အထူးစီးပွားရေးဇုန်နှစ်ခု၏ စီမံခန့်ခွဲမှု ကော်မတီများ ပြောင်းလဲခန့်အပ် - Property News in Myanmar from iMyanmarHouse.com
855 Views

အထူးစီးပွားရေးဇုန်နှစ်ခု၏ စီမံခန့်ခွဲမှု ကော်မတီများ ပြောင်းလဲခန့်အပ်

အစိုးရသစ်လက်ထက်တွင် အထူးစီးပွားရေးဇုန် သုံးခုအနက် နှစ်ခု၏ စီမံခန့်ခွဲမှုကော်မတီများကို ပြောင်းလဲ ခန့် အပ်လိုက်ကြောင်း သတင်းရရှိသည်။

ယခင်အစိုးရလက်ထက်က ဖွဲ့စည်းထားသည့် သီလဝါအထူးစီးပွားရေး စီမံခန့်ခွဲမှုကော်မတီတစ်ခုကိုသာ ဆက် လက်တာဝန်ယူပေးခဲ့ပြီး ကျန်ဇုန်ကော်မတီ နှစ်ခုကို ပြောင်းလဲလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်တစ်ဦးက ပြောသည်။

‘‘ကော်မတီသုံးခုစလုံးကို စီးပွားကူးသန်းက တာဝန်ခံလိုက်ရတယ်။ ဒါကြောင့် အားလုံးကို အသစ်ပြန်ခန့်ရတယ်။ သီလဝါကတော့ အရင်အတိုင်း ဆက်လက်လုပ်မယ်’’ဟု ၎င်းက ဆက်လက် ပြောသည်။

လက်ရှိအချိန်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီကို ခန့်အပ်ပြီးဖြစ်၍ ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်က ဇုန်အကောင်အထည်ဖော်ခွင့်ရထားသည့် တရုတ် CITIC ကုမ္ပဏီနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ ကြောင်း အဆိုပါ ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ တာဝန်ခွဲပြောင်းမှုအတွက် နိုဝင်ဘာ ၇ ရက်တွင် ဝန်ကြီးဌာန၌ အစည်းအဝေးတစ်ခုပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် သီလဝါအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ဟူ ၍ အထူးစီးပွား ရေးဇုန်သုံးခုရှိသည်။

၎င်းတို့အနက်သီလဝါအထူးစီးပွားဇုန်သာ စတင်လည်ပတ်နေပြီး ထားဝယ် အထူးစီးပွားရေးဇုန်သည် လုပ်ငန်းရပ်တန့်ထားကာ ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာမူ လုပ်ငန်းစတင်နိုင်ခြင်း မရှိသေးပေ။

ယခုဖွဲ့စည်းထားသည့် ကော်မတီများတွင် စီးပွားရေးပညာရှင်၊ သဘာဝပတ်ဝန်းကျင်ပညာရှင်နှင့် လူမှုစီးပွားရေး ပညာရှင်များပါဝင်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနလက်ထောက်အတွင်းဝန်က ပြော ကြားသည်။

ယခင်အစိုးရလက်ထက်တွင် အထူးစီးပွားရေးဇုန်တစ်ခုလျှင် ဒုဝန်ကြီးအဆင့်ပုဂ္ဂိုလ်များအား စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ပြီး သီလဝါအထူးစီးပွားရေးဇုန်ကို ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဆက်အောင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

အစိုးရသစ်လက်ထက် သက်တမ်းခုနစ်လကျော်တွင် အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီကို ယခုကဲ့သို့ ပြန် လည်ဖွဲ့စည်းနိုင်ခြင်းဖြစ်သည်။ အထူးစီးပွားရေး ဇုန်ဆိုင်ရာ ဗဟိုအဖွဲ့နှင့် ဗဟိုလုပ် ငန်းအဖွဲ့များကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်က သြဂုတ် ၁၂ ရက်၌ဖွဲ့စည်းပေးခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနကို အထူးစီးပွားရေးဇုန်များ တာဝန်ခံဝန်ကြီးဌာနအဖြစ် တာဝန်ပေးခဲ့သည်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service