စီးပွားရေးလုပ်ကိုင်ရ လွယ်ကူသည့် နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံကအဆင့်တစ်ခုတက် - Property News in Myanmar from iMyanmarHouse.com
1636 Views

စီးပွားရေးလုပ်ကိုင်ရ လွယ်ကူသည့် နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံကအဆင့်တစ်ခုတက်

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲမှုအချို့ကို ဆောင်ရွက်ခဲ့သောကြောင့် နိုင်ငံပေါင်း
၁၉၀ အနက် စီးပွား ရေးလုပ်ရ လွယ်ကူသည့် နိုင်ငံများစာရင်းတွင် အဆင့် ၁၇၀ရှိ
ခဲ့ရာမှ၁၇၁သို့ တက်လှမ်းနိုင်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်က အောက်တိုဘာ ၂၆ ရက်တွင်
အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

"မြန်မာနိုင်ငံသည် ပြီးခဲ့သည့်နှစ်အတွင်း
စီးပွားရေးလုပ်ငန်း မှတ်ပုံတင်ခြင်းနှင့်
ကြွေးမြီဆိုင်ရာ သတင်း အချက်အလက်ဗဟို ဌာန (Credit Bureau) တည်ထောင်
ခွင့်ပြု သည့် ဥပဒေပြဋ္ဌာန်းနိုင်ခဲ့ခြင်းတို့ အပါအ၀င် ပြုပြင် ပြောင်းလဲမှုများဖြင့် နိုင်ငံ၏
စီးပွားရေးကြီးကြပ်ကွပ်ကဲမှုကို တိုးတက်စေခဲ့သည်"ဟု ကမ္ဘာ့ဘဏ်အုပ်စု၏ နှစ်စဉ်
ထုတ်ပြန်သော Doing Business Report ၂၀၁၇ တွင် ဖော်ပြထားသည်။

နိုင်ငံပြုပြင်ပြောင်းလဲမှုအချို့နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသည် ကုမ္ပဏီ မှတ်ပုံတင်
စရိတ် လျှော့ချခြင်းဖြင့် စီးပွားရေးလုပ်ငန်းတစ်ခု စတင်ရာတွင် ပိုမိုလွယ်ကူလာခဲ့ပြီ
ဖြစ်သကဲ့သို့ ကုမ္ပဏီတစ်ခုကို တရားဝင်မှတ်ပုံ တင်ရာတွင် လိုအပ်သည့် ထောက်ခံစာနှင့်
ပြစ်မှုမှတ်တမ်း ကင်းရှင်းကြောင်း သက်သေခံလက် မှတ် တင်ပြရသည့် သတ်မှတ်ချက်
တို့ကို ဖယ်ရှားခြင်းဖြင့် ပိုမိုရိုးရှင်းအောင် ပြုလုပ်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအချက်နှင့်ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ
ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ကုမ္ပဏီမှတ်ပုံတင်ကြေးကို ထက်ဝက်လျှော့
ချပေးခဲ့ကြောင်း ပြောကြားသည်။

"ကုမ္ပဏီမှတ်ပုံတင်ကြေးက အရင် ၁၀ သိန်းကနေ ငါးသိန်းလျှော့လိုက်တယ်။ နောက်ကျွန်တော်တို့က
အရင်ကဆိုရင် ကုမ္ပဏီ မှတ်ပုံတင်မယ်ဆိုရင် ယူလာရတဲ့ စာရွက်တွေ အများကြီးပဲ။ အဲဒါတွေ
အကုန်လျှော့ချ ပစ်လိုက်တယ်။ နောက် ကုမ္ပဏီမှတ်ပုံတင် တဲ့လုပ်ငန်းပေါ့၊ အရင်တုန်းက
တစ်ပတ်၊ တစ်ပတ်ကျော်လောက်ကြာတယ်။ အခုဆို တစ်ပတ်တောင်မကြာတော့ဘူး"ဟု
၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

