နေပြည်တော် အိမ်ခြံမြေ အငှားသွက်နေ - Property News in Myanmar from iMyanmarHouse.com
2427 Views

နေပြည်တော် အိမ်ခြံမြေ အငှားသွက်နေ

နေပြည်တော်အိမ်ခြံမြေဈေးကွက်က လက်ရှိမှာ အငှားသွက်နေတဲ့ အတွက် နေရာတော်တော်များများမှာ အိမ်အလွက်မရှိလောက်အောင် ဖြစ်နေပါတယ်။
နေပြည်တာ်၊မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု အသင်းအတွင်းရေးမှူးဦးကျော်စွာမြင့်က တချို့ငှားချင်ပေမယ့် အိမ်တွေကပြည့်နေပြီ နေရာတော်တော်များများမှာရှိတဲ့ အိမ်ငှားတွေမှာ အလွက်မရှိတော့ဘူးလို့ပြောတယ်။

နေပြည်တော်ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ ပွင့်လင်းရာသီရောက်ပြီဖြစ်တဲ့ အတွက် အရောင်းအ၀ယ်ရော အငှားပါ သွက်နေပါတယ်။အငှားမှာဆိုရင် ဇမ္ဗူသီရိမြို့နယ်၊ပုဗ္ဗသီရိမြို့နယ်၊ပေါင်းလောင်းရွှေကြာပင်ရပ်ကွက်နဲ့ သပြေကုန်းရပ်ကွက်တွေမှာဆိုရင် နေရာလွတ်မရှိလောက်တော့အောင် အိမ်ငှားတဲ့သူတွေ ပြည့်နေပြီဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။

အများဆုံးငှားတဲ့ သူတွေကတော့ ကုမ္ပဏီတွေဖြစ်ကြပြီး သုံးသိန်းပတ်ဝန်းကျင်ရှိ အိမ်တွေအငှားများတယ်။၁၀သိန်းဝန်းကျင်လောက်ရှိတဲ့ တစ်ထပ်တိုက်ပုံစံတွေကတော့ ငှားတဲ့သူအနည်းငယ်လောက်ပဲရှိပါတယ်။
မြန်မာနိုင်ငံအိမ်ခြံမြေ ၀န်ဆောင်မှုအသင်း (နေပြည်တော်)မှ အဖွဲ့ဝင်ဦးထွန်းထွန်းဝင်းက နေပြည်တော်ရဲ့အိမ့်ခြံမြေဈေးကွက်က အရောင်းအ၀ယ်သွက်တာ အပြင်အခုကြုံနေရတာက အငှားတွေများပြီးငှားစရာအိမ်မရှိတော့တာပဲ၊တော်တော်များများ ကြိုက်ကြတဲ့ နေရာတွေက အိမ်အငှားတွေကုန်နေပြီ ၊လက်ရှိဒါပဲအခက်ကြုံနေကြတယ်လို့ ပြောပါတယ်။

အရောင်းအ၀ယ်မှာဆိုရင်လည်း အဆောက်အအုံမပါတဲ့ မြေကွက်အလွက်တွေ အကြိုက်များပြီး (၆၀X၆၀)ပတ်လည်မြေကွက်တွေ အကြိုက်များနေတယ်လို့ သိရပါတယ်။မြေကွက်တွေ အရောင်းအ၀ယ်အဖြစ်ဆုံးကတော့ ဥတ္တရသီရိနဲ့ ဗ္ဗသီရိတို့ ဖြစ်ပြီး ကျပ်သိန်း ၂၀၀ကနေ သိန်း၁၀၀၀ ၀န်းကျင်အထိ အရောင်းအ၀ယ်ဖြစ်နေပါတယ်။

လေပြေအေးအိမ်ခြံမြေ ၀န်ဆောင်မှု လုပ်ငန်းပိုင်ရှင် ဒေါ်သဲမျိုးမျိုးထွေးက အများဆုံးအရောင်းအ၀ယ်ဖြစ်တာကတော့ သိန်း ၂၀၀ ကျော်၊၃၀၀ တန်လောက်ပါပဲ၊ဈေးမြင့်တာတွေ ကတော့ ပုံမှန်လောက်ပဲအရောင်းအ၀ယ်ဖြစ်တယ်၊အရင်လတွေကထက်တော့ နေပြည်တော်ရဲ့ အိမ်ခြံမြေဈေးကွက်က ရောင်းဝယ်ငှားအားလုံးသွက်ပါတယ်၊အငှားဆိုပိုသွက်တယ်လို့ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ နေပြည်တော်ရဲ့ အိမ်ခြံမြေဈေးကွက်က သင့်တင့်တဲ့ ဈေးနှုန်းတွေနဲ့ အရောင်းအ၀ယ်အငှားအားလုံး နီးပါးလောက်သွက်နေပြီး အငှားမှာဆိုရင်တော့ ငှားတဲ့သူတွေအနေနဲ့ ရွေးချယ်စရာနေရာ သိပ်မကျန်တော့ဘူးလို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။

Credit : The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service