’ ဟုတပ်ထားသော်လည်းလက်ရှိကြုံတွေ့နေရသည့် အခြေအနေမှာ ဒေါ်လာသည် မြန်မာ့စီးပွားရေးကို စိန်ခေါ် အဆင့်ထက် များစွာကျော်လွန် လျက် လက်တွေ့ကျကျ အခက် အခဲများပေးနေသည့် အနေအ ထားသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ဒေါ်လာဈေး၏ စိန်ခေါ်ခြင်းခံရ သည့် မြန်မာ့စီးပွားရေးအဆောက် အအုံအတွင်း အခက်အခဲများ၊ အကျပ်အတည်းများ ရှိလာနေ သည့်တိုင် ဥပဒေအရဖြစ်စေ၊ သီ အိုရီအရဖြစ်စေ တာဝန်ရှိသည့် ဌာနများ၊ အဖွဲ့အစည်းများ၏ တုံ့ပြန်မှုအခြေအနေမှာမူ မထုံ တက်သေး ဖြစ်နေသည်ဟု ခံစား ရ၏။ ဖြစ်လာသော အခြေအနေ ကို တုံ့ပြန်နိုင်စွမ်း မရှိတော့၍ ဖြစ် သမျှအကြောင်း အကောင်းဟု သဘောပိုက်၍ နှမလက်လျှော့ နေလေသလော။

အစီအမံဖြင့်ထားသော နှုန်း ရှင်စနစ် (managed floating system)ကို စတင်ကျင့်သုံးသည့် အချိန် ၂၀၁၂ ခုနှစ် ဧပြီမှစ၍ ကျပ်-ဒေါ်လာလဲလှယ်နှုန်းသည် အချိန်နှင့်အမျှ အတက်အကျများ စွာ ဖြစ်ခဲ့သည်ဟု ဆိုနိုင်သော် လည်း အကျထက် အတက်ဘက် သို့သာ ပိုမိုအကြိမ်ရေများခဲ့သည်။ မြင့်တက် တက်ခဲ့ပြီးနောက်တွင် လည်း ပြန်လည်ကျဆင်းလာသည့် အခါ မူလကရှိခဲ့သည့် ဈေးနှုန်း အဆင့်သို့ ပြန်လည်ရောက်ရှိခြင်း မရှိတတ်ပေ။ လေးနှစ်ကျော် အချိန်ကာလအတွင်း ၂၀၁၅ ဒီဇင်ဘာတွင် တစ်ဒေါ်လာလျှင် ဈေးနှုန်း ၁,၃၀၀ ခန့်အထိ အမြင့်ဆုံး ရောက်ခဲ့သည်။

ထို အခြေအနေအလွန်တွင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီး၏ ရလဒ်မှပေးသည့် အစိုးရသစ် တာဝန်ယူမည့် သတင်းနှင့်အတူ ဒေါ်လာဈေး မြင့်တက်မှုအရှိန် လျော့သွားခဲ့သည်ကို သတိပြုမိ သည်။ ၂၀၁၆ ဖေဖော်ဝါရီလ ဒုတိယအကြိမ် လွှတ်တော်များ စတင်ချိန်တွင် တဖြည်းဖြည်းပြန် လည်ကျဆင်းလာခဲ့သည့်ကျပ်- ဒေါ်လာ လဲလှယ်နှုန်းသည် အစိုး ရသစ် နိုင်ငံ့တာဝန်ယူသည့် ဧပြီ လ၊ ထို့နောက် ရက်တစ်ရာစီမံ ချက်အမည်တပ်ထားသော အချိန်ကာလများအထိ အတက် အကျ အနည်းငယ်ရှိသည့်တိုင် ဆက်လက် ကျဆင်းနေခဲ့သည်။ သို့သော် ထိုအခြေအနေသည် ရက်တစ်ရာကာလအလွန် သြ ဂုတ် ဒုတိယပတ်မှ ပြောင်းလဲသွား ခဲ့သည်။

ဒေါ်လာဈေးနှုန်းသည် အောက်တိုဘာ တစ်လလုံး မြင့် တက်နေခဲ့၏။ မြင့်တက်နေသည့် အနေအထားမှာ နိုဝင်ဘာအစ တွင် အနည်းငယ် အရှိန်လျော့ သွားခဲ့သော်လည်း ဒေါ်လာငွေ ကြေး မိခင်နိုင်ငံ အမေရိကန်နိုင်ငံ ၏ သမ္မတရွေးကောက်ပွဲ၌ အများ မထင်ထားသော သူဌေးကြီး ဒေါ်နယ်ထရန့် အနိုင်ရသွား ချိန် နောက်ပိုင်း ပြန်လည်မြင့်တက် လာခဲ့သည်။ နိုဝင်ဘာ ဒုတိယ ပတ်တွင် ပြီးခဲ့သည့် ၂၀၁၅အကုန် ၌ စံချိန်တင်ဖြစ်ခဲ့သော တစ်ဒေါ် လာ ကျပ် ၁,၃၀၀ ဝန်းကျင်အထိ ပြန်လည် ရောက်ရှိလာခဲ့သည်။ ဆက်တိုက် တက်လာသော ဒေါ် လာဈေးသည် ထိုအခြေအနေတွင် မရပ်နိုင်သေးပေ။ ပထမအစိုးရလက်ထက် ကုန်ခါနီးကအမြင့်ဆုံး မြင့်တက်ခဲ့သော အဆင့်ထက် များစွာ ကျော်လွန်သွားခဲ့ပြီဖြစ်လေသည်။


Credit:7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service