ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရာတွင် မြေဈေးနှုန်း ကြီးမြင့်မှုမဖြစ်စေရန် အစိုးရကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်သွားမည် - Property News in Myanmar from iMyanmarHouse.com
2004 Views

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရာတွင် မြေဈေးနှုန်း ကြီးမြင့်မှုမဖြစ်စေရန် အစိုးရကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်သွားမည်

"ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်တဲ့အခါမှာ အစိုးရက မြေဈေး ကို ကြပ်ကြပ်မတ်မတ်ထိန်းညှိပြီး စင်ကာပူနိုင်ငံလို မြေကို စနစ်တကျတင်ဒါခေါ်ပြီး လုပ်ဆောင်သွားမှာပါ။ နိုင်ငံတော်က စနစ်တကျပဲ တာဝန်ယူလုပ်တဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့သစ်အနေနဲ့ မြို့သစ်စီမံကိန်းကို ကြီးကြပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

နိုဝင်ဘာလ ဒုတိယပတ်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ မီဒီယာများ၏မေးမြန်းမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြန်လည် ဖြေကြားရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး တစ်ဖက်ကမ်းရှိ မြို့နယ်များဖြစ်သည့် တွံတေး၊ ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တို စသည့်မြို့နယ် သုံး မြို့နယ်အတွင်းရှိ မြေဟက်တာ ၇၂၈၄ ပေါ် တွင် အကောင် အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်ပြီး ယင်းစီမံကိန်းအတွက် ပြီးခဲ့သည့် အစိုးရ လက်ထက်က တင်ဒါခေါ်ယူခဲ့ရာ ရန်ကုန် အနောက်တောင် ဒေသဖွံ့ဖြိုးရေး အများ နှင့်သက်ဆိုင်သော ကုမ္ပဏီ၊ ရွှေပုပ္ပား အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးနှင့် Business Capital City De-velopment Ltd တို့ကို ရွေးချယ်ခဲ့ ကြောင်း သိရသည်။

ကျွန်တော်တို့က ဒီကုမ္ပဏီတွေကို မြေတွေခွဲပေးဖို့ အစီအစဉ်မရှိပါဘူး။ သူတို့ အနေနဲ့ အခြေခံအဆောက်အအုံ တည် ဆောက်တဲ့အပိုင်းမှာ ပါဝင်ခွင့်ရနိုင်တယ်။ သူတို့မလုပ်ချင်တော့ဘူးဆိုရင် အခြား ကုမ္ပဏီတွေကို တင်ဒါခေါ်သွားမှာ ဖြစ်ပါ တယ်။ မြေတွေကို အပိုင်းသုံးပိုင်းခွဲပြီး အပိုင်ယူပြီး ကိုယ့်ဘာသာ ရောင်းစားကြ ဆိုတဲ့ပုံစံမျိုးနဲ့ ဒီမြို့သစ်စီမံကိန်းကိုလုပ် မှာ မဟုတ်ပါဘူးဟု ၎င်းကဆက်လက် ပြောကြားသည်။

ရန်ကုန်မြို့သစ်စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်ခြင်းကို နှစ် အလိုက် တစ်ဆင့်ချင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက နိုဝင်ဘာ ၄ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး တွင် ပြောကြားထားသည်။

"လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က လယ်မြေတစ်ဧကကို ခြောက်သိန်းနဲ့ ငါးဧကလောက် ကျွန်တော်ရောင်းခဲ့ တယ်။ သိပ်မကြာလိုက်ဘူး ပြီးခဲ့တဲ့တစ်နှစ် ကျော်လောက်မှာ မြို့သစ်စီမံကိန်းတွေ လုပ်တော့မယ်လို့ သတင်းတွေထွက်လာ တဲ့အတွက် တစ်ဧကကို သိန်း ၅ဝ ကျော် အထိပေါက်သွားတယ်။ ဒါပေမယ့် လက်ရှိ အချိန်မှာတော့ အရောင်း၊ အဝယ် လုပ်တာမျိုးတွေလည်း မရှိသလောက် ပါပဲ။ စီမံကိန်းမြေတွေကိုလည်း သက် ဆိုင်ရာကုမ္ပဏီတွေက ခြံဝင်းတွေတောင် ခတ်ထားပြီးသွားပါပြီ" ဟု ဆိပ်ကြီး ခနောင်တိုမြို့နယ် ဦးထွန်းအို ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှထွေးက ပြောသည်။

အဆိုပါစီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူ လူထု၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိက ဦးစားပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၊ အနာဂတ်ကာလ တွင် တိုးပွားလာမည့် ရန်ကုန်မြို့တော်၏ လူဦးရေအတွက် အိမ်ရာများ၊ စက်ရုံ၊ အလုပ်ရုံများ။စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရန် လိုအပ်သောကြောင့် အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ရခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေ ဖြင့် အဆိုပါ ရန်ကုန်မြို့သစ်စီမံကိန်း အပြင် ရန်ကုန်မြို့၏ တောင်ဘက်တွင် ဆိပ်ကမ်းတည်ဆောက်ရန် လျာထားပြီး ယင်းစီမံကိန်းပြီးပါက အဆိုပါ ရန်ကုန် မြို့သစ်သည် အချက်အချာကျ သည့် နေရာဖြစ် လာနိုင်ကြောင်း တိုင်းဒေသ ကြီးအစိုးရအဖွဲ့က သုံးသပ် ထားကြောင်း သိရသည်။



Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service