ရန်ကုန် စတော့ အိတ်ချိန်း လားရာ - Property News in Myanmar from iMyanmarHouse.com
2573 Views

ရန်ကုန် စတော့ အိတ်ချိန်း လားရာ

အရှေ့တောင်အာရှမှာ အဆင်းရဲဆုံး နံပါတ်(၂)အဆင့်ဖြစ်ပြီး လူတစ်ဦးချင်း တစ်နေ့ဝင်ငွေဟာ စံချိန်မ မီတဲ့အပြင် လိုအပ်ချက်တွေ များနေတယ်လို့ နိုင်ငံတကာစစ်တမ်းတွေကဆိုတဲ့ မြန်မာနိုင်ငံရဲ့ ဒီနေ့ ခေတ်အခြေအနေမှာ ကျပ်ငွေဘီလီယံ ၃၀ ကျော် ရင်းနှီးမြှုပ်နှံထားတဲ့ Yangon Stock Ex-change ရဲ့ လတ်တလောအခြေအနေဟာ ကြိုတင်ပြင်ဆင်ချိန်မရဘဲ ကြိုးဝိုင်းထဲဝင်ခဲ့ရတဲ့ လက်ဝှေ့သမား တစ် ယောက်လို ဖြစ်နေပါတယ်။

‘‘ပညာအခြေခံမရှိရင် မလုပ်နဲ့။ လောဘနဲ့လုပ်ရင်ကွဲမယ်။ မသိနားမလည်ဘဲလုပ်ရင်ကွဲမယ်’’ ဟု စီး ပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ)က မြေစမ်းခရမ်းပျိုး ယနေ့ခေတ် စတော့ဈေးကွက်အ ခြေ အနေကို သတိပေးပါတယ်။

Yangon Stock Exchange တရားဝင်စတင်တဲ့ ၂၀၁၆ မတ်လကနေ ယခုဆောင်းပါးရေးချိန် ၂၀၁၆ ခု နစ်လခန့်အတွင်း စတော့ဈေးကွက်မှာ ရှယ်ယာအရောင်းအ၀ယ်စာရင်းဖွင့်ထားသူ နှစ်သောင်းကျော် ရှိ နေပါတယ်။

စတော့ရှယ်ယာဝယ်ထားသူတွေက Yangon Stock Exchange ရုံးကို မလာရောက်ဘဲ အများစုက အင်တာနက်ပေါ်ကနေ အရောင်းအ၀ယ်ပြုလုပ်နေခြင်းဖြစ်လို့ ရုံးခန်းမထဲ စည်ကားခြင်းမရှိတာလို့ ရန် ကုန်စတော့အိတ်ချိန်းရဲ့ အကြီးတန်းအမှုဆောင်မန်နေဂျာ ဦးသက်ထွန်းဦးက ရှင်းပြပါတယ်။

မြန်မာနိုင်ငံထက် နှစ်ပေါင်းများစွာစောပြီး စတော့အိတ်ချိန်း ဈေးကွက်ဖွင့်ခဲ့ပြီး အောင်မြင်နေတဲ့ နိုင်ငံ တွေမှာတော့ ဈေးကွက်ဖွင့်တဲ့နေ့တွေမှာစတော့အိတ်ချိန်းရုံးထဲ စီးပွားရေး သမားတွေ လွန်းထိုးရှုပ် ထွေးနေတာ မြင်ရတတ်ပါတယ်။

လက်ရှိစတော့ဈေးကွက်မှာ ရှယ်ယာတွေ တရားဝင်ရောင်းချခွင့်ရရှိထားတဲ့ ကုမ္ပဏီသုံးခုရှိနေပြီး First Myanmar Investment Co. Ltd နဲ့ နောက်ထပ်ကုမ္ပဏီနှစ်ခုက Myanmar Thilawar SEZ Holdings Public Ltd နဲ့ Myan-mar Citizens Bank Ltd တို့ဖြစ်ပါတယ်။ ၂၀၁၆ မကုန်မီ နောက်ထပ် ကုမ္ပဏီတစ်ခု ၀င်ရောက်လာမှာဖြစ်တယ်လို့ ဦးသက်ထွန်းဦးက အသိပေးပါတယ်။

လက်ရှိကုမ္ပဏီအားလုံးအစုရှယ်ယာများ စတင်ရောင်းချစဉ်က အနည်းဆုံးကျပ် ၂၆,၀၀၀ ကနေ အများ ဆုံးကျပ် ၄၀,၀၀၀ နှင့် စတင်ဖွင့်ခဲ့ပေမယ့် နောက်ပိုင်းတွင် ကျပ် ၇၀,၀၀၀ အထိ မြင့်တက်သွားကာ တ ရိပ်ရိပ်ပြန်ကျခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ လတ်တလောဈေးကွက်အခြေအနေက တရားဝင်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကိုယ်တိုင် ကျွမ်း ကျင်မှုနဲ့ တာဝန်ယူမှုနည်းနေသလို ရှယ်ယာဝယ်ထားသူ အများစုကလည်း စတော့ဈေးကွက် အ ခြေအနေကို သိရှိနားလည်သူနည်းပါးနေတယ်လို့ စီးပွားရေးပညာရှင်တချို့က ထောက်ပြပြောဆိုနေပါ တယ်။

