တန်ဖိုးနည်းအိမ်ရာ အခန်းများ အစဉ်လိုက်ရောင်းချသွားမည် - Property News in Myanmar from iMyanmarHouse.com
2123 Views

တန်ဖိုးနည်းအိမ်ရာ အခန်းများ အစဉ်လိုက်ရောင်းချသွားမည်

ရက် ၁၀ဝ စီမံချက်နဲ့ ဆောက်လုပ် အကောင်အထည်ဖော် ရောင်းချသွားမယ့် တန်ဖိုးနည်းအိမ်ရာ လျှောက်ထားခွင့် ရရှိတဲ့ ဘဏ်ကစာရင်း ထုတ်ပြန်ထားတဲ့ သူတွေကို နံပါတ်အစဉ် အတိုင်းဝယ်ယူခွင့်ပေးသွားမှာ ဖြစ်တယ် လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ဆောက်လုပ်ရေးနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဘဏ်မှာ သတ်မှတ်ထားတဲ့ စုဆောင်းငွေ ပြည့်မီတဲ့သူတွေကို ဝယ်ယူခွင့် ပေးထားတာ၊အခု ရောင်းမယ့် အခန်းတွေကို ဝယ်ယူခွင့် ရရှိတဲ့ သူထဲက လျှောက်လွှာလာ တင်တဲ့ သူ တွေကို မဲမနှိုက်ဘဲ အစဉ်လိုက် ရောင်းချပေးမယ်၊ အခုတစ်ပိုင်းမှာ ဝယ် လို့ မရ သေးတဲ့ သူတွေကို အခုဆောက်နေ တဲ့ နောက်နှစ် မှာ ပြီးမယ့် အိမ်ခန်းတွေကို တစ်ခါတည်း ရောင်းသွားပေးမှာ”လို့  မြို့ ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန် ရှိသူ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေး ဦးစီးဌာနက ဒဂုံဆိပ်ကမ်းနဲ့ လှိုင်သာယာမြို့နယ် တွေမှာ ဆောက်လုပ် အ ကောင်အထည်ဖော် ပြီးစီးနေတဲ့ ရွှေလင် ပန်း အိမ်ရာ၊ ကနောင်အိမ်ရာနဲ့ ယုဇနအိမ်ရာ တွေကို ရောင်းချပေးမှာ ဖြစ်ပါတယ်။ လက် ရှိမှာတော့ အခန်းပေါင်း ၆၀ဝ ကျော် ကို ရောင်းချမှာ ဖြစ်ပြီး ဝယ်ယူခွင့်ရရှိထားတဲ့ ဘဏ်မှာ ငွေစုဆောင်းထားသူ ၁၃၁၁ ယောက်ကို  အစဉ်လိုက်အတိုင်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

အခန်းအကျယ်နဲ့ ပုံစံတွေကတော့ ၁၈ ပေ x ၂၆ ပေ ခြောက်ခန်းတွဲ လေးထပ်နဲ့ ၂၂ ပေ ပတ်လည် ရှစ်ခန်းတွဲ လေးထပ် အဆောက်အအုံတွေ ဖြစ်ပါတယ်။  အခန်း ဈေး နှုန်းတွေကတော့ ကျပ်သိန်း ၁၀ဝ ဝန်းကျင် ကနေ ကျပ်သိန်း ၁၂၀ ဝန်းကျင်လောက် အထိ အခန်းတွေကို ရောင်းချသွားမှာ ဖြစ်ပါတယ်။ လျှောက် လွှာပုံစံလေးမျိုးနဲ့ ရောင်း ချသွားမှာ ဖြစ်ပြီး ပြည်သူ၊ အစိုးရဝန်ထမ်း၊ ကုမဏီဝန်ထမ်းနဲ့ ပင်စင်စားဆို ပြီး ခွဲခြားထားပါတယ်။ အခန်းဝယ် ယူခွင့် လျှောက် လွှာ လျှောက် ထားခွင့် ရရှိသူတွေကို ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ ဖြိုး ရေး ဘဏ် က ပြီးခဲ့တဲ့ ၃၁-၁၀-၂၀၁၆ ရက် စွဲနောက်ဆုံးထား ငွေစုဆောင်းထား သူတွေကို ထုတ်ပြန်ခဲ့တာဖြစ်လို့ ယခုလ အတွင်းမှာ အခန်းတန်ဖိုး ၃၀ ရာခိုင်နှုန်း လာရောက် ပေးသွင်းထား သူတွေကို နောက်နှစ်နှစ် အတွင်း အပြီး ဆောက် လုပ် မယ့် အိမ်ရာတွေ ရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်။

‘လျှောက်လွှာတွေကို ဝယ်ယူခွင့် ရရှိတဲ့သူတွေက ပြန်ပြီး လျှောက်ထားရမယ်၊  အဲဒီမှာ ကိုယ်လိုချင်တဲ့ အခန်းနေရာကို လိပ်မူပြီး လျှောက်လို့ရမယ်၊ အထောက်အ ထားပြည့်မီတဲ့ သူတွေကိုအစဉ်လိုက် ထုတ် ရောင်းသွားမှာ၊ ဝယ်ယူခွင့်ရတဲ့သူတွေ ဘက်က မဲနှိုက်တာမျိုး မဟုတ်ဘဲ တစ်ခါ တည်း ဝယ်လို့ ရတဲ့ ပုံစံဖြစ်အောင် စီစဉ် ထား တယ်˘ လို့ မြို့ ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန် ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦး စီးဌာနက လှိုင်သာယာမြို့နယ်အတွင်း ကျန်စစ်မင်းအိမ်ရာနဲ့ သန်လျင်စီးပွားရေးဇုန်အနီးက တန်ဖိုးနည်းအိမ်ရာတွေကို ဆောက်လုပ်အကောင်ထည် ဖော်ဖို့ တင် ဒါ ခေါ်ယူထားပါတယ်။ အဲသည် အိမ်ရာတွေကိုတော့ လာမယ့် ၂၀၁၇ ခုနှစ် ပွင့်လင်းရာသီအတွင်းမှာ စတင်ဆောက်လုပ် အ ကောင်အထည်ဖော်သွားမှာ ဖြစ်ပြီး၊ တန်ဖိုးနည်းအိမ်ရာပေါင်း အခန်း ၈၀ဝ၀ အပြင် တန်ဖိုးမြင့် အိမ်ရာတွေကိုလည်း ပူးတွဲ တည် ဆောက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


Credit:Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service