အောက်တိုဘာ တစ်လတာ ရောင်းဝယ်ငှားဈေးကွက် အနေအထားများ - Property News in Myanmar from iMyanmarHouse.com
1681 Views

အောက်တိုဘာ တစ်လတာ ရောင်းဝယ်ငှားဈေးကွက် အနေအထားများ

ရန်ကုန် အိမ် ခြံ မြေ ဈေးကွက်ရဲ့ တစ်လတာ ရောင်းဝယ်ငှားဈေးကွက်ကို ခြုံ ကြည့်ရရင် အရင်လတွေထက် အတန်ငယ်ပြန်လည်ဦးမော့လာတာတွေ့ရပါတယ်။ဒီတစ်လမှာတော့ ဈေးကွက်ဟာ အရောင်းအဝယ်မှာ မမြိုင်သေးဘဲ သိုသိုသိပ်သိပ်သာ ဖြစ်ထွန်းနေပါတယ်။ဝါကျွတ်ပြီးတာနဲ့အမျှ အားယူနေခဲ့တဲ့ အငှားဈေးကွက်ကတော့ တဟုန်ထိုး အားကောင်းလာပါတယ်။

ဈေးကွက်အနေအထားအရလည်း စီမံကိန်းအများစု၊investment အသစ်တွေအများစုရှိနေတာကြောင့် ၂၀၁၆ နှစ်ကုန်ပိုင်းနဲ့ ၂၀၁၇ ခုနှစ်တို့ဟာ အိမ် ခြံ မြေ ရွှေခေတ်ပြန်ဖြစ်လာဖို့လည်းရှိနေပါတယ်။အခုအောက်တိုလာတစ်လတာအတွင်းရ န်ကုန်ရဲ့ မြို့နယ် အများစု ရောင်းဝယ်ငှား အနေအထားတွေကို တွေ့ရှိရသမျှ ပြန်လည်တင်ပြပေးမှာပါ။

ဒီတစ်လ မှာလည်း အိမ် ခြံ မြေ အရောင်းအဝယ်ဖြစ်တဲ့နေရာတွေရှားပါးခဲ့ပါတယ်။ဈေးကွက်မှာတော့ အလုပ်မဖြစ်သလောက် ဖြစ်ခဲ့တဲ့အနေအထားပါ။အဓိက အရောင်းအဝယ်ဖြစ်နေတာကတော့ ဒဂုံမြောက်ပိုင်း တောင်ပိုင်းတွေသာ ဖြစ်နေတယ်လို့ အကျိုးဆောင်တွေက ပြန်လည်ပြောပြပါတယ်။

မြို့နယ်တွေရဲ့ အိမ် ခြံ မြေ အကွက်တွေထက်စာရင် လတ်တလောမှာ ဒဂုံတောင်စက်မှုဇုန်နဲ့ အသုံးပြုဖို့အဆင်သင့်ဖြစ်နေတဲ့ ဇုန်မြေတွေအနည်းငယ် အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။မြို့နယ် တစ်ခုချင်းစီနဲ့ အရောင်းအဝယ် အငှား ဖြစ်တဲ့နေရာတွေကို သုံးသပ် ဖော်ပြပေးလိုက်ပါတယ်။

ဗဟန်းမြို့နယ်အရောင်းအဝယ်ဈေးကွက်ပြန်လည် ဦးမော့လာတယ်ဆိုတာနဲ့အမျှ မြေကျန်အများဆုံးရှိနေတဲ့ ဗဟန်းမြို့နယ်ကတော့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။အရောင်းအဝယ်ဖြစ်ခဲ့တဲ့နေရာမှာ များများစားစား ဖြစ်ခဲ့တာမျိုးမဟုတ်ဘဲ ငွေကြေးဖော်လိုသူနဲ့ ရင်းနီးမြုပ်နှံလိုသူအကြားဖြစ်ခဲ့တာတွေလောက်ပဲရှိတယ်လို့သိရပါတယ်။""ဈေးက ပြောရင် ယုံမှာတောင်မဟုတ်ဘူးပေါ့။လက်ရှိကာလပေါက်ဈေးထက် ရှစ်ရာ တစ်ထောင်မက ခွာပြီး ပြန်ရောင်းတယ်။ပြောရရင် ငွေဖော်တာပေါ့။ကြိုက်တဲ့သူကလည်း ဝယ်တယ်။ဒါမျိုးပုံစံတွေအဖြစ်များတယ်။""ဟု အကျိုးဆောင်မှပြောသည်။

အငှားသွက်လာတဲ့ ကျောက်တံတားနှင့် မြို့တွင်း ခြောက်မြို့နယ်

ဝါကျွတ်ကာလပြီးနောက်ပိုင်း အငှားအားသန်နေတဲ့ မြို့နယ်တွေပဲဖြစ်ခဲပါတယ်။တိုက်ခန်းအရောင်းနဲ့ အငှား မှာ အငှားအားက သိသိသာသာကောင်းခဲ့ပါတယ်။အငှားခ ဈေးနှုန်းတွေကတော့ နေရာအနေအထားနဲ့ အထပ်အနိမ့်အမြင့်တွေအပေါ်မှာ မူတည်ပြီး ဈေးနှုန်းကွာခြားပေမယ့် အရောင်းအဝယ်ထက် အငှားအားသိသိသာသာ ကောင်းမွန်ခဲ့ပါတယ်။မြေနေရာ အနေအထားအရလည်း မြေနေရာ ရှားပါးတဲ မြို့နယ်တွေဖြစ်တာကြောင့် ထူးထူးခြားခြားဖြစ်တဲ့ အရောင်းအဝယ်မရှိခဲ့ကြောင်း စုံစမ်းသိရပါတယ်။အငှား ဈေးကွက်မှာတော့ နှစ်သိန်း ၊ သုံးသိန်း အဖိုးနှုန်းနဲ့ အငှားလိုက်နေတယ်လို့ကြားသိရပါတယ်။

