အစိုးရအကူးအပြောင်းကာလတွင် မန္တလေးတိုင်းရှိ မြေယာများ ပုဂ္ဂလိကသို့ ချထားခဲ့မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ တိုင်းအစိုးရထံ တင်သွင်းမည် - Property News in Myanmar from iMyanmarHouse.com
626 Views

အစိုးရအကူးအပြောင်းကာလတွင် မန္တလေးတိုင်းရှိ မြေယာများ ပုဂ္ဂလိကသို့ ချထားခဲ့မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ တိုင်းအစိုးရထံ တင်သွင်းမည်

အစိုးရအကူးအပြောင်း ကာလအတွင်း မန္တလေးတိုင်းဒေ သကြီးရှိ အများပြည်သူပိုင်မြေယာများအား ပုဂ္ဂလိကသို့ တစ်ဦးတည်းပိုင်များအဖြစ် လွှဲပြောင်းချထားပေးခဲ့မှုများအပေါ် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်က နှစ်လကျော်ကြာ
စစ်ဆေးပြီးနောက် ယခုလကုန်တွင် တိုင်းအစိုးရအဖွဲ့ထံ အစီရင်ခံစာတင် သွင်းမည်ဖြစ်ကြောင်းသတင်းရရှိ သည်။

သြဂုတ် ၁ရက်က စတင်ဖွဲ့စည်းသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် အစိုးရအကူးအ ပြောင်းကာလမြေလွှဲပြောင်းပေးခဲ့ မှုများနှင့်ပတ်သက်၍ ဌာနဆိုင်ရာ စာရွက်စာတမ်းများနှင့် မြေယာ လက်ခံရယူသည့် လုပ်ငန်းရှင်များကိုပါ ခေါ်ယူစစ်ဆေးခဲ့ပြီး တွေ့ရှိချက်များကို တိုင်းအစိုးရအဖွဲ့ထံ တင်ပြနိုင်ရန် အစီရင်ခံစာရေးသားနေပြီဟု စုံစမ်းစိစစ်ရေးကော်မရှင်တွင်ပါဝင်သူ ချမ်းမြသာစည်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က ပြောသည်။

‘‘ဘယ်သူ့ကိုမှမထောက်ညှာဘဲ ကျွန်တော်တို့ တွေ့ရှိချက် တွေအတိုင်းအစီရင်
ခံစာရေးပြီး တိုင်းအစိုးရအဖွဲ့ကို တင်ပြမှာဖြစ် ပါတယ်’’ဟု ဦးတင်အောင်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၅ နိုဝင်ဘာ မှ မတ်လကုန်အထိ အစိုးရအကူးအပြောင်းကာလအတွင်း မန္တလေးမြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ စည်ပင်သာယာနှင့်အများပြည်သူပိုင် မြေယာဧက တစ်ထောင်ခန့်ကို အများပြည်သူသို့ လွှဲပြောင်းချထားပေးခဲ့သည်ဟု ဦးတင်အောင်ကဆိုသည်။

ထိုသို့ လွှဲပြောင်းချထားပေးရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် နိုင်ငံတော်အတွက် ထိုက်သင့် သည့်အခွန်အခမရရှိခဲ့သည်များ ကို စိစစ်တွေ့ရှိရသည်ဟု ၎င်းက ပြောသည်။
‘‘ မြေယာလွှဲပြောင်းမှုအများ စုက ပွင့်လင်းမြင်သာမှုမရှိတာ တွေ့ရတယ်။ နိုင်ငံတော်အတွက် လိုအပ်တဲ့ဘဏ္ဍာငွေကြေးမရခဲ့ ဘူး’’ဟု ဦးတင်အောင်ကပြော သည်။

တိုင်းအစိုးရအဖွဲ့ထံတင်ပြမည့် အစီရင်ခံစာကို အပိုင်းသုံးပိုင်းခွဲကာ ရေးသားနေပြီး ၂၀၁၂ လယ်ယာမြေဥပဒေပုဒ်မ ၃၀၊(က) တို့အရ လယ်ယာမြေများအားအ ခြားနည်းအသုံးပြုခွင့်ချထားပေး ခြင်း၊ အများပြည်သူပိုင်မြေနေရာ များကို ပုဂ္ဂလိကပိုင်မြေအဖြစ် ချထားခွင့်ပြုပေးခဲ့ခြင်းနှင့် စီမံကိန်းလုပ်ဆောင်ရန် ချထားပေးခြင်းဆိုသည့်အပိုင်းအလိုက်ခွဲကာ အစီရင်ခံစာတင်ပြမည်ဟု မြေယာလွှဲပြောင်းမှုစုံစမ်းစိစစ်ရေးကော်မရှင်ကဆိုသည်။

မြေယာလွှဲပြောင်းမှုများနှင့် ပတ်သက်၍ စိစစ်တွေ့ရှိမှုများကို အစီရင်ခံစာတင်ပြရာတွင် အမှုတွဲ တစ်ခုချင်းစီအလိုက် သုံးသပ်ချက်များတင်ပြမည်ဖြစ်သကဲ့သို့အမှုတွဲအားလုံး
အပေါ် ခြုံငုံသုံးသပ်၍တင်ပြမည်ဟု ဦးတင် အောင်က ဆိုသည်။

အစိုးရအကူးအပြောင်းကာ လအတွင်း စည်ပင်သာယာနှင့် အများပြည်သူပိုင်မြေကွက်များ ကို ပုဂ္ဂလိကသို့ လွှဲပြောင်းချထား ပေးခဲ့မှုများနှင့်ပတ်သက်၍ ပြန် လည်စိစစ်အရေးယူရန် တိုက် တွန်းကြောင်းအဆိုကို ချမ်းမြသာ စည်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးမြင့် အောင်မိုးက မန္တလေးတိုင်းဒေသ ကြီးလွှတ်တော်သို့ အဆိုတင်သွင်းပြီးနောက် ၁၇ဦးပါ ကော်မတီဖွဲ့ စည်းကာ ပြန်လည်စိစစ်ခဲ့ခြင်းဖြစ် သည်။ အဆိုပါမြေကွက်ချထားပေးခဲ့မှုများနှင့်ပတ်သက်၍ ပြီးခဲ့သည့် သြဂုတ်တွင် စည်ပင်သာယာက ဂရန်ထုတ်ပေးနေမှုများကို ရပ် ဆိုင်းထားခဲ့သည်။

မြေကွက်ချထားပေးရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီဖြစ်လျှင် စည်ပင်သာယာက ဆက်လက်ဂရန်ထုတ်ပေးမည် ဖြစ်ပြီး ဥပဒေနှင့် မညီ၊ အများ ပြည်သူအတွက်အကျိုးမရှိဘဲတစ် ဦးတစ်ယော က်ကောင်းစားရေးအ တွက် ရည်ရွယ်ချထားပေးခဲ့ခြင်း မျိုးဖြစ်လျှင်မူ မြေကွက်များကို ပြန်လည်သိမ်းယူနိုင်ရန် လုပ် ဆောင်မည်ဟု မန္တလေးတိုင်းဝန် ကြီးချုပ်က ပြောကြားထားသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service