အိမ်ခြံမြေ ဝန်ဆောင်မှုဥပဒေ ဘာကြောင့် လိုအပ်တာလဲ - Property News in Myanmar from iMyanmarHouse.com
703 Views

အိမ်ခြံမြေ ဝန်ဆောင်မှုဥပဒေ ဘာကြောင့် လိုအပ်တာလဲ

မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု လုပ်ငန်းရှင်တွေကနေ အိမ်ခြံမြေ၀န်ဆောင်မှု ဥပဒေကို ထွက်ရှိလာအောင် လုပ်ဆောင်သွားမယ်ဆိုတဲ့ သတင်းကိုပြောပြချင်ပါတယ်။ လက်ရှိ အခြေအနေမှာတော့ ဒီဥပဒေမူကြမ်းထွက်ရှိလာဖို့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်စတဲ့ မြို့ကြီးတွေမှာ ဆွေးနွေးညှိုနှိုင်းမှုတွေ လုပ်ဆောင်နေပြီး ဥပဒေပညာရှင်တွေနဲ့လည်း ဆွေးနွေးတိုင်ပင်သွားဖို့လည်း ရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေအရောင်းအ၀ယ်နဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေက ကြိုက် ရောင်းကြိုက်ဝယ် ပါးစပ်ဈေးနဲ့ အလုပ်ဖြစ်နေတာမျိုးပါ။

ဒါကြောင့် ပုံမှန်မဟုတ်တဲ့ ကမောက်ကမဈေးကွက်တွေ ဖြစ်ပေါ်လျက်ရှိပြီးခိုင်မာတဲ့ ဥပဒေမရှိတာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဆီကနေ ယုံကြည်မှုရရှိဖို့ ခက်ခဲနေတယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း(ဗဟို) ရဲ့ ဥက္ကဌဖြစ်သူက ပြောပါတယ်။

"အာဆီယံနိုင်ငံနဲ့ နိုင်ငံတကာမှာတော့ ဘယ်အလုပ်ပဲဖြစ်ဖြစ် ဥပဒေတွေ ရှိတယ်၊ လိုင်စင်တွေရှိတယ်။ ဘယ်အလုပ်ပဲလုပ်လုပ် စကေးလိုင်စင်တွေရှိတယ်၊ ဒီလိုမျိုးခွဲခြားထားတယ် ကျွန်တော်တို့နိုင်ငံမှာကျတော့ အိမ်ခြံမြေဝန်ဆောင်မှု လုပ်ရင် ဥပဒေမရှိဘူး။ နိုင်ငံခြားသားတွေက မြန်မာပြည်ကိုလာတယ် အိမ်ခြံမြေဝန်ဆောင်မှု လုပ်တဲ့သူတွေ တွေ့ရင်ဘယ်မှာလဲအိမ်ခြံမြေဝန်ဆောင်မှု လုပ်တဲ့ လိုင်စင် ဘယ်မှာလဲမင်းအိုင်တီကဒ်" လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) ရဲ့ ဥက္ကဌ ဦးခင်မောင်သန်းက သူ့အမြင်ကို ပြောပါတယ်။

အိမ်ခြံမြေဥပဒေ၊ အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေတွေ ထွက်ပေါ်လာမယ်ဆိုရင်တော့ ပြည်တွင်းက ရင်းနှီးမြှပ်နှံသူတွေသာမက နိုင်ငံတကာရင်းနှီးမြှပ်နှံသူတွေပါ အများအပြား ဝင်ရောက်ရင်းနှီးမြှပ်နှံကြမယ်လို့ ၀န်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေက ယုံကြည်နေကြတာပါ။

ရင်းနှီးမြှပ်နှံမှုတစ်ခုပြုမယ်ဆိုတာနဲ့ စတင်အကောင်အထည်ဖော်ရတဲ့ လုပ်ငန်းကအိမ်ခြံမြေလုပ်ငန်း ဖြစ်တာကြောင့် အိမ်ခြံမြေနဲ့ ပတ်သတ်တဲ့ ဥပဒေတွေ အမြန်ဆုံးပေါ်ပေါက်လာဖို့လိုတယ်လို့ ပြောဆိုကြပါတယ်။

