ဘယ်ဆီကို မျှော်လို့ မှန်းဆရပါ့မလဲ - Property News in Myanmar from iMyanmarHouse.com
2804 Views

ဘယ်ဆီကို မျှော်လို့ မှန်းဆရပါ့မလဲ

အောက်တိုဘာလ အထဲမှာ အရောင်းအ၀ယ် ကောင်းခဲ့တဲ့ ကျပ်သိန်း ၁၀၀ အောက်မြေကွက် အရောင်းအ၀ယ် တွေ လွန်ခဲ့တဲ့ ၁၀ ရက်ဝန်းကျင်က စပြီး အရောင်းသာ ရှိပြီး အ၀ယ်မရှိတော့လို့ ဈေးကွက်ကတဖန်ပြန်လည် အေးစက်သွားတဲ့ အကြောင်း မိတ်ဆွေ အိမ်ခြံမြေ အကျိုးဆောင်တွေ ဆီက သတင်းတွေ ကြားလာရပါတယ် ။

ရွှေဈေး ဒေါ်လာဈေး အပြောင်းအလဲကြောင့် ပိုမိုခိုင်မာပြီး ဈေးထပ်ကျဖို့ အကြောင်းမရှိ နိုင်တော့ဘူးလို့ ခန့်မှန်းကြတဲံ မြေဘက်မှာ တန်ဖိုး သိန်းတစ်ရာအောက် မြေကွက်လေးတွေ အောက်တိုဘာလထဲမှာ အလုပ်ဖြစ်ခဲ့လို့ ပွဲစား အကျိုးဆောင်တွေလည်း နည်းနည်းပါးပါး အသက်ရှုချောင်ခဲပါတယ်။

တစ်နှစ်ကျော်ကာလ အထိ အရောင်းသာ ရှိပြီး အ၀ယ်ပျောက်ခဲ့တဲ့ အိမ်ခြံမြေဈေးကွက် တစ်ဖန်ပြန် အသက်ဝင်လာမယ် လို့ အိမ်ခြံမြေ သမားတွေ အကောင်းဘက်က ရှုမြင်သုံးသပ်ခဲ့ကြပါတယ်၊ သိန်း ရာဂဏာန်းအောက် အကွက်လေးတွေ အရောင်းအ၀ယ် ကောင်းနေတာကနေ ရုတ်တရက် အ၀ယ်ပျောက်သွားလို့ တော်တော်များများ ၀ါရင့်အကျိုဆောင်တွေ တောင် အခုချိန်မှာ ဈေးကွက်ကို မှန်းဆဖို့ ခက်ခဲလာစေပါတယ်။

အိမ်ခြံမြေဈေးကွက် အပြောင်းအလဲ နိမ့်လိုက်မြင့်လိုက် ဖြစ်နေတဲ့ အကြိမ်အရေ အတွက် များတာနဲ့ အမျှ စီးပွားရေး မူဝါဒတည်ငြိမ်မှု အားနည်းတယ် ဆိုတဲ့ သဘောကို ပြသနေတယ်လို့ ပညာရှင်အချို့ကလည်း သုံးသပ်ထားပါတယ် ၊ နိုင်ငံရေး အပြောင်းအလဲ နဲ့ မြန်မာစီးပွားရေးက တိုက်ရိုက်အချိုးကျ ဆက်စပ်နေတာ အားလုံးအသိဘဲဖြစ်ပါတယ်။

