အသေးစား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး မြန်မာနိုင်ငံ ခြေလှမ်းစတင် - Property News in Myanmar from iMyanmarHouse.com
1986 Views

အသေးစား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး မြန်မာနိုင်ငံ ခြေလှမ်းစတင်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ အစိုးရအနေဖြင့် တစ်နေ့နေ့တွင် မြန်မာနိုင်ငံ၏ စီးပွားရေးအပေါ် တပ်မတော်နှင့် ချိတ်ဆက်ပြီး ကြီးပွားလာသည့် စီးပွားရေး လုပ်ငန်းရှင်များ၏ လွှမ်းမိုးမှု အားနည်းသွားစေလိမ့်မည် ဟူသော မျှော်လင့်ချက်များဖြင့် မျိုးဆက်သစ်တို့၏ စီးပွားရေး လုပ်ငန်းများအတွက် အသစ်ရေးဆွဲ အတည်ပြု ပြဋ္ဌာန်းလိုက်သော ရင်းနှီးမြှုပ်နှံမှု ဥပဒေကို မြှင့်တင်သည့် အစီအစဉ်တစ်ရပ်အား ပြီးခဲ့သည့် စနေနေ့က စတင်ဆောင်ရွက်ခဲ့သည်။

ယင်းဥပဒေသစ်သည် မြန်မာနိုင်ငံတွင် ပြည်တွင်းနှင့် နိုင်ငံတကာမှ ကုမ္ပဏီများအကြား လက်ရည်တန်းတူ ပြိုင်ဆိုင်နိုင်အောင် ရည်ရွယ်ရေးဆွဲထားခြင်း ဖြစ်သည်။ ဥပဒေအား အမေရိကန်သမ္မတ ဘားရက်အိုဘားမားမှ မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသေးသည့် အရေးယူ ပိတ်ဆို့မှုများ ဖယ်ရှားပြီး မကြာခင် အောက်တိုဘာ ၁၈ ၌ လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

ယခင် နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ၏ အာဏာရခေါင်းဆောင် ဖြစ်လာခဲ့သည်။ ထိုသို့ နှစ်ပေါင်းများစွာသော ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှု ရလဒ်များကြောင့် သမ္မတအိုဘားမား အနေဖြင့် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပစ်လိုက်ခြင်း ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် အစိုးရအရာရှိများသည် အသေးစား ပြည်တွင်းစီးပွားရေး လုပ်ငန်းများ၏ စီးပွားရေး လုပ်ဆောင်ခွင့် လုံခြုံမှု ရှိစေရန် ထိရောက်မှုရှိသော ဥပဒေကို ပုံစံထုတ် ရေးဆွဲထားခြင်းလည်း ဖြစ်သည်။

အစိုးရအနေဖြင့် ထိုသို့ဆောင်ရွက်ခြင်းဖြင့် တစ်စုံတစ်ရာ မြန်မာ့စီးပွားရေး ပုံစံသစ်တစ်မျိုး ပေါ်ထွက်လာနိုင်သည်ဟု မျှော်လင့်လျက်ရှိသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်၏ လေ့လာတွက်ချက်မှုအရ ယခုနှစ်တွင် စီးပွားရေး တိုးတက်နှုန်း ၇ ဒသမ ၈ ရာခိုင်နှုန်း ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော် နေပြည်တော်တွင် ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များကို ပြောကြားရာ၌ သူ၏ အစိုးရမှာ ဧပြီလ အာဏာရယူစဉ် ကတည်းက စီးပွားရေးမှာ ထင်မှတ်ထားသလောက် တိုးတက်မှု မရှိကြောင်းကို အသိပေး ပြောကြားသွားခဲ့သည်။ “စီးပွားရေး တုံ့ဆိုင်းရခြင်း အကြောင်းများစွာ ရှိပါတယ်။ အခုအခါမှာ နိုင်ငံရဲ့ ဖွံ့ဖြိုးမှုနဲ့ စီးပွားရေးအတွက် အရေးအကြီးဆုံး အရာဟာ ပြည်သူတွေရဲ့ စွမ်းဆောင်နိုင်စွမ်း မြင့်မားဖို့ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ ဒါကိုလုပ်နိုင်ရင်တော့ ကျွန်မတို့ဟာ ရေရှည်တည်တံ့ပြီး ခိုင်မာမှုရှိတဲ့ စီးပွားရေး ပတ်ဝန်းကျင်ကို တည်ထောင်နိုင်မှာ ဖြစ်ပါတယ်” ဟု သူက အဆိုပါပွဲ၌ ပြောကြားသွားခဲ့ပါသည်။

