ပုသိမ် ၂၀၄၀ မဟာဗျူဟာမြောက် မြို့ပြ စီမံကိန်းစတင် - Property News in Myanmar from iMyanmarHouse.com
1282 Views

ပုသိမ် ၂၀၄၀ မဟာဗျူဟာမြောက် မြို့ပြ စီမံကိန်းစတင်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ၂၀၄၀ မဟာဗျူဟာမြောက် မြို့ပြစီမံကိန်းကို တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုချက်ရပြီဖြစ်တာကြောင့် မြကျွန်းသာအိမ်ရာစီမံကိန်းကိုစတင်အကောင်အထည် ဖော်နေပြီလို့ ဆောက်လုပ်
ရေးဝန်ကြီးဌာန မြို့ပြနှင့်ဒေသဖွံ့ဖြိုးရေးဌာနခွဲက ဒုတိယညွှန်ကြားရေးမှူး ဦးဇော် ဇော်အေးက ပြောပါတယ်။

ပုသိမ်မြို့ ၂၀၄၀ မဟာဗျူဟာမြောက်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းပြုလုပ်နိုင်ဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဧရာတီတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့ ပူးပေါင်း ဆောင်ရွက်တာဖြစ်ပါတယ်။

ပုသိမ်မြို့ကို ဧရာဝတီမြစ်ဝကျွန်းပေါ် ဗဟိုမြို့တော်အဖြစ်ဆောင်ရွက်မှာဖြစ်ပါတယ်။

စီမံကိန်းဧရိယာ

၂၀၄၀ ပြည့်နှစ်မှာ ပုသိမ်မြို့ရဲ့ လျာထားချက်အရ ရထားလမ်း၊ ကုန်းလမ်း၊ ရေပေးဝေ ရေးစနစ်၊ အမှိုက်စနစ်တွေကို ပြောင်းလဲအောင် လုပ်ဆောင်မှာဖြစ်ပါတယ်။ စက်မှုဇုန်တွေကိုလည်း သတ်မှတ်ဆောက်လုပ်ခွင့်ပေးမှာပါ။ ပုသိမ်မြို့ပေါ်(၁၅ )ရပ်ကွက်၊ ရွှေမြင်တင်၊ ဇီးဖြူကုန်း၊ ကိုးဆူ၊ မရမ်းချောင်း၊ မြို့ချောင်း၊ ပျဉ်းကတိုးကျွန်း နဲ့ ပေါက်ကုန်း မြို့တွေ စီမံကိန်းထဲမှာပါဝင်ပါတယ်။

စီမံကိန်းဧရိယာမှာ အဆင့်မြင့်ဓာတ်တိုင်တွေ ပြောင်းလဲတပ်ဆင်မယ်လို့သိရပါတယ်။ ခရီးသွားတွေအတွက် ယဉ်ကျေးမှုတွေ၊ သမိုင်းဝင်ဆောက်အအုံတွေ ကမ်းခြေလုပ် ငန်းတွေကို တိုးတက်အောင်လုပ်ဆောင်ပြီး ခရီးသွား အချက်အချာကျတဲ့မြို့ ဖြစ်အောင် လုပ်ဆောင်မှာပါ။ ကုန်သွယ်ရေးအတွက်လည်း ထောက်ပံ့ရေးအချက်
အချာကျတဲ့မြို့ဖြစ် အောင် စက်မှုဇုန်တွေဆိပ်ကမ်းတွေကို လုပ်ဆောင်မှာဖြစ်တယ်။ ပညာရေးကိုပါတိုးတက်အောင် လုပ်ဆောင်မယ်လို့ သိရပါတယ်။

မဟာမြို့ပြစီမံကိန်းလုပ်ဆောင်ဖို့ကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး
အေဂျင်စီ၊ မြို့ပြနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ပုသိမ်မြို့ရပ်မိရပ်ဖတွေနဲ့ သက်ဆိုင်ရာ ကော်မတီဝင်တွေနဲ့တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီးမှ ဆောင်ရွက်တာလို့ ဦးဇော်ဇော်အေးက ပြောပါတယ်။

စီမံကိန်းရေးဆွဲရာမှာကုန်ကျမယ့် ငွေကြေးတွေကိုထည့်သွင်းဆွေးနွေးပြီးမှ နှစ်ဦးသဘော တူနားလည်မှုစာချွန်လွှာ (MoU) ရေးထိုးပြီး အဆင့်ဆင့်ပြုလုပ်မယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင် မောင်တင်က ပြောပါတယ်။

တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေးက ၂၀၄၀ ပုသိမ်မြို့ပြ စီမံကိန်းအကောင်အထည်ဖော်နိုင်ခဲ့ရင်
ပြည်ပရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်လာနိုင် မယ့်အတွက် ဒေသစီးပွားရေးပိုမိုတိုးတက်လာနိုင်
တယ်လို့ ပြောပါတယ်။

သူက ကမ်းခြေဒေသကိုသွားတဲ့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာမယ်ဆိုရင် နိုင်ငံခြားခရီးသွားဝင်ရောက်လာတာတွေများလာပြီး တိုင်းဒေသကြီးဝင်ငွေလဲတိုးလာမယ်လို့ ဆိုပါတယ်။