စီးပွားရေးမှာ မူဝါဒ တစ်ခု ၊ နိုင်ငံရေး လှုပ်ခတ်မှု တစ်ခုဖြစ်တိုင်း လည်ပတ်နေတဲ့ စီးပွားရေးဈေးကွက်မှာ အပြောင်းအလဲတွေ မြန်ဆန်စွာ ဖြစ်ပေါ်နေတက်ပါတယ် ၊ဒီလို အခင်းအကျင်းကြောင့်လည်း တစ်နွယ်ဝင် တစ်ဇင်ပါ ဆိုသလို အိမ်ခြံမြေ လုပ်ငန်းတွေ မှာလည်း အပြောင်းအလဲ တွေ အခုရက်ပိုင်းအတွင်းမှာ ခပ်စိပ်စိပ် တွေ့နေမြင်နေကြားနေရဆဲဖြစ်ပါတယ်။
မကြာမီ အစိုးရက ရောင်းချပေးတော့မယ့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းတွေ အပြင် ပြည်ပအကူအညီတွေ အများကြီးရတော့မှာဖြစ်လို့ ပြောင်းလဲလာနိုင်တဲ့ စီးပွားရေး အခင်းအကျင်းကို ထပ်မံ စောင့်ကြည့်ချင်သေးတဲ့ အတွက် အရှိန်ယူစပြုနေပြီဖြစ်တဲ့ အိမ်ခြံမြေ ဈေးကွက် လောလောဆယ် ခေတ္တခဏ ဈေးကွက်ပြန်အေးသွားတာ ဖြစ်တယ်လို့ သုံးသပ်သူတွေလည်း အများအပြား ရှိလာနေပါတယ် ။

အိမ်ခြံမြေဈေးကွက်ထဲမှာလည်း အရောင်းအ၀ယ်ဖြစ်လိုက် ပြန်ပြီး အ၀ယ်ပျောက်သွားလိုက် တစ်ခါတစ်လေ အ၀ယ်ပြန်ဖြစ်လိုက်နဲ့ လည်ပတ်နေတဲ့အတွက် တကယ်ဖြစ်နေတဲ့ ဈေးကွက်လှုပ်ရှားမှုလား ၊ သေသေချာချာ စနစ်တကျ ဈေးနှုန်းဆွဲတင်တဲ့ လော်ဘီ ဈေးကစားတဲ့ ဈေးကွက်လား ၊ အုပ်စုဖွဲ့ ဈေးညှီပြီး အပြင်လူ ဆွဲခေါ်တဲ့ ဈေးကွက်လား ဆိုတာတော့ ပါဝင်ပက်သက်သူတွေ ၊ ပါဝင်ပက်သက်ဖို့ ကြံရွယ်ထားတဲ့ သူတွေ အသေအချာ လေ့လာဖို့ လိုပါတယ် ၊ သေချာတာတစ်ခုကတော့ မြေကြီးဆိုတာ ကားတွေလိုမျိုး အရည်ကျို ပစ်ပြီး နောက်တစ်စီး အသစ် သွင်းလိုက်လို့ရတဲ့ အမျိုးအမည် မဟုတ်ဘဲ ကန့်သတ်ချက် အများကြီး ရှိတဲ့အတွက်ကြောင့် အခုလောလောဆယ်မှာ ခိုင်မာမှု အရှိဆုံး ရင်းနှီးမြုပ်နှံစရာ ဈေးကွက်ဖြစ်နေတာ တော့ မဆန်းလှပါဘူး ။

စီးပွားရေးသမားတွေ ၊ တစ်နိုင်တပိုင် ရင်းနှီးမြုပ်နှံတဲ့လူတွေ ဘက်က ပြန်ကြည့်မယ် ဆိုရင်လည်း အပြစ်တော့ ဆိုဖို့ခက်ပါတယ် ၊ခေတ်အဆက်ဆက်မှာ ပေါ်လစီ အချိန်းအပြောင်းကြောင့် ခံခဲရပေါင်းများခဲ့တဲ့ အတွက် လူတော်တော်များများ အရေထူနေကြသလို အမြဲတမ်း အခင်းအကျင်းသစ်တွေကို စောင့်ကြည့်နေရတဲ့ အတွက်ကြောင့်လည်း ရေရှည်စီးပွားရေး လုပ်ငန်းတွေ မှာ ရင်းနှီးမြုပ်နှံတဲ့ လူတွေ အခုနောက်ပိုင်းခေတ်တွေမှာ တော်တော်
နည်းပါးလာပါပြီ ။