ပုဇွန်တောင်မြို့နယ်

ကျောက်တံတား လသာ ပန်းဘဲတန်းစတဲ့ နေရာတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြေနေရာ အနည်းငယ်ကျန်ရှိနေသေးတာကြောင့် မြေကွက်အရောင်းအဝယ်ပြုနိုင်သော်လည်း ဈေးကွက်ပါးမှုကို ကြုံတွေ့နေရဆဲပဲဖြစ်တယ်လို့ အကျိုးဆောင်တွေကဆိုပါတယ်။အငှားဈေးကွက်မှာတော့ ပုံမှန်အနေအထားနဲ့သာ ဆက်လက် သွားနေတယ်လို့သိရပါတယ်။

တောင်ဥက္ကလာမြို့နယ်၊သင်္ဃန်းကျွန်းမြို့နယ်

ဈေးကွက်ပြန်လှုပ်စပြုလာတာနဲ့အမျှ တောင်ဥက္ကလာမြို့နယ်ဟာလည်း အရောင်းအဝယ်ဖြစ်နေပါတယ်။သိန်း သုံးထောင်မှ တစ်သောင်းဝန်းကျင်ကြား မြေကွက်တွေအရောင်းအဝယ်ဖြစ်နေပြီး အငှားအားလည်း ကောင်းနေတယ်လို့ စုံစမ်းသိရပါတယ်။သင်္ဃန်းကျွန်းမြို့နယ်ဟာလည်း အခြေခံလူတန်းစား၊လူလတ်တန်းစားအငှား ဈေးကွက်ဖြစ်ထွန်းနေကြောင်းရပါတယ်။အငှားရဲ့ ပျမ်းမျှ ဈေးနှုန်းကတော့ တစ်သိန်းဝန်းကျင်၊နှစ်သိန်းဝန်းကျင်နဲ့ ဈေးကွက်လည်ပတ်နေပါတယ်။

ဒဂုံ ဆိပ်ကမ်းမြို့နယ်

ဒီမြို့နယ်မှာ ၂၀၁၆နှစ်ဆန်းပိုင်းအထိ အရောင်းအဝယ် အခြေအနေကောင်းခဲ့ပေမယ် နှစ်လယ်က စကာ ဈေးကွက်အေးခဲ့ပါတယ်။ လက်ရှိကာလမှာ ဈေးနှုန်းအနည်ငယ်ကျဆင်းလာမှုများရှိ တာကြောင့် င့်ပြန်လည်ရောင်းချလိုသူများပြားလာသော်လည်း ဝယ်ယူရင်းနှီးမြုပ်နှံလိုသူနည်းပါးနေဆဲဖြစ်တယ်လို့သိရပါတယ်။အငှားဈေးကွက်ကတော့ တန်ဖိုးနည်း မြို့နယ်ဖြစ်တာနဲ့အညီအခြေခံ လူတန်းစားအများစုလာရောက်ငှားရမ်းနေထိုင်ကြတယ်လို့သိရပါတယ်။

သန်လျင်

သန်လျင်မြို့နယ်ကတော့ လတ်တလောမှာ ထွက်ပေါ်နေတဲ တံတားသတင်းတွေကြောင့် ဈေးနှုန်း အနည်းငယ်ငြိမ်သက်နေခဲ့ပါတယ်။ဒါပေမယ့် လာရောက်ရင်းနှီးမြုပ်နှံသူတွေ မရှိသလောက်နည်းပါးတာကြောင့် အရောင်းဝယ်သိပ်မဖြစ်ကြောင်းစုံစမ်းသိရပါတယ်။အငှားဈေးကွက်ကတော့ သီလဝါ ဇုန်မြေ ဧကကွက်တွေ အငှားဖြစ်တယ်လို့သိရပါတယ်။သီလဝါဇုန်မြေ ဈေးကွက်ကတော့ သိန်းတစ်ထောင်ကစပြီး သိန်း တစ်သောင်း ဘရိတ်ဖြစ်တယ်လို့သိရပါတယ်။အလားတူ အခြားသော စက်မှုဇုန်တွေဖြစ်တဲ့ တောင်ဒဂုံ စက်မှုဇုန် ၊ အရှေ့ဒဂုံ စက်မှုဇုန် ၊ ရွှေလင်ဗန်း နဲ့ သုံးဖို့အဆင်သင့်ဖြစ်နေတဲ့ ဇုန်တွေဟာ အရောင်းအဝယ်ဖြစ်နေပါတယ်။ လတ်တလော လည်ပတ်ရန်အဆင်သင့်ဖြစ်နေတဲ့ တောင်ဒဂုံ စက်မှုဇုန် ၊ လှိုင်သာယာ မြို့နယ်က ရွှေလင်ဗန်းစက်မှုဇုန် တွေရဲ့ ဈေးနှုန်းဟာ တစ် ဧကကို သိန်း ၃၀၀၀ ၊ ၅၀၀၀ ၊ ၇၀၀၀ နှင့် ၈၀၀၀ အကြားရှိနေကြောင်သိရပါတယ်။

မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service