ဒေါ်နယ်ထရမ့်လက်ထက်တွင် ဒီမိုကရက်ပါတီ အမာခံပြည်နယ်များတွင် နေအိမ်ဝယ်ယူမှုများကျဆင်းကာ ရီပတ်ဘလီကန်အမာခံပြည်နယ်များတွင် ၀ယ်လိုအားမြင့်တက်မည်ဟု ခန့်မှန်း - Property News in Myanmar from iMyanmarHouse.com
2928 Views

ဒေါ်နယ်ထရမ့်လက်ထက်တွင် ဒီမိုကရက်ပါတီ အမာခံပြည်နယ်များတွင် နေအိမ်ဝယ်ယူမှုများကျဆင်းကာ ရီပတ်ဘလီကန်အမာခံပြည်နယ်များတွင် ၀ယ်လိုအားမြင့်တက်မည်ဟု ခန့်မှန်း

ဒေါ်နယ်ထရမ့်လက်ထက်တွင် တန်ဖိုးနည်းနေအိမ်များ ရှားပါးလာမည်ဟု အိမ်ခြံမြေကဏ္ဍ စီးပွားရေးပညာရှင်များက သုံးသပ်ကြကြောင်း
နယူးယောက်အခြေစိုက် စီးပွားရေးသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် လက်ထက်တွင် “ အိမ်ရာအကျပ်အတည်းသစ်”ပေါ်ပေါက်ကာ အိမ်ခြံမြေဈေးကွက်အခြေအနေကို များစွာ ဆိုးရွားလာစေဖွယ်ရှိသည်ဟုလည်း အိမ်ခြံမြေဆိုင်ရာ စီးပွားရေးပညာရှင် မက်သူး ပွိုင်တန်က ပြောကြားသည်။
ထရမ့်သည် မဲဆွယ်ကာလအတွင်း အိမ်ခြံမြေဈေးကွက်မူဝါဒနှင့် စပ်လျဉ်း၍ အနည်းငယ်သာ ထုတ်ပြောဖူးသည်ဟု ပွိုင်တန်က ပြောကြားသည်။

အမျိုးသားနေအိမ်ဆောက်လုပ်သူများအသင်း (NAHB) တွင် သြဂုတ်လအတွင်း မိန့်ခွန်းပြောခဲ့စဉ်က အိမ်ခြံမြေ၀ယ်ယူရာတွင်
ချေးငွေဆိုင်ရာ သတ်မှတ်ချက်များ ဖြေလျှော့ပေးမည်ဟူသောအချက်တစ်ခုသာ ထရမ့်က ပြောကြားခဲ့ဖူးသည်။

သမ္မတလောင်းတို့သည် မဲဆွယ်စဉ်ကာလကတိထားခဲ့ခြင်းနှင့် အနိုင်ရပြီးနောက် အကောင်အထည်ဖော်ပုံတို့မှာ အများအားဖြင့်
ကိုက်ညီလေ့မရှိကြောင်းလည်း မက်သူးပွိုင်တန်က ထောက်ပြသည်။

ထရန့်၏ ကတိအရ ဘဏ်တို့သည် နေအိမ်ဝယ်ယူမည့်သူတို့ကို ငွေချေးခြင်းဆိုင်ရာ စံနှုန်းများ ဖြေလျှော့ပေးခြင်း ပြုလုပ်လာနိုင်သည်။
“အရင်က ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေကို ကြည့်မယ်ဆိုရင် ငွေချေးယူတဲ့ စည်းမျဉ်း၊ စံနှုန်းတွေ လျှော့ပေးတာဟာ အိမ်ခြံမြေကဏ္ဍအတွက်
အန္တရာယ်များပြီး ချေးငွေပူဖောင်းပေါက်ကွဲမှု ပေါ်ပေါက်စေတယ်ဆိုတဲ့ သင်ခန်းစာ ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ထရမ့်ကဒါကို
အကောင်အထည်ဖော်မယ်ဆိုရင် တကယ်အန္တရာယ်များတယ်” ဟုလည်း ပွိုင်တန်က ပြောကြားသည်။

လက်ရှိခန့်မှန်းချက်များအရ စီးပွားရေးကောင်းမွန်သော ဒီမိုကရက်တစ်တို့၏ ပြည်နယ်များတွင် အိမ်ခြံမြေ၀ယ်ယူမှုများ
ကြီးကြီးမားမား
ရှိလိမ့်မည်မဟုတ်ဘဲ စီးပွားရေးမကောင်းသော ရီပတ်ဘလီကန်ပြည်နယ်များတွင်မှု နေအိမ်ဝယ်ယူလိုမှုများ
မြင့်တက်မည်ဟု ခန့်မှန်းထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service