နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁,၂၉၃ ကျပ်အထိ မြင့်တက် - Property News in Myanmar from iMyanmarHouse.com
867 Views

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁,၂၉၃ ကျပ်အထိ မြင့်တက်

ယခုရက်ပိုင်းတွင် နိုင်ငံ ခြားငွေလဲနှုန်း ဆက်တိုက်မြင့် တက်လာခြင်းသည် သွင်းကုန် ပမာဏများပြီး ငွေကြေး ချမ်းသာသူများ၏ ဈေးကစားမှုများကြောင့်ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။

အမေရိကန်ဒေါ်လာ တန်ဖိုး သည် အောက်တိုဘာ၎ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁,၂၉၀ ကျော်အထိ မြင့်တက်ပြီးနောက် အောက်တိုဘာ ၁၁ ရက်၌ တစ်ဒေါ်လာလျှင် ၁,၂၄၄ ကျပ်သို့ ကျဆင်းလာသည်။ ထို့နောက် အောက်တိုဘာ ၂၁ ရက်တွင် ၁,၂၈၇ ကျပ်အထိ ပြန်လည်မြင့် တက်ပြီး အောက်တိုဘာ ၂၆ ရက်၌ တစ်ဒေါ်လာလျှင် ၁,၂၉၃ ကျပ်အထိ မြင့်တက်ခဲ့သည်။

‘‘ကစားတဲ့သူတွေ ဝင်လာ ရင်တက်မယ်။ ပြီးရင်ပြန်ကျတယ်။ ဒီအခြေအနေက စီးပွားရေး အတွက် မကောင်းဘူး။ ဗဟိုဘဏ်အနေနဲ့ ကြားဝင်ထိန်းပေးသင့်တယ်’’ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောကြားသည်။

အစိုးရ၏ စီးပွားရေးအပေါ် တုံ့ပြန်မှု အခြေအနေကို စောင့် ကြည့်နေခြင်းကြောင့် လုပ်ငန်းမလုပ်ဘဲ အရင်းအနှီးငွေကြေးများ ကို ဘဏ်များတွင်အပ်နှံပြီး အတိုး များရယူနေသည်။ ဘဏ်များက လည်း ချေးငွေထက် အပ်ငွေများ နေခြင်းကြောင့် ပြင်ပဈေးကွက် တွင် ဒေါ်လာဝင်ရောက်ကစားမှု များရှိကြောင်း စီးပွားရေးလုပ်ငန်း ရှင်အချို့က ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပို့ ကုန်ပမာဏသည် သွင်းကုန်ထက် လျော့နည်းနေခြင်း၊ ပွင့်လင်းရာ သီဖြစ်ခြင်းကြောင့် စက်သုံးဆီ၊ လူသုံးကုန်ပစ္စည်း၊ စားအုန်းဆီ တင်သွင်းမှုများခြင်းကြောင့် ဒေါ် လာဈေးမြင့်တက်ရန် တွန်းအား တစ်ခုဖြစ်သည်ဟု စီးပွားရေး လုပ်ငန်းရှင်အချို့က ဆိုသည်။

‘‘ဒေါ်လာဈေးက လကုန် အထိ ကျဖို့လမ်းမမြင်ဘူး’’ ဟု မြန်မာနိုင်ငံ မော်တော်ယာဉ် တင် သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချ သူအသင်းဥက္ကဋ္ဌ ဒေါက်တာစိုး ထွန်းက ပြောသည်။

ဒေါ်လာဈေး အတက်အကျ များပြီး တည်ငြိမ်မှုမရှိခြင်းသည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဝင် ရောက်မှု နည်းခြင်းကြောင့်ဟု ကမ္ဘောဇဘဏ် အကြီးတန်း အကြံပေး ဦးသန်းလွင်က ပြောသည်။

ယခုလအတွင်း အမေရိကန် ဒေါ်လာဈေး အတက်အကျ အကြိမ်ကြိမ် ဖြစ်ခြင်းကြောင့် လုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက်အခဲ ကြုံတွေ့ရသည်ဟု ထိုင်း နိုင်ငံမှ လူသုံးကုန်ပစ္စည်းနှင့် အလှကုန်ပစ္စည်းများကို နယ်စပ်မှ တင်သွင်းနေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service