တိုက်တန်းနစ်သင်္ဘောကြီး၏ လန်ဒန်ရုံးခန်းပြုလုပ်ခဲ့ရာ အဆောက်အအုံကြီးကို ဇိမ်ခံလူနေအဆောက်အအုံအဖြစ်ပြောင်းလဲ - Property News in Myanmar from iMyanmarHouse.com
1632 Views

တိုက်တန်းနစ်သင်္ဘောကြီး၏ လန်ဒန်ရုံးခန်းပြုလုပ်ခဲ့ရာ အဆောက်အအုံကြီးကို ဇိမ်ခံလူနေအဆောက်အအုံအဖြစ်ပြောင်းလဲ

တိုက်တန်းနစ်သင်္ဘောကြီး၏ လန်ဒန်ရုံးခန်းပြုလုပ်ခဲ့ရာ အဆောက်အအုံကြီးကို ဇိမ်ခံလူနေအဆောက်အအုံအဖြစ် ပြောင်းလဲလိုက်ပြီဖြစ်ပြီး သမိုင်းဝင်အဆောက်အအုံများကို ၀ယ်ယူလိုသည့်ဝယ်လက်များအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆောက်အအုံတည်နေရာမှာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ ကွတ်ခ်စပါးလမ်း၊ အမှတ် ၁ တွင် ဖြစ်သည်။မူလအဆောက်အအုံကို ပြုပြင်ကာ ဇိမ်ခံလူနေခန်း ၆ခန်းနှင့်penthouse နှစ်ထပ်အဆောက်အအုံတစ်လုံးအဖြစ်
ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

အဆောက်အအုံသက်တမ်း နှစ်ပေါင်း ၁၁၀ အကြာတွင် ယခုကဲ့သို့ ပြုပြင်ပြောင်းလဲလိုက်ခြင်းဖြစ်သည်။
တန်ဖိုးကြီး ဇိမ်ခံလူနေခန်း ၆ ခန်းအနက် ၄ ခန်းကို အိပ်ခန်းနှစ်ခန်းပါ အခန်းများအဖြစ် ပြောင်းလဲလိုက်ပြီး ၂ ခန်းကိုမူ အိပ်ခန်း ၃ ခန်းပါ အခန်းများအဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

penthouse နှစ်ထပ်အဆောက်အအုံတွင်မူ အိပ်ခန်း ၄ ခန်း ထည့်သွင်းထားသည်။နေအိမ်ခန်းတို့၏ အကျယ်အ၀န်းမှာ စတုရန်းပေ
၁၆၇၉ မှ ၅၄၄၇ ပေ အကြား အမျိုးမျိုး ရှိကြသည်။
ရောင်းချမည့် ဈေးနှုန်းမှာမူ မြင့်မားလှပြီး ပေါင် ၅ ဒသမ ၂၆၅ သန်း (ကန်ဒေါ်လာ ၆ ဒသမ ၅ သန်း) မှ ပေါင် ၂၅ သန်းကျော် (ကန်ဒေါ်လာ ၃၁ သန်းကျော်) အထိ ဈေးခေါ်ရောင်းချမည်ဟု ဆိုသည်။

တိုက်တန်းနစ်သင်္ဘောကြီးသည် ၁၉၁၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်တွင် နစ်မြှုပ်ခဲ့ခြင်းဖြစ်ပြီး လူပေါင်း ၁၅၀၀ ကျော် သေဆုံးခဲ့ရသည်။
ယခုအဆောက်အအုံကြီး၏ အမည်မှာ Oceanic House ဖြစ်ပြီး White Star သင်္ဘောလိုင်း၏ လန်ဒန်ရုံးချုပ်အဖြစ် အသုံးပြုရန် ၁၉၀၃ ခုနှစ်မှ ၁၉၀၆ ခုနှစ်အကြား တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

တိုက်တန်းနစ်သင်္ဘောကြီးတွင် စီးနင်းလိုက်ပါမည့် ခရီးသည်များသည် ယင်းအဆောက်အအုံကြီးတွင် လက်မှတ်ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်။
တိုက်တန်းနစ်သင်္ဘောကို အိုင်ယာလန်နိုင်ငံတွင် တည်ဆောက်ပြီး အင်္ဂလန်နိုင်ငံတောင်ပိုင်း၊ ဆောက်သမ်တန်မှ အမေရိကန်နိုင်ငံ၊ နယူးယောက်သို့ ဦးတည်ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တိုက်တန်းနစ်သင်္ဘောကြီး၏ လန်ဒန်ရုံးခန်းပြုလုပ်ခဲ့ရာ အဆောက်အအုံကြီးကို ဇိမ်ခံလူနေအဆောက်အအုံအဖြစ်ပြောင်းလဲ - Property News in Myanmar from iMyanmarHouse.com
တိုက်တန်းနစ်သင်္ဘောကြီး၏ လန်ဒန်ရုံးခန်းပြုလုပ်ခဲ့ရာ အဆောက်အအုံကြီးကို ဇိမ်ခံလူနေအဆောက်အအုံအဖြစ်ပြောင်းလဲ - Property News in Myanmar from iMyanmarHouse.com
တိုက်တန်းနစ်သင်္ဘောကြီး၏ လန်ဒန်ရုံးခန်းပြုလုပ်ခဲ့ရာ အဆောက်အအုံကြီးကို ဇိမ်ခံလူနေအဆောက်အအုံအဖြစ်ပြောင်းလဲ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service