စတော့အိတ်ချိန်းတွင် တံဆိပ်ခေါင်းခွန်ကို ၀ ဒသမ ၁ ရာခိုင်နှုန်းသို့ လျှော့ချ - Property News in Myanmar from iMyanmarHouse.com
1160 Views

စတော့အိတ်ချိန်းတွင် တံဆိပ်ခေါင်းခွန်ကို ၀ ဒသမ ၁ ရာခိုင်နှုန်းသို့ လျှော့ချ

ရန်ကုန်စတော့အိတ် ချိန်း စတင်တည်ထောင်ချိန်ကစ ပြီး ရှယ်ယာဝယ်ယူသူများ အခွန် ဆောင်နေသည့် တံဆိပ်ခေါင်းခွန် ကို ၀ ဒသမ ၃ ရာခိုင်နှုန်းမှ ၀ ဒသမ ၁ ရာခိုင်နှုန်းသို့ လျှော့ချပေး လိုက်ကြောင်းသတင်းရရှိသည်။

‘‘စတော့အိတ်ချိန်းကို နိုင်ငံ တော်က အားပေးတဲ့သဘောပါ။ ရှယ်ယာဝယ်မယ့်သူတွေ အခွန် ထမ်းဆောင်ရတာ သက်သာ သွားအောင် ဖြေလျှော့ပေးတာ ပါ’’ဟု ရန်ကုန်စတော့အိတ်ချိန်း အကြီးတန်းအမှုဆောင် မန်နေ ဂျာ ဦးသက်ထွန်းဦးကပြောသည်။

အခွန်လျှော့ပေါ့မှုသည် အောက်တိုဘာ ၁ ရက်ကတည်း
က စတင်အသက်ခဲ့သော်လည်း အဆိုပါကြေညာချက်ကိုအောက် တိုဘာလလယ်တွင် ချေးငွေ သက်သေခံလက်မှတ်ကြီးကြပ် ရေးကော်မရှင် SECM က ဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်ဟုသိရ သည်။

ထိုသို့သတ်မှတ်ခြင်းကြောင့် ပိုမိုကောက်ယူထားသည့် တံဆိပ် ခေါင်းခွန် ၀ ဒသမ ၂ ရာခိုင်နှုန်း ကို ရှယ်ယာဝယ်ယူသူများ၏ ဘဏ်အကောင့်များသို့ ပြန်လည် ထည့်သွင်းခဲ့ကြောင်း AYA Trust Securities က ၎င်းတို့၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင်ကြေညာ ထားသည်။

‘‘ရှယ်ယာဝယ်တာကို အ ခွန်ကောက်တော့ လူတွေရှယ်ယာ ကိုဝယ်ဖို့ စိတ်မ၀င်စားကြဘူး။ အခုလို အခွန်လျှော့ပေးတော့ ၀ယ်လိုအား ပြန်တက်လာမယ်လို့ မျှော်မှန်းရပါတယ်။ နိုင်ငံတကာ မှာ ရှယ်ယာကို အခွန်ကောက်တာ သိပ်မတွေ့ရဘူး’’ဟု စီးပွားရေး ပညာရှင် ဦးလှမောင်က ပြော သည်။

လက်ရှိတွင် ရန်ကုန်စတော့ အိတ်ချိန်း၌ ရှယ်ယာအရောင်းအ ၀ယ်နည်းပါးပြီး ရှယ်ယာတန်ဖိုး များလည်း ကျဆင်းနေသဖြင့် SECM နှင့်ကုမ္ပဏီများကရှယ်ယာ တန်ဖိုးနှင့် ၀ယ်လိုအားပြန်လည် တက်လာစေရန် ဆောင်ရွက်နေ ခြင်းဖြစ်သည်။

မြန်မာလူမျိုးများသည် စ တော့ရှယ်ယာအရောင်းအ၀ယ် ကို စိတ်ဝင်စားမှု နည်းပါးနေသည့် အပြင် စတော့အိတ်ချိန်းတွင်ရှယ်ယာအရောင်းအ၀ယ်ပြုလုပ်
သည့် ကုမ္ပဏီ နည်းပါးခြင်းကလည်း ရှယ်ယာ ၀ယ်ယူရန် ဈေးကွက် မတွင်ကျယ်ခြင်းဖြစ်နေသည်ဟု ဦးလှမောင်ကပြောသည်။

‘‘သက်ရောက်တာက အောက်တိုဘာ ၁ ရက်ဖြစ်တော့ အကြောင်းကြားတဲ့နေ့ ချက်ချင်းပြင်တယ်။ လအစမှာ ဖြတ်ထားတာရှိတယ်။ ပိုနေတာတွေ ပြန်အမ်းပေးရတယ်။ ဒါက နိုင်ငံတော်ပေးရမယ့်ငွေပါ။ ကျွန်တော်တို့ ယူထားလို့မရပါဘူး’’ ဟု CB Secu-rities ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးသောင်းဟန်က ပြော သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service