"ပြည်ပရင်းနှီးမြှပ်နှံမှုအတွက်တွေရော အကျိုးများမယ်ဆိုရင်တော့ ခုဏပြောတဲ့ ပြည်ပရင်နှီးမြှပ်နှံမှုတွေ ပိုများလာမယ်လို့ မျှော်လင့်ပါတယ် အဓိကကတော့ ဥပဒေအနေနဲ့က အားလုံးအတွက်အဆင်ပြေမယ် အာလုံးလက်ခံနိုင် ဖို့တော့အဓိကအရေးကြီးတာပေါ့။" ရွှေလက်ပံအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (နေပြည်တော်)က လုပ်ငန်းရှင် ဦးဝင်းဇော်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်း(ဗဟို) ရဲ့ ဥက္ကဌ ဦးခင်မောင်သန်းကလည်း "ဒါတွေဟာသူတို့နိုင်ငံမှာရှိတဲ့ လူကြီးလူကောင်းတွေလုပ်နိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာလိုချင်တဲ့ ပုံစံတွေဘဲဒီပုံသဏ္ဍန်တွေကိုပုံဖော်ပြီးဦးတို့အနေနဲ့ ဝန်ဆောင်မှုပေးလိုက်ပြီးတော့ မိတ်ဆက်လိုက်မယ်ဆိုလို့ရှင်ရင် မြန်မာနိုင်ငံကိုရင်းနှီးမြှပ်နှံမှုတွေကစီးဝင်လာမယ် လိုတာထက်ကိုပိုပြီးတော့ စီးဝင်လာမယ် လိုတာထက်ကိုလိုတဲ့ ဥပဒေတွေနဲ့ ဥပဒေကို လေးစားလိုက်နာပြီးပုံဖော်မယ့် အဖွဲ့အစည်းတွေနဲ့ အကျိုးဆောင်တွေ ရှိနေတာကို ရင်းနှီးမြှပ်နှံမှု့အတွက် တစ်အပ်တစ်အားဖြစ်စေတယ်လို့ မြင်ပါတယ်။" လို့ ပြောပါတယ်။

အခုဝန်ဆောင်မှုပေးနေတဲ့ ပုံစံကအိမ်ခြံမြေအရောင်းအဝယ်အတွက် ဝန်ဆောင်ခ ၂% ပေးရသလို့ ငှားရမ်းနေထိုင်သူတွေအတွက် တစ်နှစ်ငှားရမ်းပါကဝန်ဆောင်ခအနေနဲ့ တစ်လစာပေးရမှာဖြစ်သလို ၆ လ ငှားရမ်းပါကလဲတစ်လငှားရမ်းခရဲ့တစ်ဝက်စာကိုဝန်ဆောင်ခအဖြစ် ဝန်ဆောင်မှုလုပ်ငန်းတွေကရရှိနေတာဖြစ်ပါတယ်။

"မကြာခင်မှာ ဆန်ရှင်လဲလျှော့လိုက်ပြီရင်းနှီးမြှပ်နှံမှုသည် မဖြစ်မနေဝင် လာလိမ့်မယ် ယနေမှာဘဲရန်ကုန်မြို့မှာတော်တော်များများကဈေးကွက်က ပြန်ကစားလာပြီ ကစားလာတော့ ဒီလုပ်ငန်းတွေသည် နိုင်ငံအတွက် နိုင်ငံတကာမှာလဲရှိပါတယ် တိုင်ပြည်တိုးတက်ဖို့ဆိုဥပဒေရှိသင့်တယ်၊ ဒါကြောင့် ဒီဥပဒေကမဖြစ်မနေလိုတယ်၊ ဥပဒေဖြစ်လာရင် နိုင်ငံတကာက ရင်းနှီးမြှပ်နှံတဲ့သူတွေကလည်း ယုံကြည်မှုအပြည့်ရှိလိမ့်မယ်၊ အလားတူလုပ်တဲ့သူဘက်ကလည်းယုံကြည်မှုရှိလိမ့်မယ်။ အလားတူ ပြည်တွင်းမှာရှိတဲ့ ရင်းနှီးမြှပ်နှံသူတွေကလည်း ဒါကြီးကို ယုံကြည်မှုရှိလာပြီရှိလာရင် နိုင်ငံတော့အတွက်ရော ဝယ်သူရော ရောင်းသူရောနိုင်ငံခြားသားရော အားလုံးအတွက် အကျိုးရှိမယ့် ဥပဒေဖြစ်ပါတယ်။" လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာစီစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးတင်မောင်ဦးက ပြောပါတယ်။

ဒီအိမ်ခြံမြေ၀န်ဆောင်မှု ဥပဒေအတွက် တိုက်ခန်း၊ ကွန်ဒို၊ လုံးချင်းအိမ်နဲ့ မြေစတဲ့ အမျိုးအစား ၄ မျိုး ပါဝင်ပြီးစိုက်ပျိုးမြေအပြင် မြေယာဥပဒေအရသတ်မှတ်ထားတဲ့ မြေအမျိုးအစားအားလုံး ပါဝင်တယ်လို့ သိရပါတယ်။

လောလောဆယ်တော့ ဒီဥပဒေထွက်ရှိလာဖို့ အိမ်ခြံမြေလုပ်ငန်းရှင်တွေကဆွေးနွေး လျက်ရှိပြီးဥပဒေမူကြမ်းကို ၂၀၁၇ ခုနှစ်အတွင်းလွှတ်တော် ၂ ရပ်ကိုတင်သွင်းနိုင် အောင် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။



Credit: Mizzima

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service