ကုန်သွယ်၊ ခရီးသွား

အရင်ကပုသိမ်မြို့ဟာ ဧရာဝတီဒေ သရဲ့လမ်းဆုံးမြို့ဖြစ်တယ်။ ဆယ်စုနှစ်မကြာသေးခင်ကမှ ငပုတော၊ ဟိုင်းကြီးကျွန်းဘက်တွေကို ဆက်သွယ်သွားလာနိုင်လာတာဖြစ်ပါ တယ်။ ပုသိမ်မြို့နဲ့ ဆက်သွယ်နေတဲ့လမ်းတွေ မြစ်ကူး တံတားတွေ ပိုမိုများပြားလာရင်ကုန်သွယ်ရေးလုပ်ငန်း နဲ့ ခရီးသွားလုပ်ငန်းတွေတိုးတက်လာနိုင်မယ်လို့ ခန့်မှန်းထား ကြပါတယ်။

ပုသိမ်မြို့ဆန်စက်လုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး ဦးနိုင်လင်းက စိုက်ပျိုးရေးကို အဓိကထားလုပ်ဆောင်ပြီး လမ်းပန်းဆက်သွယ်ရေးကိုလည်း ကောင်းမွန်အောင်ပြုလုပ်ရင် မြို့နေပြည်သူတွေပါမက ပုသိမ်မြို့နဲ့ဆက်စပ်နေ တဲ့မြို့တွေ၊ ကျေးရွာတွေပါ စီးပွားရေး အဆင်ပြေလာနိုင်တယ်လို့ ပြောပါတယ်။

သူက ‘၂၀၄၀ ဆိုတာက ခန့်မှန်းဖို့တအားခက်သေးတယ်၊ အရမ်းဝေးသေးတယ်လေ၊ ၂၀၄၀ အတွက်ဆိုရင် အခုအချိန်ကတည်းက အရှိန်အဟုန်နဲ့ကြိုးစားထားသင့်တယ်၊ အခုကျွန်တော်ခရီးတွေသွားတဲ့အထဲမှာ ရန်ကုန်- ပုသိမ်လမ်းက အကြမ်းဆုံးပဲလို့ ဆက်ပြောတယ်။

ဧရာဝတီတိုင်းက မြန်မာနိုင်ငံရဲ့စပါးကျီဖြစ်တဲ့အတွက် ဆန်စပါးရောင်းဝယ်ရေးကို မှီခိုနေရတဲ့မြို့ဖြစ်ပါတယ်။

ပုသိမ်မြို့ရဲ့ လူသိများတဲ့ချောင်းသာကမ်းခြေအပန်းဖြေစခန်းနဲ့ ငွေဆောင်အပန်းဖြေစခန်းတွေမှာ နှစ်စဉ်နိုင်ငံခြားခရီးသွားဧည့်သည်
ဝင်ထွက်မှုရှိတယ်။ ၂၀၁၄ ခုနှစ် နောက်ပိုင်းမှာ ငရုတ်ကောင်း ဂေါ်ရန်ဂျီကျွန်းကိုလည်း ခရီးသွားဝင်ရောက်တာတွေ ရှိနေပါတယ်။

ပုသိမ်မြို့ရဲ့ လူဦးရေမှာ ၂၀၁၅ မှာ ၂.၁ သိန်းရှိရာကနေ ၂၀၄၀ ခုနှစ်မှာတော့ ၃.ဝ သိန်းရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ ပုသိမ် ၂၀၄၀ စီမံကိန်းဟာ ကာလရှည် ၂၀၄၀ အထိ၂၅ နှစ်၊ ကာလပတ် ၂၀၃၀ ခုနှစ်မှာ
၁၅ နှစ်နဲ့ ကာလတို ၂၀၂၀ ခုနှစ်မှာ ၃- ၅ နှစ်ကြားဆောင်ရွက်မှာဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ ဧရိယာစုစုပေါင်း ၁၅၉ .၄ စတုရန်းကီလိုမီတာရှိတယ်လို့သိရပါတယ်။
ပုသိမ်၊ မော်လမြိုင်နဲ့ မန္တလေးမြို့တွေကို မဟာဗျူဟာ မြို့ပြစီမံကိန်းလုပ်ဆောင်ဖို့ ရွေးချယ်ရတာဟာ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးဘက်ပေါင်းစုံတိုးတက်ဖို့အလား အလာရှိတဲ့မြို့တွေအဖြစ် သတ်မှတ်ထားလို့ဖြစ်ပါတယ်။

မန္တလေးဟာ မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းမြို့တော်စီးပွားရေးအချက်အချာကျတဲ့ မြို့ဖြစ်ပြီး ပုသိမ်မြို့ဟာလည်း ဧရာဝတီတိုင်းရဲ့ စပါးကျီဖြစ်တဲ့အတွက်ရွေးချယ်ထားတာဖြစ်တယ်။
မော်လမြိုင်မြို့ကတော့ အာရှနိုင်ငံတွေ ရဲ့ထွက်ပေါက်ဖြစ်တဲ့အတွက်ရွေးချယ်ထားတာလို့ ဦးဇော်ဇော်အေးက ပြောပါတယ်။

သူက ကျန်တဲ့နှစ်မြို့ကတော့ အတည်ပြုချက်မရသေးပါဘူး၊ ပုသိမ်ကရပြီဖြစ်တဲ့အတွက် ခရီးသွားအချက်အချာ
ကျတဲ့ မြို့တစ်မြို့၊ စိမ်းလန်းတဲ့ လယ်ယာစိုက်ပျိုးရေးမြို့တစ်မြို့နဲ့ ထောက်ပံ့ပို့ဆောင်ရေး
အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်အောင်ဆောင်ရွက်မယ်၊ စိုက်ပျိုးရေးကိုအခြေခံတဲ့ စက်မှုမြို့ဖြစ်တဲ့အတွက်လဲ စက်မှုလုပ်ငန်းဖွံ့ဖြိုးအောင်လုပ် ဆောင်မယ်လို့ ဆက်ပြောပါတယ်။

Credit: The Kumudar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service