စီးပွားရေးပညာရှင်ခင်မောင် ညို(ဘောဂဗေဒ)က ‘‘ကုမ္ပဏီတွေရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း မသိဘဲ ၀င်ရောက်လုပ်ကိုင်နေတဲ့သူတွေများတယ်’’လို့ ဆိုပါတယ်။ လူထုအနေနဲ့ စတော့ဈေးကွက်မှာ ၀င်ရောက်ရင်းနှီးမြှုပ်နှံနိုင်ဖို့ အခြေခံလိုအပ်ချက်တွေ လေ့လာဖို့လိုနေတယ်လို့ အကြံပေးပါတယ်။

ရန်ကုန်စတော့အိတ်ချိန်းရုံးနဲ့ ဆယ်မိနစ်ခန့်လမ်းလျှောက်ရင်ရောက်တဲ့ ရန်ကုန်မြို့လယ်တစ်နေရာမှာ KBZ SC ကုမ္ပဏီဆိုတာရှိပါတယ်။

မြန်မာနိုင်ငံရဲ့ပထမဆုံးပုဂ္ဂလိကငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီဖြစ်ပြီး စတော့ရှယ်ယာ ရောင်း ၀ယ်တာတွေ၊ ရင်းနှီးမြှုပ်နှံတာတွေကို အကြံပေးတာတွေ၊ ၀န်ဆောင်မှုပေးတာတွေ လုပ်ဆောင်နေတဲ့ အဲဒီကုမ္ပဏီတာဝန်ရှိသူတွေကတော့ မြန်မာနိုင်ငံရဲ့ စတော့ဈေးကွက်က အောင်မြင်လာလိမ့်မယ်လို့ တထစ်ချယုံကြည်နေကြပါတယ်။ သွက်လက်တက်ကြွနေတဲ့ ၀န်ထမ်းတွေက စတော့ဈေးကွက်အ ကြောင်း လာရောက်စုံစမ်းတဲ့ Customerတွေ၊ သတင်းသမားတွေကို စိတ်ရှည်လက်ရှည်ရှင်းပြပါ တယ်။

‘‘လူဦးရေ ၅၁ သန်းကျော်ရှိနေပေမယ့် မြန်မာနိုင်ငံရဲ့တစ်ခုတည်းသော ရန်ကုန်စတော့အိတ်ချိန်းမှာ ရှယ်ယာအရောင်းအ၀ယ်လုပ်ရန် စာရင်းဖွင့်ထားသူလူဦးရေက နှစ်သောင်းကျော်ပဲ ရှိသေးတဲ့အပေါ် သူတို့ကစိတ်မပျက်ပါဘူး’’
KBZ SC တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Jonathan Lin က ‘‘မြန်မာနိုင်ငံမှာ ဒီဈေးကွက်က နုနယ်သေး တော့ အောင်မြင်ပြီးသား နိုင်ငံတွေနဲ့တော့ သွားနှိုင်းယှဉ်လို့မရသေးပါဘူး’’လို့ ဆိုပါတယ်။

လူထုဘက်ကနေ စတော့ဈေးကွက်ကို စိတ်ဝင်စားလာစေဖို့အတွက် မြန်မာနိုင်ငံအနှံ့နယ်လှည့်ပြီး ပ ညာပေးလုပ်ငန်းတွေဆက်တိုက်လုပ်နေတယ်လို့ KBZ SC ကုမ္ပဏီရဲ့ ငွေကြေးရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အကြံပေး ကိုမာသင်ကပြောပါတယ်။

ငွေကြေးဈေးကွက် ကျွမ်းကျင်သူတွေက တညီတညွတ်တည်း သုံးသပ်တာကလည်း မြန်မာနိုင်ငံရဲ့ စ တော့အိတ်ချိန်း အောင်မြင်ဖို့အတွက် စီးပွားရေးနယ်ပယ်ထဲက ပြည်သူလူထုအနေနဲ့ စတော့ဈေးကွက် အကြောင်း သိရှိနားလည်ဖို့ လိုအပ်နေတာက အဓိကကျတယ်ဆိုတာပါ။

ရန်ကုန်စတော့အိတ်ချိန်းရဲ့ အကြီးတန်းအမှုဆောင်မန်နေဂျာ ဦးသက်ထွန်းဦးကတော့ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စတော့ဈေးကွက် အောင်မြင်ဖို့က အရေးပါနေပြီး ပြည်သူလူထုက ငွေကြေးဈေးကွက်နဲ့ ပတ်သက်တဲ့ ဗဟုသုတနည်းပါးနေခြင်းက လတ်တလောအရေးကြီး ဆုံးအဟန့် အတား ဖြစ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Yangon Stock Exchange ရဲ့ သက်တမ်းနဲ့အတူ တစ်နေ့တည်း တစ်ချိန် တည်း မွေးဖွားခဲ့တဲ့ အရာတစ်ခုရှိနေပါသေးတယ်။ ယုံကြည်ရာဘာသာတရားအရ ခန်းမထဲမှာ ခမ်းခမ်း နားနား နေရာပေးခံထားရတဲ့ ခေါင်းလောင်းကြီးတစ်လုံးပါ။ ခေါင်းလောင်းကြီးရဲ့ ကိုယ်ထည်ထိပ်ပိုင်း နားမှာတော့ Yangon Stock Exchange ကို စတင်ဦးဆောင်သူတွေရဲ့ မျှော်လင့်ချက်ကို ထင်ဟပ်စေ တဲ့ စာသားတစ်ခုထွင်း ထုထားပါတယ်။

မြန်မာလို ‘အောင်ကြောင်းအဖြာဖြာ’လို့ အဓိပ္ပာယ်ရတဲ့ ‘အောင်ဇေယျတု’ ဆိုတာပါပဲ။


နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service