မန္တလေးတွင် ပုဂ္ဂလိကတန်ဖိုးသင့်တင့်တိုက်ခန်းများ စတင်ရောင်းချပေးသွားမည် - Property News in Myanmar from iMyanmarHouse.com
1270 Views

မန္တလေးတွင် ပုဂ္ဂလိကတန်ဖိုးသင့်တင့်တိုက်ခန်းများ စတင်ရောင်းချပေးသွားမည်

မန္တလေးတိုင်းဒေသကြီးတွင် လစဉ်ပုံမှန်ဝင်ငွေရှိပြီး အိမ်မြေပိုင်ဆိုင်မှု လိုအပ်သူများနှင့် အမှန်တကယ်မြေနေစရာမရှိသူများအား ပုဂ္ဂလိက တန်ဖိုးသင့်တင့်တိုက်ခန်းများကို အရစ်ကျစနစ်ဖြင့်စတင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း
ယင်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် သန္တိသစ္စာဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ သိရသည်။

သန္တိသစ္စာဆောက်လုပ်ရေးကုမ္ပဏီလီမိတက်က ပုသိမ်ကြီးမြို့နယ်
မန္တလေး-မိုးကုတ်လမ်း၊ တောင်ပြုံးလမ်းခွဲထိပ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မန်းဧကရာဇ် အဆင့်မြင့်အိမ်ရာစီမံကိန်းအတွင်း၌ တန်ဖိုးမျှတတိုက်ခန်းများကိုဆောက်လုပ်ပြီး အရစ်ကျစနစ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမန်နေဂျင်ဒါရိုက်တာ ဦးမျိုးလှိုင်ဦး ကယခုလ ၁၀ ရက်နေ့တွင်ပြောသည်။

“ အရစ်ကျစနစ်နဲ့တိုက်ဖိုးမျှတတိုက်ခန်းကို မန္တလေးမှစတင်ရောင်းချပေးမှာပေါ့။ ပုံမှန်ဝင်ငွေရှိပြီး အိမ်ပိုင်ဆိုင်မှုလိုအပ်ချက်ရှိတဲ့လူတွေအတွက်ရည်ရွယ်တာပါ။ ကိုယ်ပိုင်မြေပေါ်မှာပဲဆောက်လုပ်ရောင်းချတာပေါ့။

အစိုးရရောင်းချပေးနေတဲ့ပုံစံတွေလို ဌာနဆိုင်ရာထောက်ခံချက်တွေတော့သိပ်မလိုပါဘူး။ သတ်မှတ်နှုန်းထားအတိုင်းပေးသွင်းပြီးရင် တိုက်ခန်းကိုနေထိုင်ခွင့်ပြုပေးပါမယ်။ဒါပေမယ့် တိုက်ခန်းပိုင်ဆိုင်ခွင့်ကိုတော့ ငွေအကြေပေးသွင်းပြီးမှပဲလွှဲပြောင်းပေးပါမယ် ” ဟုဦးမျိုးလှိုင်ဦးကဆက်လက်ပြောသည်။

ယင်းတန်ဖိုးသင့်တင့်တိုက်ခန်းစီမံကိန်းတွင် ၄ ခန်းတွဲ ၅ ထပ်တိုက် အလုံး ၃၀ ၊ အခန်းပေါင်း ၆၀၀ ကျော်ပါဝင်မည့်ဖြစ်ပြီး၊ အိမ်ခန်းတစ်ခန်းလျှင် ၅၄၀ စတုရန်းပေ ကျယ်ဝန်းမည်ဖြစ်ကာ အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း၊ အိမ်သာနှင့် မီးဖိုချောင်၊ ရေ၊မီးအစုံပါဝင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် အခန်း ၄၀ စတင်ဆောက်လုပ်နေပြီး ၂၀၁၇ သြဂုတ်လတွင်ပြီးစီးမည်ဖြစ်ကြောင်းသိရသည်။

