ထိုင်းနိုင်ငံတွင် ဘုရင်မင်းမြတ်လွမ်းဆွတ်တသမှုကာလသတ်မှတ်လိုက်ရာ ပွဲလမ်းအားလုံးပိတ်ပင်လိုက်သောကြောင့် အိမ်ခြံမြေ၊ မီဒီယာနှင့် အဖျော်ယမကာ လုပ်ငန်းကဏ္ဍများ များစွာအထိနာ - Property News in Myanmar from iMyanmarHouse.com
2368 Views

ထိုင်းနိုင်ငံတွင် ဘုရင်မင်းမြတ်လွမ်းဆွတ်တသမှုကာလသတ်မှတ်လိုက်ရာ ပွဲလမ်းအားလုံးပိတ်ပင်လိုက်သောကြောင့် အိမ်ခြံမြေ၊ မီဒီယာနှင့် အဖျော်ယမကာ လုပ်ငန်းကဏ္ဍများ များစွာအထိနာ

ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူယာဒက်ဂ်ျသည် အောက်တိုဘာ ၁၃ ရက်က နတ်ရွာစံခဲ့ရာ ဘုရင်မင်းမြတ် လွမ်းဆွတ် အောက်မေ့ဖွယ် ကာလသတ်မှတ်လိုက်ပြီး ရက်ပေါင်း ၃၀ အတွင်း ပျော်ပွဲရွှင်ပွဲများအပါအ၀င် ပွဲလမ်းအားလုံး ကျင်းပခွင့် ပိတ်ပင်လိုက်ရာ အိမ်ခြံမြေ၊ မီဒီယာနှင့် အဖျော်ယမကာ လုပ်ငန်းကဏ္ဍများ များစွာအထိနာမည့် အရေးနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း အမေရိကန် အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဘုရင်ဘူမိဘောသည် ချက္ကရီမင်းဆက်၏ န၀မမြောက်ဧကရာဇ် ဖြစ်သည်။
ထိုင်းနိုင်ငံတွင် ဘုရင်ဘူမိဘောလွမ်းဆွတ်မှုကာလအဖြစ် တစ်နှစ်တာကာလ တရားဝင်သတ်မှတ်လိုက်ပြီး လာမည့် နိုဝင်ဘာလ လယ်ခန့်အထိ လူအများအလယ်တွင် အရက်သေစာသောက်စားခြင်း အပါအ၀င် အခမ်းအနားကျင်းပမှု အားလုံးပိတ်ပင် တားမြစ်လိုက်ခြင်း ဖြစ်သည်။

အရက်ဘားများ၊ ညကလပ်များပိတ်သိမ်းခံထားရပြီး ပါတီပွဲများ၊ စင်မြင့်ဖျော်ဖြေပွဲများ၊ ပွဲလမ်းသဘင်များနှင့် ထုတ်ကုန်ပြပွဲများ အားလုံးသည် နောက်ထပ်အသိပေးချက် ထပ်မံမထုတ်ပြန်သေးသည့်ကာလအထိ ဖျက်သိမ်းခြင်း၊ ရွှေ့ဆိုင်းခြင်းများ ပြုလုပ်ခဲ့ရသည်ဟု ဆိုသည်။

ထို့အပြင် ရုပ်မြင်သံကြားထုတ်လွှင့်မှုများတွင် ကဇာတ်များ၊ ဟာသများနှင့် ဂိမ်းကစားပွဲများ ထုတ်လွှင့်ခြင်းကိုလည်း ပိတ်ပင်လိုက်သည့်အပြင် ဘန်ကောက်၏ နာမည်ကျော် ပြည့်တန်ဆာရပ်ကွက်များအားလုံး ပိတ်သိမ်းခံထားရသည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် ဖျော်ဖြေရေးလုပ်ငန်း
များဖြင့် အဓိကရပ်တည်လျက်ရှိသော ထိုင်းနိုင်ငံအတွက် ကြီးမားသော အထိနာမှုပင် ဖြစ်သည်။
လုပ်ငန်းရှင်များအနေဖြင့် အကျိုးအမြတ်ဆုံးရှုံးခြင်း၊ ၀န်ထမ်းမရှိခြင်း၊ ကုန်ထုတ်စွမ်းအားလျော့ကျခြင်း၊ ဆုံးဖြတ်ချက်ချမှတ်နိုင်မှု နှေးကွေးခြင်းများ ရင်ဆိုင်ရလျက်ရှိသည်ဟု အတိုင်ပင်ခံအဖွဲ့အစည်းဖြစ်သော BowerGroupAsia က ထုတ်ပြန်သည်။

ဖျော်ဖြေပွဲများ ပိတ်ပင်ခြင်းမှာ တရားဝင် (သို့မဟုတ်) တရားမ၀င်အားဖြင့် ၃ လခန့် ပိတ်သိမ်းနိုင်ကြောင်း မှန်းဆချက်များ မြင့်တက်လာလျက်ရှိနေသည်။
“စတုတ္တသုံးလပတ်ဟာ ပွဲလမ်းရာသီဖြစ်တာကြောင့် စီးပွားရေးနှေးကွေးမှုရဲ့အကျိုးဆက်ရိုက်ခတ်မှုက
တော်တော်မြင့်မားနိုင်ပါတယ်” ဟု Maybank မှ စီးပွားရေးပညာရှင်များက သုံးသပ်သည်။

ရုပ်သံမီဒီယာလောကမှာလည်း အဆိုးရွားဆုံးအထိနာနိုင်လျက်ရှိရာ အဓိကအားဖြင့် ထုတ်လွှင့်ရန် သဘောတူစာချုပ်ချုပ်ဆိုထားမှုများအတွက် နစ်နာဆုံးရှုံးမှုများ ရင်ဆိုင်ရတော့မည်ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service