ချင်းပြည်နယ်ရှိ မြို့ခြောက်မြို့တွင် ဟိုတယ်တည်ဆောက်ရန် စတင်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
1138 Views

ချင်းပြည်နယ်ရှိ မြို့ခြောက်မြို့တွင် ဟိုတယ်တည်ဆောက်ရန် စတင်ခွင့်ပြု

ပြည်ထောင်စုအစိုးရအ ဖွဲ့က ဒေသဖွံ့ဖြိုးရေးနှင့်ဒေသခံ များ အလုပ်အကိုင်ရရှိရေး အ တွက် ချင်းပြည်နယ်ရှိ မြို့ခြောက်မြို့တွင် ဟိုတယ်တည်ဆောက်ခွင့်ပြုလိုက်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။

‘‘ ပြည်ထောင်စုအစိုးရအဖွဲ့ ရဲ့ ခွင့်ပြုချက်ရပြီးပါပြီ။
ဟိုတယ် အလုံးရေ ဘယ်လောက် ခွင့်ပြု မယ်ဆိုတာတော့ ပြည်နယ်လွှတ် တော်မှာ မဆုံးဖြတ်ရသေးပါဘူး’’ ဟု ချင်းပြည်နယ်စည်ပင်၊လျှပ် စစ်၊ စက်မှုနှင့်ဟိုတယ်ခရီးဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြော ကြားသည်။ ချင်းပြည်နယ်တွင်ဟိုတယ် တည်ဆောက်ခွင့် ပထမဆုံးခွင့်ပြု ခြင်းဖြစ်ပြီး ဟားခါး၊ ဖလမ်း၊ တီးတိန်၊ ပလက်ဝ၊ မတူပီနှင့် ခိုင်ကမ်းမြို့များတွင် တည်ဆောက်မည်ဖြစ်ကာ အဆိုပြု လျှောက်လွှာ များကို အောက်တိုဘာ ၂၆ရက်က စ၍ ချင်းပြည်နယ်အစိုးရက ဖိတ် ခေါ်နေခြင်းဖြစ်သည်။

ဟိုတယ် တည်ဆောက်လို သည့် တိုင်းရင်းသားလုပ်ငန်းရှင် များသည် နိုဝင်ဘာ ၇ ရက် နောက် ဆုံးထားလျှောက်ထားရန် ဟားခါး အခြေစိုက်ချင်းပြည်နယ်အစိုးရ အဖွဲ့၊ စည်ပင်သာယာရေး၊ လျှပ် စစ်နှင့် စက်မှုလက်မှုဝန်ကြီးရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပြုလွှာ အောင်မြင် သည့် လုပ်ငန်းရှင်များအား ပြည် နယ်အစိုးရက ငါးဧကအောက် မြေနေရာပေးမည်ဖြစ်ပြီး လုပ်ငန်းရှင်သည် ဟိုတယ်တည်ဆောက်ရာတွင်အခန်း ၂၀အနည်းဆုံးထားတည်ဆောက်ရမည်ဖြစ်သည်။

ပြည်နယ်အစိုးရအဖွဲ့က ဟို တယ်လုပ်ငန်းအတွက်သင့်လျော် သောနေရာကို ဆုံးဖြတ်စိစစ်ပြီးမှသာ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပြီး ခွင့်ပြုချက် ထပ်မံ တောင်းခံရန်ရှိသည်ဟု သတင်းရရှိသည်။သဘာဝ အရင်းအမြစ်များ ပျက်စီးဆုံးရှုံးမှုနည်းသည့် ဒေသ များတွင်ပါဝင်သည့်ချင်းပြည်နယ် ၏ သဘာဝအလှအပရှုခင်းများကို အခြေခံ၍ ပြည်နယ် အစိုးရကခရီးသွားလုပ်ငန်း အကောင်အ ထည်ဖော်ခြင်းဖြစ်ပြီး အောက်တို ဘာကလည်း ကမ္ဘာလှည့်ခရီး သည်များကို ဖိတ်ခေါ်မှုမြှင့်တင်ပွဲ ပြုလုပ်ခဲ့သည်။

ဟိုတယ်တည်ဆောက်မှုနှင့် ပတ်သက်၍ လုပ်ကိုင်ခွင့်ချထား ပေးခြင်းနှင့် စီမံခန့်ခွဲခြင်းများကို ပြည်နယ်အစိုးရအဖွဲ့ အပါအ၀င် အခြားသက်ဆိုင်ရာနယ်ပယ်များ မှ ကျွမ်းကျင်သူရပ်မိရပ်ဖများပါ ၀င်သော အဖွဲ့ရှစ်ဖွဲ့က စိစစ်မည် ဖြစ်သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service