ယခင်အစိုးရ လျာထားခဲ့သည့် လေးမျက်နှာ င၀န်မြစ်ကူးတံတား စီမံကိန်းကို လက်ရှိအစိုးရအနေဖြင့် အလျင်စလို မဆောင်ရွက်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ တင်ပြထားချိန်၌ စီမံကိန်းစတင - Property News in Myanmar from iMyanmarHouse.com
1737 Views

ယခင်အစိုးရ လျာထားခဲ့သည့် လေးမျက်နှာ င၀န်မြစ်ကူးတံတား စီမံကိန်းကို လက်ရှိအစိုးရအနေဖြင့် အလျင်စလို မဆောင်ရွက်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ တင်ပြထားချိန်၌ စီမံကိန်းစတင

ယခင်အစိုးရ လျာထားခဲ့သည့် လေးမျက်နှာ င၀န်မြစ်ကူးတံတား စီမံကိန်းကို လက်ရှိအစိုးရလက်ထက်၌ စတင်တည်ဆောက် နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားစီမံကိန်းကို အလျင်စလို မဆောင်ရွက်သင့်ကြောင်း လေးမျက်နှာ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် လေးဦးက ပြည်ထောင်စုဝန်ကြီးထံ တင်ပြထားချိန်တွင် ဆောက်လုပ်ရေး ၀န်ကြီးဌာနက တည်ဆောက်မှု စတင်ခဲ့ခြင်းဖြစ်သည်။


“အကြိုအင်ဂျင်နီယာ လုပ်ငန်းတွေ စနေပါပြီ။ ရေကြောင်းအခက်အခဲနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် တံတားတည်ဆောက်ရေး ပစ္စည်းတွေ ရောက်ဖို့တော့ အခက်အခဲရှိနေတယ်။ ပစ္စည်းစုံပြီဆိုရင် လုပ်ငန်းက မြန်ပါတယ်” ဟု တံတားအထူးအဖွဲ့ (၁၆) မှ ဒုတိယ ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်သစ်သစ်အောင်က ပြောကြားသည်။

စီမံကိန်းကာလ သုံးနှစ်သတ်မှတ်ထားသည့် အဆိုပါ တံတားစီမံကိန်းကို တံတားအထူးအဖွဲ့ (၁၆) က တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်တွင် ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ၃၀၀၀ သုံးစွဲမည်ဟု သိရသည်။

“ဒီတံတားစီမံကိန်းက ပြီးခဲ့တဲ့အစိုးရချထားတဲ့ ဘတ်ဂျက်အပေါ်မှာ လက်ရှိအစိုးရက အကောင်အထည် ဖော်ရတာ ဖြစ်ပါတယ်။ တံတားကြီး တည်ဆောက်မှုနဲ့ ပတ်သက်လို့ကတော့ ရေရှည်တည်တံ့ခိုင်မြဲဖို့နဲ့ နိုင်ငံတော်ဘဏ္ဍာငွေ အလေအလွင့် မဖြစ်ဖို့ကို ကိုယ့်တာဝန်ဘောင်ထဲကနေ စောင့်ကြည့်သွားမှာပါ” ဟု လေးမျက်နှာ မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်က ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးထံ လွှတ်တော်ကိုယ်စားလှယ်များက တင်ပြထားရာတွင် မိမိတို့ အစိုးရသစ်လက်ထက် လုပ်ဆောင်ခဲ့၊ ဆုံးဖြတ်ခဲ့သည့် အကြောင်းအရာများသည် နောင်တစ်ချိန်တွင် နောင်တရစေမည့် ဖြစ်ရပ်မျိုးကို လက်မခံနိုင်ကြောင်းကိုလည်း ထည့်သွင်းတင်ပြခဲ့သည်ဟု သိရသည်။

တံတားစီမံကိန်း ဆောင်ရွက်မည့်နေရာသည် မြစ်ကမ်းပါး မတည်ငြိမ်သဖြင့် မြို့လုံးကျွတ် ပြောင်းရွှေ့ထားရသည့် ဒေသဖြစ်ပြီး တံတားတည်ဆောက်မည့် နေရာ၏ အောက်ဘက် ပေ ၂၀၀၀ ခန့် အကွာတွင်လည်း အနော်ရထာမင်းကြီး လက်ထက်က တည်ထားခဲ့သည့် ရှေးဟောင်းဘုရားကြီးမှာလည်း ကမ်းပြိုမှုကြောင့် ပြိုကျလုနီးပါး ဖြစ်နေကြောင်း သိရသည်။

“မြစ်ကမ်းပါးပြိုမယ့် ကိစ္စတွေကို သေချာ နည်းစနစ်ကျနစွာ ကွင်းဆင်းတိုင်းတာ စိစစ်မှုတွေ လုပ်ထားပါတယ်။ ဒါကတော့ ပို့ဆက်ဝန်ကြီးဌာန အောက်မှာရှိတဲ့ မြစ်ချောင်းဖြိုးက တာဝန်ယူ လုပ်ဆောင်တာပါ။ ကင်းရှင်းကြောင်းကို Approve ရပြီးတော့မှ လုပ်တာ ဖြစ်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဆိုသည်။

လေးမျက်နှာမြို့နှင့် င၀န်မြစ်အနောက် ဘက်ကမ်းရှိ ပန်းတောကြီးဘက်သို့ ဆက်သွယ်တည်ဆောက်မည့် င၀န်မြစ်ကူးတံတား ပေအရှည်မှာ ၁၉၆၈ ဒသမ ၆ ပေရှိမည်ဖြစ်ပြီး အောက်ခံအုတ်မြစ်၊ တံတားကိုယ်ထည်ွ R.C Concrete၊ တံတားအပေါ်ထည် R.C Slab တံတား အမျိုးအစားဖြစ်ကြောင်း သိရသည်။


Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service