ဒေါ်လာဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၆၇၀၀၀ အထိရောက်ရှိ - Property News in Myanmar from iMyanmarHouse.com
1712 Views

ဒေါ်လာဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၆၇၀၀၀ အထိရောက်ရှိ

နိုဝင်ဘာ ၂၉ ရက်၌ ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စ ဒေါ်လာ ၁၂၀၀ အောက်တွင် ဆက်ရှိနေပြီး ဒေါ်လာဈေး မြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၆၇၀၀၀ အထိ ရောက်ရှိလာကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

နိုဝင်ဘာ ၂၅ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၁၇၇ ဒေါ်လာအထိ ထိုးဆင်းသွားခဲ့ပြီးနောက် နိုဝင်ဘာ ၂၈ ရက်၌ ၁၁၉၇ ဒေါ်လာ အထိပြန်လည်မြင့်တက်ခဲ့သည်။ နိုဝင်ဘာ ၂၉ ရက်တွင် ဒေါ်လာဈေးမာလာပြီး ကမ္ဘာ့ရွှေဈေး အားပျော့လာရာ ၁၁၈၉ ဒေါ်လာအထိ ပြန်လည်ကျဆင်းခဲ့သည်။ ကမ္ဘာ့ရွှေဈေးနှုန်းသည် နိုဝင်ဘာ ၉ ရက်တွင် ၁၃၃၇ ဒေါ်လာအထိ မြင့်တက်နေရာမှ ဆက်တိုက်ကျဆင်းခဲ့ရာ နိုဝင်ဘာ ၂၀ ရက်တွင် ၁၂၀၇ ဒေါ်လာ၊ နိုဝင်ဘာ ၂၄ ရက် တွင် ၁၁၈၆ ဒေါ်လာ၊ နိုဝင်ဘာ ၂၅ ရက်တွင် ၁၁၇၇ ဒေါ်လာအထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။


ကမ္ဘာ့ရွှေဈေး ကျဆင်းနေသော်လည်း ပြည်တွင်းဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ထိုးမဆင်းခြင်းဖြစ်ကြောင်း သိရသည်။ ပြည်တွင်းဈေးကွက်၌ နိုဝင်ဘာ ၉ ရက်တွင် ကျပ် ၈၉၉၂၀၀ အထိ ရောက်ရှိခဲ့သော ရွှေဈေးနှုန်းသည် ကမ္ဘာ့ရွှေဈေးကျဆင်းသော်လည်း ဒေါ်လာဈေး မာနေခြင်းကြောင့် နိုဝင်ဘာ ၁၀ ရက်တွင် ကျပ် ၈၈၄၅၀၀၊ နိုဝင်ဘာ ၁၁ ရက်တွင် ကျပ် ၈၇၄၂၀၀၊ နိုဝင်ဘာ ၁၂ နှင့် ၁၃ ရက်တွင် ကျပ် ၈၆၁၄၀၀-၈၆၂၀၀၀ ကြား၊ နိုဝင်ဘာ ၁၄ ရက်တွင် ကျပ် ၈၅၅၁၀၀ အထိ ဆက်တိုက်ကျဆင်းခဲ့သည်။

နိုဝင်ဘာ ၁၉ ရက်မှစပြီး ဒေါ်လာဈေး တက်ရိပ်ပြမှုကြောင့် နိုဝင်ဘာ ၁၉ ရက်တွင် ကျပ် ၈၅၉၃၀၀၊ နိုဝင်ဘာ ၂၀ ရက်တွင် ကျပ် ၈၆၁၃၀၀၊ နိုဝင်ဘာ ၂၁ ရက်တွင် ကျပ် ၈၆၉၀၀၀၊ နိုဝင်ဘာ ၂၂ ရက်နံနက်ပိုင်းတွင် ဒေါ်လာဈေး ဆက်လက်မြင့်တက်မှုကြောင့် ကျပ် ၈၇၂၅၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ကျပ် ၈၇၅၀၀၀ အထိ မြင့်တက်ခဲ့သည်။

နိုဝင်ဘာ ၂၃ ရက်၌ ဒေါ်လာဈေး ကျဆင်းမှုကြောင့် ကျပ် ၈၆၄၂၀၀ အထိ ပြန်ကျခဲ့ပြီး နိုဝင်ဘာ ၂၄ ရက်တွင် ကျပ် ၈၅၈၀၀၀ အထိ ဆက်လက်ကျဆင်းခဲ့သည်။ နိုဝင်ဘာ ၂၅ ရက်တွင် ကမ္ဘာ့ရွှေဈေး အနည်းငယ်ပြန်တက် လာသောကြောင့် ကျပ် ၈၅၉၂၀၀ အထိမြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၂၆ ရက်တွင် ကျပ် ၈၅၈၇၀၀၊ နိုဝင်ဘာ ၂၇ ရက်တွင် ကျပ် ၈၅၈၉၀၀၊ နိုဝင်ဘာ ၂၈ ရက်တွင် ကျပ် ၈၆၄၁၀၀၊ နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ကျပ် ၈၆၃၈၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး ကျပ် ၈၆၇၀၀၀ အထိ မြင့်တက်ခဲ့ကာ မွန်းလွဲ ၃ နာရီခန့်တွင် ကျပ် ၈၆၅၉၀၀ အထိ ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။


Credit:Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service