ဒဂုံမြို့ သစ်ဆိပ်ကမ်းမြို့နယ်တွင် အခန်းပေါင်း ၁၅ဝဝဝ ပါဝင်မည့် တန်ဖိုးနည်းအိမ်ရာ ၂ဝ၁၈ တွင် စတင်တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
2796 Views

ဒဂုံမြို့ သစ်ဆိပ်ကမ်းမြို့နယ်တွင် အခန်းပေါင်း ၁၅ဝဝဝ ပါဝင်မည့် တန်ဖိုးနည်းအိမ်ရာ ၂ဝ၁၈ တွင် စတင်တည်ဆောက်မည်

ဝင်ငွေနည်းပါးသည့် မိသားစုများအတွက် အခန်းပေါင်း ၁၅ဝဝဝ ခန့် ပါဝင်မည့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းကို ၂ဝ၁၈ ခုနှစ်တွင် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ မြနန္ဒာလမ်းနှင့် ရွှေလီ လမ်းထောင့်တွင် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း Capital Construction ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးတင်မောင်ဝင်းက ပြောကြားသည်။

အဆိုပါ တန်ဖိုးနည်း အိမ်ရာစီမံကိန်းကို ဦးဆောင် ဆောက်လုပ်ရေး ကုမ္ပဏီအဖြစ် Capital Development ကုမ္ပဏီက ရရှိထားပြီး စေပိုင်ဆောက်လုပ်ရေးနှင့် Bagan Business Group ဆောက်လုပ်ရေး လုပ်ငန်းများက ပူးပေါင်း ဆောက်လုပ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဒီတန်ဖိုးနည်းအိမ်ရာကို ဝင်ငွေနည်း မိသားစုတွေအတွက် အဓိကထားပြီး တည်ဆောက်မှာပါ။ ရေ၊ မီး မရရှိသေးဘဲ တည်ဆောက်ရင် အဆင် မပြေတဲ့အတွက် အစိုးရဘက်က ၂ဝ၁၈ မှာ ရေရမယ်လို့ ပြောထားတဲ့အတွက် ရေရတာနဲ့ စ ဆောက်သွားမှာပါ။ ရောင်းချမယ့် ဈေးနှုန်းကတော့ စတင် တည်ဆောက်တာနဲ့ ကြေညာပေးသွားမှာပါ”ဟု ၎င်းကဆိုသည်။

တန်ဖိုးနည်း အိမ်ရာစီမံကိန်းကို ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ မြနန္ဒာလမ်းနှင့် ရွှေလီလမ်းထောင့်ရှိ အစိုးရပိုင်မြေ ၁၈၃ ဧကပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး ၎င်းအိမ်ရာ စီမံကိန်းတွင် ရှော့ပင်းစင်တာ၊ ဈေး၊ ကျောင်း၊ ပန်းခြံ၊ ကစားကွင်း၊ စီးပွားရေး အဆောက်အအုံ၊ ဘတ်စ်ကားဂိတ်၊ ဓမ္မာရုံများ ပါဝင်မည်ဖြစ်ပြီး မြို့သစ် တစ်မြို့ကဲ့သို့ ဖြစ်စေရန် ရည်ရွယ် တည်ဆောက် ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ တန်ဖိုးနည်း အိမ်ရာစီမံကိန်း တည်ဆောက်ရန် ၂ဝ၁၅ ခုနှစ်၊ ဧပြီလက ချိပ်ပိတ်တင်ဒါ ခေါ်ယူခဲ့ပြီး ပြည်တွင်း၊ ပြည်ပ ဆောက်လုပ်ရေးကုမ္ပဏီ ၁၂ ခုက တင်ဒါ တင်သွင်းခဲ့သည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service