ပထမ ပုဂ္ဂလိကဘဏ်က ရှယ်ယာတစ်စုကို ကျပ်လေးသောင်းဝန်းကျင်ဖြင့် ရောင်းမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1826 Views

ပထမ ပုဂ္ဂလိကဘဏ်က ရှယ်ယာတစ်စုကို ကျပ်လေးသောင်းဝန်းကျင်ဖြင့် ရောင်းမည်ဟုဆို

ပထမပုဂ္ဂလိကဘဏ် (First Private Bank) က ဒီဇင်ဘာလကုန်တွင် အစုရှယ်ယာ တစ်စုကို ကျပ်လေးသောင်းဝန်းကျင်ဖြင့် ရန်ကုန်စတော့အိတ်ချိန်း၌ ရောင်းချမည် ဖြစ်ကြောင်း ယင်းဘဏ်ဥက္ကဋ္ဌ ဒေါက်တာစိန်မောင်က ပြောကြားသည်။

ရန်ကုန်စတော့အိတ်ချိန်းသို့ ဝင်ရောက်ရန် ယခုနှစ် အစောပိုင်း ကာလကပင် ပြင်ဆင်ခဲ့ပြီး ဒီဇင်ဘာလလယ်တွင် တရားဝင်လိုင်စင် ရရှိမည်ဟု ခန့်မှန်းထားသောကြောင့် လကုန်တွင် စတော့အရောင်းအဝယ် စလုပ်ရန် ပြင်ဆင်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“စတော့အိတ်ချိန်း မဝင်မီ လောလောဆယ် အစုရှယ်ယာဝယ်မယ် ဆိုရင်တော့ ဈေးသက်သာတယ်။ စတော့မှာတော့ အလားအလာကောင်းတဲ့ ကုမ္ပဏီမှာ အစုရှယ်ယာဝယ်တဲ့သူ များပြီး ဈေးက ဆက်တက်နေမှာပါ” ဟု ၎င်းက ဆိုသည်။

ပထမပုဂ္ဂလိကဘဏ်၏ လက်ရှိ အစုရှယ်ယာရောင်းဈေးမှာ တစ်စုလျှင် ကျပ်သုံးသောင်းနှစ်ထောင် ရှိပြီး ရန်ကုန်စတော့အိတ်ချိန်း စာရင်းတင်ရောင်းချမည့် အစုရှယ်ယာပမာဏမှာ ငါးသိန်းဝန်းကျင် ရှိကြောင်း ဒေါက်တာစိန်မောင်က ပြောကြားသည်။

ပထမပုဂ္ဂလိကဘဏ်သည် လက်ရှိအချိန်တွင် ဘဏ်မတည်ရင်းနှီးငွေမှာ ကျပ်သန်း ၇၄,၆၆၂ ဒသမ ၄၉ ရှိပြီး အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်းများ၊ မိုဘိုင်းလ်ဘဏ်လုပ်ငန်း ဖြစ်သော Mykyat နှင့် ပြည်တွင်းဘဏ်လုပ်ငန်နှင့် သက်ဆိုင်သော ဝန်ဆောင်မှုများ လုပ်ကိုင်လျက်ရှိသည့်ဘဏ် ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်စတော့အိတ်ချိန်း၌ FMI ကုမ္ပဏီ၊ မြန်မာသီလဝါ အထူးစီးပွားရေးဇုန် ဟိုးလ်ဒင်းအများပိုင် ကုမ္ပဏီ (MTSH) နှင့် မြန်မာနိုင်ငံသားများဘဏ် (MCB) တို့က နေ့စဉ်ရှယ်ယာ အရောင်းအဝယ် ပြုလုပ်လျက် ရှိသည်။


Credit:The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service