နောက်တစ်ချက်ကတော့ မြန်မာသမိုင်းမှာ အရေးအကြီးဆုံး ဖြစ်တဲ့ အပြောင်းအလဲ ကြီးတစ်ခု အဖြစ် နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်းမှာ ဒီမိုကရေစီ အစိုးရတက်လာပြီဖြစ်တဲ့ အတွက် အရိုးစွဲပြီး ခေါက်ရိုးကျိုးနေတဲ့ စီးပွားရေး အခင်းအကျင်းဟောင်းကနေ ပြည်ပ အကူအညီတွေနဲ့ နိုင်ငံတကာ မျက်နှာစာ မှာ မော်ကြွားနိုင်တဲ့ ယနေ့ခေတ် စီးပွားရေး အခင်းအကျင်းသစ်ကို ရောက်ဖို့ တာစူနေပါပြီ ။

ပုံမှန်လည်ပတ်နေတဲ့ စီးပွားရေး ပုံစံ အဟောင်းကနေ စီးပွားရေး ပုံစံသစ်တစ်ခုကို အချိန်အတို အတွင်းမှာ ပြောင်းလဲဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ် ၊ အချို့သော လုပ်ငန်းရှင်တွေ အပြောအရတော့ အချိန် အနည်းဆုံး တစ်နှစ်ခွဲကနေ နှစ်နှစ်လောက်တော့ လိုအပ်တဲ့အတွက် အချိန်ယူစောင့်ကြည့်ရမယ် ဆိုတဲ့ သုံးသပ်မှု တွေကလည်း ထိပ်သီး စီးပွားရေး လုပ်ငန်းရှင် အချို့က ပြောဆိုထားကြပါတယ် ။။

အဆိုးထဲက အကောင်းလို့ဘဲ ပြောပြော မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံရတဲ့ ပုံသဏ္ဍာန်က အခြားနိုင်ငံတွေထက် ပုံသဏ္ဍာန်ကွဲပြားလို့ စီးပွားရေးကျနေတဲ့ လက်ရှိ အခြေအနေ မှာတောင် ခံသာသေးတယ်လို့ ဖြေတွေးရမလို ဖြစ်နေပါတယ် ၊ ကမ္ဘာစီးပွားရေး ထိပ်တန်း အမေရိကန် ပြည်ထောင်စုလို နိုင်ငံမှာတောင် အိမ်ခြံမြေ ဈေးကွက် ပြိုလဲတာ နဲ့ ဘဏ်တွေပါ ပြိုလဲလို စီးပွားရေးမှာ တော်တော်လေး အကျပ်အတည်းတွေ့ခဲံရပါတယ် ။သမ္မတဘားရက် အိုဘားမား အစိုးရ အနေနဲ့ ဒီအကျပ်အတည်းက လွတ်မြောက်ဖို့ တော်တော်လေးကို အားထုတ်လိုက်ရပါတယ်၊

မြန်မာနိုင်ငံမှာတော့ မြေဘဲဝယ်ဝယ် ၊ တိုက်ဘဲ ဆောက်ဆောက် ၊ စက်မှုဇုန်မှာ စက်ရုံဆောက်တာ ဘဲ ဖြစ်ဖြစ် ကိုယ့်အားကိုယ်ကိုး ရင်းနှီးမြုပ်နှံရတဲ့ စီးပွားရေး ပုံသဏ္ဍာန်ဖြစ်ပါတယ် ၊ အလုပ်လုပ်ချင်တယ် ရင်းနှီးမြုပ်နှံချင်တယ်ဆိုရင် ကိုယ့်ငွေကိုယ်ထုတ် တာဘဲဖြစ်ဖြစ် မိတ်ဆွေသူငယ်ချင်း အနည်းအပါးနဲ့ စပ်တူ အချိုးကျထည့်ဝင်တာဘဲ ဖြစ်ဖြစ် ၊ အပြင်ကနေ အတိုးနဲ့ ချေးပြီး လည်ပတ်ရတဲ့ပုံသဏ္ဍာန်နဲ့ လည်ပတ်နေရတာ ဖြစ်ပါတယ် ။