ကမ္ဘာ့ဘဏ်၏ လေ့လာချက်တွင် စီးပွား ရေးလုပ်ငန်းစတင်ခြင်း (ကုမ္ပဏီမှတ်ပုံတင် ခြင်း)သည်
အချက်တစ်ခုအနေဖြင့် ပါဝင် ပြီး လျှပ်စစ်ဓာတ်အား
ရရှိရေး၊ အခွန်ပေးဆောင်မှု၊ အရင်းအနှီး
ရရှိစေမှု၊ ဆိပ်ကမ်းရှင်းလင်းခြင်း စသည့် ကဏ္ဍများလည်းပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အဆင့်အနေဖြင့် ၁၇၀ တွင် ရှိနေသေးသော် လည်း ပွင့်လင်းစနိုင်ငံ
ဖြစ်သောကြောင့် ရမှတ်အနေဖြင့်မူ ကောင်းမွန်သည့်အချက် များကို တွေ့ရကြောင်း
ကမ္ဘာ့ဘဏ်အုပ်စု ၏ Senior Operation Officer ဖြစ်သော Mr. Charles Schneider က
မီဒီယာများကို ပြောကြားသည်။

မြန်မာနိုင်ငံက ပြည်ပနှင့် ကုန်သွယ်ရေးလုပ်ငန်းများတွင် ယခုထက်ပိုပြီး ပြုပြင်ပြောင်းလဲမှုများ
ပြုလုပ်သွားရန် လိုအပ်နေ ပြီး ပင်လယ်ဆိပ်ကမ်းလုပ်ငန်း၊ ကုန်စည်သယ်ယူရေးလုပ်ငန်းများတွင်
ပိုမိုမြန်ဆန် စွာ ဆောင်ရွက်သွားရန် လိုအပ်နေသည်ဟု ဆိုသည်။

"ဒီဟာတွေလည်း ပြုပြင်ပြောင်း လဲနေတာ ရှိပါတယ်။ သို့သော် ဒီထက် ပိုလုပ်ဖို့ လိုအပ်နေ
ပါသေးတယ်"ဟု ၎င်းက အကြံပြုသွားသည်။ ပြီးခဲ့သည့်နှစ်အတွင်း ကြွေးမြီဆိုင်ရာအချက်
အလက်ဗဟိုဌာနတစ်ခု တည်ထောင် ဖွင့်လှစ်ခွင့်ပြုသည့် ဥပဒေတစ်ခု ပြဋ္ဌာန်း ခဲ့ခြင်းကြောင့်လည်း
ကြွေးမြီဆိုင်ရာ သတင်း အချက်အလက်စနစ်ကို တိုးတက်စေခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။

လာမည့်တစ်နှစ်၊ နှစ်နှစ်အတွင်း အဆိုပါရုံး တည်ထောင်ပြီးပါက လုပ်ငန်းရှင်များက ၎င်းတို့
လိုချင်သော ချေးငွေဆိုင်ရာ အချက်အလက် များကို ရယူနိုင်တော့မည်ဖြစ်သည်။

ထို့ကြောင့်လာမည့်နှစ်များတွင် ငွေရေးကြေးရေးကဏ္ဍပိုပြီး မြင့်တက်လာရန်ရှိကြောင်း
Charles Schneider က ပြောကြားခဲ့သည်။ "အဓိကအချက်ကတော့ အသေးစားနဲ့အလတ်စားလုပ်ငန်းတွေက
ငွေတွေပိုပြီး တော့ ချေးယူလာနိုင်မယ်။
နောက်တစ်ခုက တော့ သူတို့အနေနဲ့ ငွေချေးယူမယ်ဆိုရင် အိမ်တို့၊ မြေတို့ မရွှေ့ပြောင်းနိုင်တဲ့
ပစ္စည်း(အပေါင်ထား)ကနေ နောင်ဆိုရင် ကားတို့၊ တခြားပစ္စည်းတွေကနေ (အပေါင်း
ထားပြီးချေးယူခြင်း) ပိုပြီးတော့ ချေးယူ နိုင်မယ့် နည်းလမ်းတွေ များလာမယ်ဆိုရင်
သူတို့အနေနဲ့ ပိုက်ဆံချေးရတာပိုပြီး လွယ်ကူလာလိမ့်မယ်"ဟု ၎င်းက ပြောခဲ့သည်။

Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service