ဒေါ်လာဈေး ကျပ် ၁၃၄၀ ကျော်တွင် ဆက်ရှိနေပြီး ပြည်တွင်းရွှေဈေး ကျပ် ၈၅၇၀၀၀ အထက်ရှိနေ - Property News in Myanmar from iMyanmarHouse.com
3327 Views

ဒေါ်လာဈေး ကျပ် ၁၃၄၀ ကျော်တွင် ဆက်ရှိနေပြီး ပြည်တွင်းရွှေဈေး ကျပ် ၈၅၇၀၀၀ အထက်ရှိနေ

ဒေါ်လာဈေးနှုန်းသည် ငါးရက်ဆက်တိုက် ကျပ် ၁၃၄၀ ကျော်တွင် ဆက်လက်ရှိနေပြီး ကမ္ဘာ့ရွှေဈေး ကျသော်လည်း နိုင်ငံခြားငွေလဲနှုန်း မြင့်တက်မှုကြောင့် ပြည်တွင်း ရွှေဈေး ကျပ် ၈၅၇၀၀၀ အထက်တွင် တည်ရှိနေကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေး နှင့် ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ဒေါ်လာဈေး မာနေခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် နိုဝင်ဘာ ၁၀ ရက်နောက်ပိုင်း နိုင်ငံခြားငွေလဲနှုန်း ဆက်တိုက်မြင့်တက်ခဲ့ရာ နိုဝင်ဘာ ၂၂ ရက်တွင် ကိုးနှစ်အတွင်း စံချိန်တင်နှုန်းထား ဖြစ်ပေါ်ခဲ့ပြီးနောက် နိုဝင်ဘာ ၂၃ ရက်တွင် အနည်းငယ် ပြန်လည်ကျဆင်းခဲ့သည်။ နိုဝင်ဘာ ၁၀ ရက်တွင် ၁၂၉၃ ကျပ်သာ ရှိရာမှ နိုဝင်ဘာ ၁၃ ရက်တွင် ၁၃၀၂ ကျပ်အထိဖြစ်ပေါ်ခဲ့ကာ နိုဝင်ဘာ ၁၆ ရက် တွင်ကျပ် ၁၃၁၀ အထိ ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် ဒေါ်လာဈေး ဆက်လက်မြင့်တက်ခဲ့ရာ နိုဝင်ဘာ ၁၇ ရက်တွင် ၁၃၁၆ ကျပ်၊ နိုဝင်ဘာ ၁၈ ရက်တွင် ၁၃၂၂ ကျပ်၊ နိုဝင်ဘာ ၁၉ ရက်တွင် ၁၃၂၃ ကျပ်၊ နိုဝင်ဘာ ၂၀ ရက် တွင် ၁၃၂၄ ကျပ်၊ နိုဝင်ဘာ ၂၁ ရက်တွင် ၁၃၃၈ ကျပ်၊ နိုဝင်ဘာ ၂၂ ရက် တွင် ၁၃၅၄ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။ နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းတွင် ကျပ် ၁၃၄၀ အထိ ကျဆင်းခဲ့ သော်လည်း နိုဝင်ဘာ ၂၄ ရက်တွင် ကမ္ဘာ့ဈေး ကွက်အတွင်း ဒေါ်လာတန်ဖိုး မြင့်တက်မှုကြောင့် ၁၃၄၅ ကျပ်အထိ မြင့်တက်လာခဲ့ပြီး နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းတွင် ၁၃၄၇ ကျပ် အထိ ဆက်လက်မြင့်တက်ခဲ့သည်။ နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ၁၃၄၆ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ၁၃၄၅ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဈေးကွက်တွင် ရွှေဈေးကျဆင်း နေသော်လည်း ဒေါ်လာဈေး မာနေခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည် ကျပ် ၈၅၇၀၀၀ ကျော်တွင် ဆက်လက်တည်ရှိနေသည်။ နိုဝင်ဘာ ၂၅ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စ ၁၁၇၇ ဒေါ်လာအထိ ထိုးဆင်းသွားခဲ့သော်လည်း ညနေပိုင်းဈေးပိတ်ချိန်တွင် ၁၁၈၃ ဒေါ်လာအထိ ပြန်တက်လာခဲ့သည်။ နိုဝင်ဘာ ၂၅ ရက်တွင် ကမ္ဘာ့ရွှေဈေး ကျဆင်းမှုကြောင့် ပြည်တွင်းဈေးကွက်၌ နံနက်ပိုင်းတွင် ကျပ် ၈၅၅၃၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ကျပ် ၈၅၉၂၀၀ အထိ ပြန်တက်ခဲ့သည်။ နိုဝင်ဘာ ၂၆ ရက်တွင် ကျပ် ၈၅၇၀၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ကျပ် ၈၅၇၈၀၀ အထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service