အခုလို အိမ်ခြံမြေ နဲ့ ဆောက်လုပ်ရေးသမားတွေ တစ်နှစ်ခွဲ နှစ်နှစ်လောက် အချိန်ထိ ပြသနာ ပေါင်းစုံနဲ့ လည်ပတ်နေရတာဖြစ်ပါတယ် ၊ နိုင်ငံတကာလို မြေ၀ယ်တာဘဲဖြစ်ဖြစ် ၊ တိုက်ဆောက်တာဘဲဖြစ်ဖြစ် ဘဏ်ကို အားကိုးပြီး ၀ယ်ထားကြမယ် ဆိုရင်တော့ သိသာတဲ့ရိုက်ခတ်မှု တစ်ခုဖြစ်လာနိုင်ပေမယ့် အခုလောလောဆယ်တော့ ကိုယ်ဖြစ်ကိုယ်ခံ တဲ့ အနေအထားနဲ့ ရင်းနှီးမြုပ်နှံထားသူတွေ ကြိတ်မှိတ်ခံနေရတဲ့ အနေအထားဖြစ်ပါတယ် ။

လုပ်ငန်းရှင်တွေ ငွေထုတ်ပိုက်ပြီး ဈေးကွက်ကို ဘယ်လောက် အချိန်အတိုင်းအတာ တစ်ခု အထိ လက်ပိုက်ကြည့်မလဲ ဆိုတဲ့ အဖြေက အရမ်းအရေးကြီးပါတယ် ၊ငွေရှင်တွေ ငွေထုတ်ပိုက်ပြီး လုပ်ငန်းသစ် တွေ ၊ ရင်းနှီးမြုပ်နှံမှု သစ်တွေ ထပ်မလုပ်တော့တဲ့အပြင် ရှိရင်းစွဲ လုပ်ငန်းတွေလည်း ထပ်တိုးမချဲ့ဘဲ လုပ်ငန်းလည်ပတ်ရုံသာသာ လုပ်နေတဲ့
အခြေအနေ ဆိုးတစ်ခုကနေ ရုန်းထွတ်ကြဖို့ အချိန်တန်ပါပြီ။

အပြန်အလှန် သုံးသပ်ချက်တွေ သီအိုရီ သဘောတရားအရ စီးပွားရေးဈေးကွက်မှာ Wait and See အခြေအနေကို ပါဝင်ပက်သက်သူတိုင်း နားလည် သဘောပေါက် လက်ခံကြပါတယ် ၊ ဒါပေမယ့် အကူးအပြောင်းဖြစ်စဉ်တစ်ခုက အချိန်ကာလ တစ်ခု အတွင်းလောက်မှာ ဘဲ ပြီးဆုံးသင့်ပြီး wait and see စောင့်ကြည့်ရတဲ့ အချိန်ကာလ ကြာရှည်လာရင်တော့ နိုင်ငံစီးပွားရေး အတွက်အလားအလာ မကောင်းနိုင်ပါဘူး ။ အထူးသဖြင့် ရင်းနှီးမြုပ်နှံမှုတွေ ပမာဏ ကြီးကြီးမားမား မြုပ်နှံလုပ်ကိုင်ရမယ့် အိမ်ခြံမြေ နဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေဆိုရင် အချိန်တော်တော်နဲ့ ငွေပြန်မပေါ်နိုင်တဲ့ အတွက် ရေရှည်မှာ ပြသနာ ဖြစ်လာနိုင်ပါတယ်။ အချိန်တွေ ကြာလာပြီဖြစ်တဲ့အတွက်ကြောင့် wait and see အချိန်ကာလ ကုန်ဆုံးသင့်ပြီလို့ ယုံကြည်ယူဆမိပါတယ် ။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service