မန်းဧကရာဇ်အဆင့်မြင့် အိမ်ယာစီမံကိန်းကို ၂၀၁၄ ခုနှစ်အောက်တိုဘာလအတွင်းက မြေဧက ၆၅ ဧကပေါ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင်စီမံကိန်း ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီးဖြစ်ကာ ယင်းအိမ်ယာစီမံကိန်းတွင် တန်ဖိုးသင့်တင့်တိုက်ခန်းများ၊ အဆင့်မြင့်လုံးချင်းအိမ်ယာများ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

“ အရင်ဆုံးအခန်းပေါင်း ၄၀ ကိုစတင်ဆောက်လုပ်တာပါ။ အခုတိုက်ခန်းတွေကိုလည်းကြိုပွိင့်စနစ်နဲ့ရောင်းချပေးနေပါတယ်။ တိုက်ခန်းတွေမှာ ကားပါကင်တွေကိုလည်းပြည်စုံအောင်ထည့်ပေးထားတယ်။ အစိုးရကလည်းဝန်ထမ်းတွေအတွက်ဆောက်လုပ်ပေးနေတာတွေရှိပါတယ်။

ဒါပေမယ်လုံလောက်မှုတော့မရှိသေးပါဘူး။ ဒီဟာက မည်သူမဆိုဝင်ငွေရှိရင် ၀ယ်ယူနိုင်မှာပါ ” သန္တိသစ္စာဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျာဦးတင်ဇော်ဦးကပြောသည်။

တိုက်ခန်းဝယ်ယူမည်သူများသည် ၁၀ နှစ်အရစ်ကျပေးသွင်းခြင်းဖြင့်လည်းကောင်း၊ ၃ နှစ်အရစ်ကျပေးသွင်းခြင်းဖြင့်လည်းကောင်းဝယ်ယူနိုင်မည်ဖြစ်ကာ ၃ နှစ်အရစ်ကျစနစ်ဖြင့်ဝယ်ယူသူများအတွက် ဈေးနှုန်းကို မြေညီထပ်တစ်ခန်းလျှင် သိန်း ၂၀၀ ကျပ်၊ ပထမထပ် ကျပ် ၁၅၀ သိန်း၊ ဒုတိယထပ် ၊ တတိယထပ်၊ စတုတ္တထပ်များအတွက် ကျပ် ၁၃၅ သိန်း သတ်မှတ်ထားပြီး ၁၀ နှစ်အရစ်ကျများအတွက် မြေညီထပ်တစ်ခန်းလျှင် ကျပ် ၃၇၅ သိန်း၊ ပထမထပ် ကျပ် ၃၂၅ သိန်း၊ ဒုတိယထပ် ကျပ် ၃၀၀ သိန်း၊ တတိယထပ် ကျပ် ၂၇၅ သိန်း၊ စတုတ္တထပ် ကျပ် ၂၅၀ သိန်း သတ်မှတ်ထားသည်။

“ စီမံကိန်းအလိုကတော့ ကောင်းတယ် အိမ်ရာလိုအပ်ချက်ရှိနေသူတွေအတွက်ကတော့ မျှော်လင့်လိုရတာပေါ့။ ဒါပေမယ့် ၁၀ နှစ်အရစ်ကျမှာကျတော့ ငွေကများနေတယ်လိုထင်ပါတယ်။ အစိုးရရောင်းချပေးနေတာနဲက ယှဉ်ရင်ကုမဏီဝန်ထမ်းတွေအတွက်ကျတော့များပါတယ်။ အခုလိုတန်ဖိုးမျှတတိုက်ခန်းတွေ အစိုးရကော ပုဂ္ဂလိကပါ အရစ်ကျစနစ်နဲ့ ဒီထက်ပိုရောင်းပေးနိုင်ရင်တော့ပိုအဆင်ပြေနိုင်ပါတယ် ” ဟု အသက် ၂၇ နှစ်အရွယ် ၀န်ထမ်းတစ်ဦးကမှတ်ချက်ပြုသည်။

တိုင်းဒေသကြီးမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကလည်း အခန်းပေါင်း ၅၆၀ ကျော်ပါဝင်သည့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာများကို အရစ်ကျစနစ်ဖြင့် လာမည်နှစ်အစောပိုင်းတွင် စတင်ရောင်းချပေးမည်ဟုသတင်းထုတ်ပြန်ထားသည်။


Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service