ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာ ကယ်လ်ဗင်ကလိန်း ဟောလိဝုဒ်တွင် နေအိမ်ဝယ်လိုသောကြောင့် မီယာမီကမ်းခြေရှိ နေအိမ်ကိုရောင်းချ - Property News in Myanmar from iMyanmarHouse.com
1600 Views

ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာ ကယ်လ်ဗင်ကလိန်း ဟောလိဝုဒ်တွင် နေအိမ်ဝယ်လိုသောကြောင့် မီယာမီကမ်းခြေရှိ နေအိမ်ကိုရောင်းချ

ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာ ကယ်လ်ဗင်ကလိန်းပိုင် မီယာမီကမ်းခြေနေအိမ်ကြီး ကန်ဒေါ်လာ ၁၅ သန်းဖြင့် အရောင်းဈေးကွက်ပြန်လည် ၀င်ရောက်လာကြောင်း နယူးယောက်အခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကယ်လ်ဗင်ကလိန်းသည် အဆိုပါနေအိမ်ကို ၂၀၁၅ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဈေးခေါ်ရောင်းချခဲ့သော်လည်း ရောင်းမထွက်ခဲ့သောကြောင့် ဈေးလျှော့ကာ အရောင်းဈေးကွက်ပြန်တင်လာခြင်း ဖြစ်သည်။

ကယ်လ်ဗင်ကလိန်းသည် မီယာမီကမ်းခြေ၊ North Bay လမ်းမပေါ်ရှိ အဆိုပါနေအိမ်ကို ၂၀၀၅ ခုနှစ်အတွင်းက ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။ယင်းနေအိမ်ကြီး၏ နောက်ဆုံးအရောင်းအ၀ယ်ဖြစ်ခဲ့သည့်ဈေးနှုန်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၆၃ သန်းဖြစ်ပြီး ၁၉၉၉ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ဖြစ်သည်။
အကျယ်အ၀န်း၅၈၀၀စတုရန်းပေရှိသော နေအိမ်၏ အောက်ထပ်တွင် ရေကူးကန်တစ်ခု ပါဝင်ပြီး ပင်လယ်ကမ်းခြေနှင့် ၁၁၃ ပေသာ ကွာဝေးသည်။

၁၉၂၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဥရောပဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားကာ ဟင်းလင်းပြင်ဧည့်ခံဆောင်နှင့် ညစာစားရာနေရာတို့ ပါဝင်သောကြောင့် နေထိုင်မှုအတွက် စတုရန်းပေ ၂၀၀၀ ခန့် ပိုမိုရရှိနိုင်သည်။

နေအိမ်အတွင်း ရေချိုးခန်း ၅ ခန်းပါဝင်သည်။
ယခုအခါ အသက် ၇၃ နှစ်ရှိပြီဖြစ်သော မစ္စတာကယ်လ်ဗင်ကလိန်းသည် နေအိမ်အတွင်းတွင် ကမ္ဘာတစ်ဝန်းမှ ပရိဘောဂမျိုးစုံ ၀ယ်ယူဖြည့်တင်းခဲ့ရာ ယခုရောင်းချမှုတွင် အဆိုပါပရိဘောဂများလည်း ပါဝင်မည်ဖြစ်သည်။

နေအိမ်ကြီး၏ နံရံနှင့် ကြမ်းခင်းများအတွက် ကယ်လ်ဗင်ကလိန်းကဘယ်လ်ဂျီယမ်လက်မှုပညာရှင်
တစ်ဦးကို ခေါ်ယူကာ မွမ်းမံစေခဲ့သည်ဟု ဆိုသည်။
ယခင်ကမူ ကယ်လ်ဗင်ကလိန်းက ဤနေအိမ်ကြီးသည် ၎င်းအတွက် နိဗ္ဗာန်ဘုံတစ်ခုဖြစ်သောကြောင့် မည်သည့်အခါမျှ ရောင်းချမည် မဟုတ်ကြောင်း ပြောကြားခဲ့ဖူးသည်။

“ဒီအိမ်ကိုရောင်းရတာ ကျွန်တော့်နှလုံးသားတွေ ကွဲကြေစေပါတယ်။ တစ်ခုပဲရှိတယ်..ဆိုတဲ့စကားကိုသုံးရမှာ ကျွန်တော်မုန်းပါတယ်။ ဒါပေမယ့် ဒီအိမ်လိုမျိုး တခြားတစ်အိမ်ဘယ်မှာမှ မတွေ့ဖူးပါဘူး။ ဒီအိမ်ရဲ့ အလှဗေဒကို ခံစားနားလည်တဲ့သူတစ်ယောက်ယောက်ကို ကျွန်တော်ရောင်းချင်ပါတယ်” ဟု ကီဗင်ကလိန်းက ဆိုသည်။

ကီဗင်ကလိန်းသည် နာမည်ကျော် ဟောလိဝုဒ်ဟေးလ်တွင် နေအိမ်ဝယ်ယူလို
သည့်အတွက်ဤနေအိမ်ကို ရောင်းချရခြင်းဖြစ်ကြောင်း
လည်း ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာ ကယ်လ်ဗင်ကလိန်း ဟောလိဝုဒ်တွင် နေအိမ်ဝယ်လိုသောကြောင့် မီယာမီကမ်းခြေရှိ နေအိမ်ကိုရောင်းချ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာ ကယ်လ်ဗင်ကလိန်း ဟောလိဝုဒ်တွင် နေအိမ်ဝယ်လိုသောကြောင့် မီယာမီကမ်းခြေရှိ နေအိမ်ကိုရောင်းချ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာ ကယ်လ်ဗင်ကလိန်း ဟောလိဝုဒ်တွင် နေအိမ်ဝယ်လိုသောကြောင့် မီယာမီကမ်းခြေရှိ နေအိမ်ကိုရောင်းချ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာ ကယ်လ်ဗင်ကလိန်း ဟောလိဝုဒ်တွင် နေအိမ်ဝယ်လိုသောကြောင့် မီယာမီကမ်းခြေရှိ နေအိမ်ကိုရောင်းချ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာ ကယ်လ်ဗင်ကလိန်း ဟောလိဝုဒ်တွင် နေအိမ်ဝယ်လိုသောကြောင့် မီယာမီကမ်းခြေရှိ နေအိမ်ကိုရောင်းချ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service