ရန်ကုန်၊ ပုသိမ်လမ်းမပေါ်ရှိ ပလက်တီနမ်ပုသိမ် ဘက်စုံသုံး လူနေရပ်ဝန်းစီမံကိန်း စတင်ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
1233 Views

ရန်ကုန်၊ ပုသိမ်လမ်းမပေါ်ရှိ ပလက်တီနမ်ပုသိမ် ဘက်စုံသုံး လူနေရပ်ဝန်းစီမံကိန်း စတင်ဆောက်လုပ်

ပြည်တွင်း ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု ဖြစ်သည့် May Bay H & Co Ltd ကုမ္ပဏီက
ရန်ကုန်၊ ပုသိမ်လမ်းမကြီးပေါ်တွင် ရန်ကုန် မြို့မှ ချောင်းသာနှင့် ငွေဆောင်ကမ်းခြေ များသို့
သွားမည့် ခရီးသွားများ အပန်းဖြေ နားစခန်းတစ်ခုအဖြစ် ရည်ရွယ်၍ ပလက် တီနမ်ပုသိမ်
(Platinum Pathein Mixed- Use Project) အမည်ရှိ ဘက်စုံသုံး လူနေ ရပ်ဝန်းစီမံကိန်းကို
စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း ကုမ္ပဏီက ပြီးခဲ့သည့်အပတ်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါစီမံကိန်း ပထမပိုင်းအဖြစ် ပလက်တီနမ်ပလာဇာ၊ ကြယ်သုံးပွင့် အဆင့်ရှိ ဟိုတယ်နှင့်
လူနေအပန်းဖြေအိမ် များကို ပါဝင်မည်ဖြစ်ပြီး စတင်ဆောက် လုပ်နေပြီဖြစ်ကာ ပလာဇာ
အဆောက် အအုံသည် လာမည့် ၂၀၁၇ ဇွန်လတွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်း ဒုတိယပိုင်းတွင် ရန်ကုန်မှ ငွေဆောင်နှင့် ချောင်းသာသို့သွားရန် လမ်းတွင်
ခရီးတစ်ထောက်နားသည့်စခန်း အဖြစ် စားသောက်ဆိုင်တန်းများကို ဖွင့် လှစ်မည်ဖြစ်ပြီး
ဓာတ်ဆီဆိုင်များနှင့် ကား ၀ပ်ရှော့များလည်း ပါဝင်မည်ဖြစ်သည်။

"ငွေဆောင်၊ ချောင်းသာဆိုတာ မြန်မာ နိုင်ငံမှာ အသွားအများဆုံး ကမ်းခြေတွေ ဖြစ်ပါတယ်။
ခရီးသွားအများစုက ကမ်းခြေ ဟိုတယ်တွေကို တည်းဖို့ သတ်မှတ်ထားတဲ့ အချိန် (Check-in)
အချိန်မတိုင်ခင် ရောက် လေ့ရှိကြတယ်။ ဒါကြောင့် ဒီစီမံကိန်းမှာ တစ်ထောက်နားပြီးမှ
အချိန်ကိုက်သွားရင် ပိုပြီးအဆင်ပြေနိုင်တဲ့အတွက် ဒီစီမံကိန်းကို အကောင်အထည်ဖော်တာဖြစ်ပါ
တယ်"ဟု ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ဝင်းဝင်းခိုင်က ပြောသည်။

ယခင်စီမံကိန်းဒီဇိုင်းအရ ပလက် တီနမ်စီမံကိန်းကြီးထဲတွင် တိုက်ခန်းတွဲ များ၊ ၀န်ဆောင်မှုပါသည့်
လူနေတိုက်ခန်း များ ထည့်သွင်းတည်ဆောက်ရန် လျာထား ခဲ့သော်လည်း ဒေသခံများက လုံးချင်း
အိမ်များနှင့် ဆိုင်ခန်းများဖွင့်လှစ်ရန်ကို သာ ပိုမိုတောင်းဆိုသည့်အတွက်ကြောင့် ကုမ္ပဏီမှ
ယခုအစီအစဉ်ကို ဒီဇိုင်းပြောင်း လဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် အဆိုပါ ပလက်တီနမ်စီမံကိန်း တွင်ပါဝင်မည့် ပလာဇာတွင် ဖက်ရှင်ဆိုင် များ၊
စူပါမားကက်များပါဝင်သည့်အတွက် ခရီးသွားပြည်သူများအပြင် ပုသိမ်မြို့နေ ဒေသခံများ
အတွက်ပါ အပန်းဖြေလည် ပတ်စရာတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ ဟိုတယ်တွင်လည်း
လူ ၅၀၀ ဆံ့ ခန်းမ ကြီးများ ပါဝင်မည်ဖြစ်သောကြောင့် ဒေသခံများ ဧည့်ခံပွဲများကို ကျင်းပ
နိုင်ရန် နေရာရရှိလာမည်ဖြစ်ကြောင်း သိရသည်။

ပလက်တီနမ် ပုသိမ်စီမံကိန်းသည် ငွေဆောင်၊ ချောင်းသာကမ်းခြေများသို့ သွားသည့်
လမ်းဆုံးအနီးတွင်ဖြစ်ပြီး ကမ်း ခြေများမှ ကားဖြင့် ၄၅ မိနစ်ခန့် ခရီးအကွာ တွင်ရှိကြောင်း
ကုမ္ပဏီက သတင်းထုတ် ပြန်ထားသည်။

စီမံကိန်းအကျယ်အ၀န်းမှာ ၁၈ ဧကခန့် ရှိပြီး သက်ဆိုင်ရာ အစိုးရဌာနများမှ စီမံကိန်း
အသေးစိတ်အစီအစဉ်အား ခွင့်ပြု ချက်ရရှိထားပြီးဖြစ်ကြောင်းသိရသည်။


Credit:Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service