နယူးယောက်မြို့၊ ရီကာကျွန်းရှိဧက ၄၀၀ ကျော် ကျယ်ဝန်းသည် အကျဉ်းထောင်နေရာကိုဖျက်သိမ်းကာလူနေအိမ်ရာများဆောက်လုပ်ဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
776 Views

နယူးယောက်မြို့၊ ရီကာကျွန်းရှိဧက ၄၀၀ ကျော် ကျယ်ဝန်းသည် အကျဉ်းထောင်နေရာကိုဖျက်သိမ်းကာလူနေအိမ်ရာများဆောက်လုပ်ဖွယ်ရှိ

နယူးယောက်မြို့ တရားရေးဌာနအရာရှိတို့သည် ရီကာကျွန်းရှိအကျဉ်းထောင်ကြီးကိုပိတ်သိမ်းရန် နှစ်ပေါင်းများစွာကတည်းကပင် ကြိုးပမ်းလျက်ရှိသော်လည်းမအောင်မြင်ခဲ့ချေ။
ယခုအခါတွင်မူအဆိုပါအကျဉ်းထောင်ကြီးကိုဖျက်သိမ်းကာလူနေအိမ်များဆောက်လုပ်ရန် စီစဉ်လျက်ရှိပြီ ဖြစ်သည်။

ရီကာကျွန်းသည် နယူးယောက်မြို့တော်၏ အဓိကအကျဉ်းထောင်ကြီးတည်ရှိရာနေရာဖြစ်ပြီး ၄၁၃ ဒသမ ၁၇ ဧက ကျယ်ဝန်းသည်။
ယင်းအကျဉ်းထောင်အတွက် အစိုးရ၀န်ထမ်းအရာရှိ ၉၀၀၀ နှင့် အရပ်သားဝန်ထမ်း ၁၅၀၀ ခန့်ရှိပြီး နှစ်စဉ်ကုန်ကျစရိတ် ကန်ဒေါ်လာသန်း ၈၆၀ ခန့် ရှိသည်။
နယူးယောက်ကဲ့သို့သောမြေနေရာရှားပါးလှသောကမ္ဘာ့ထိပ်တန်းမြို့ကြီးတွင် မြေဧက ၄၀၀ ကျော်ဆိုသည်မှာအလွန်တန်ဖိုးရှိလှသည်။

အဆိုပါမြေနေရာကိုမည်သို့အသုံးချမည်ဟူခြင်းနှင့်ပတ်သက်၍ စိတ်ကူးမျိုးစုံထွက်ပေါ်ခဲ့ဖူးရာလာဂွါဒီယာလေဆိပ်အတွက် အပိုပြေးလမ်းအဖြစ် တည်ဆောက်မည်ဟူသောစိတ်ကူးလည်း ပါဝင်ခဲ့ဖူးသည်။
ယင်းမြေနေရာကိုမည်သို့အသုံးပြုမည်ဆိုခြင်းအားလေ့လာရန်အတွက် ကော်မတီတစ်ခုဖွဲ့စည်းလိုက်ပြီးမာရီအင်နီဂျီးလ်မာတင်ကဦးဆောင်သ

ကော်မတီ၏ အစီရင်ခံစာကိုလာမည့် ၂၀၁၇ ခုနှစ်အတွင်းတွင် အများပြည်သူသို့ ချပြမည်ဖြစ်သည်။
လူဦးရေထူထပ်လှသောကမ္ဘာ့ထိပ်တန်းမြို့ နယူးယောက်အတွက်မူယင်းမြေနေရာမှာအိမ်ခြံမြေကဏ္ဍအတွက် အလွန်တန်ဖိုးရှိကြောင်းလည်းသုံးသပ်ကြသည်။
နယူးယောက်အခြေစိုက် developerများစွာကလည်းရီကာကျွန်းကိုမျက်စိကျလျက်ရှိနေသည်။

ရီကာကျွန်းကိုအခြားနည်းလမ်းပြန်လည်အသုံးချရေးနှင့် ပတ်သက်ပြီးနယူးယောက်ပြည်နယ် တရားသူကြီးချုပ် ဂျိုနသန် လစ်ပ်မန်းဦးဆောင်၍လည်းလေ့လာလျက်ရှိသည်။
အဓိကအားဖြင့် လေယာဉ်ပြေးလမ်းအဖြစ်အသုံးပြုမည်လော (သို့မဟုတ်) လူနေအိမ်စီမံကိန်းကြီးတစ်ရပ် ဖော်ဆောင်မည်လောဟူသည်ကိုသုံးသပ်မည် ဖြစ်သည်။

ဘရွတ်ကလင်းအခြေစိုက် developerဒေးဗစ်ကရာမာကပြောကြားရာတွင် ၄၁၃ ဧကကျယ်ဝန်းသော ရီကာကျွန်းသည် ရုစဗဲ့ကျွန်းထက် သုံးဆခန့် ပိုမိုကြီးမားရာအလယ်အလတ်တန်း ၀င်ငွေရှိသူတို့အတွက် အလယ်အလတ်တန်းအထပ်မြင့် လူနေခန်းများဆောက်လုပ်ပါကသင့်လျော်ကြောင်းပြောကြားသည်။
“နယူးယောက်မှာကမြေနေရာရှားတယ်။ ဒီကျွန်းမှာလူနေအိမ်တွေ အများကြီးဆောက်လို့ရတာကြောင့် မြို့တော်အတွက် နေမှုထိုင်မှု အခက်အခဲကိုအများကြီးဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်” ဟုလည်းကရာမာကပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နယူးယောက်မြို့၊ ရီကာကျွန်းရှိဧက ၄၀၀ ကျော် ကျယ်ဝန်းသည် အကျဉ်းထောင်နေရာကိုဖျက်သိမ်းကာလူနေအိမ်ရာများဆောက်လုပ်ဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
နယူးယောက်မြို့၊ ရီကာကျွန်းရှိဧက ၄၀၀ ကျော် ကျယ်ဝန်းသည် အကျဉ်းထောင်နေရာကိုဖျက်သိမ်းကာလူနေအိမ်ရာများဆောက်လုပ်ဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service