ဘားမား (Burma) ဟု လူသိများသည့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကျန်ရှိသည့် ကမ္ဘာနှင့် ကုန်သွယ်ရေး လုပ်ဆောင်နိုင်စွမ်းကို ကန့်သတ်ထားသည့် ဆယ်စုနှစ်ချီသော စီးပွားရေး ပိတ်ဆို့အရေးယူမှုများကြောင့် ဆိုးဆိုးရွားရွား ပျက်စီးခဲ့သည်။ အရေးယူပိတ်ဆို့မှုသည် အမြတ်အစွန်း ကြီးမားစွာရသော အစိုးရ၊ စစ်တပ်တို့၏ စီးပွားရေး လုပ်ငန်းများကို ဝင်ရောက်လုပ်ကိုင်ခွင့် ရသည့် သေးငယ်သော ခရိုနီအုပ်စုတွင်းတွင်
အာဏာနှင့် အရင်းအနှီးများ စုစည်းသွားစေသည့် အကျိုးသက်ရောက်မှုလည်း ရှိခဲ့သည်ဟု ရစ်ချက်ဟိုဆေးကဲ့သို့သောရန်ကုန်အခြေစိုက် နိုင်ငံရေး လေ့လာဆန်းစစ်သူများက ဝေဖန်ထောက်ပြသည်။

ပြင်ပမှ ထောက်ပံ့မှု မရရှိသော အခြားကုမ္ပဏီများသည် လုပ်ငန်းလည်ပတ်နိုင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသည်။ ထို့ကြောင့်အိမ်နီးချင်းထိုင်းနှင့်ဗီယက်နမ်ကဲ့သို့သော နိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးမှု အဓိက အစိတ်အပိုင်းလို့ ဆိုနိုင်သည့် အသေးစားနှင့် အလေးစား စီးပွားရေး လုပ်ငန်းများသည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးနိုင်ဖို့ အကန့်အသတ်များ ရှိခဲ့သည်။

သို့သော် အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက နေပြည်တော်မှာ ကျင်းပပြုလုပ်သည့် တွေ့ဆုံပွဲတွင် “မြန်မာနိုင်ငံအနေဖြင့် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများနှင့် အခြားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးမှု ခိုင်မာအားကောင်းစေရေး အတွက် အကူအညီပေးနိုင်ရန် ဘဏ်၊ ကုန်သွယ်ရေးနှင့် ချေးငွေလုပ်ငန်း ကဏ္ဍများ ချဲ့ထွင်သွားသည်ကို တွေ့မြင်ရပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

အစိုးရသည် စီးပွားရေးလုပ်ငန်း အသစ်များ ပြုစုပျိုးထောင်နိုင်ရေးအတွက် အကူအညီပေးနိုင်ရန် အလို့ငှာ အသစ်ပြဋ္ဌာန်းလိုက်သည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေအောက်တွင် အခွန်မက်လုံးများကိုလည်း ပေးထားသည်။
ဥပဒေသစ်၏ လုပ်ထုံးလုပ်နည်းများအရ နိုင်ငံ၏ ဖွံ့ဖြိုးမှု အနည်းဆုံး ဒေသတွင် လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သည့် ကုမ္ပဏီများသည် အခွန်ကင်းလွတ်ခွင့် ၇ နှစ်ရမည် ဖြစ်သည်။ အခြားသော ဖွံ့ဖြိုးမှု နိမ့်ပါးသည့် ဒေသများတွင်မူ အခွန်ကင်းလွတ်ခွင့် ၃ နှစ်မှ ၅ နှစ် ရရှိလိမ့်မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အစီအစဉ်မှာ စီးပွားရေး အခင်းအကျင်းကြီး တစ်ခုလုံး တိုးတက်ကောင်းမွန်ဖို့ ဖြစ်သော်လည်း အစိုးရဘက်က ယခုအချိန်ထိတိုင် ကြိုးနီစနစ်ကို ဖယ်ရှားနိုင်စွမ်း မရှိသေးကြောင်းနှင့် ဖွံ့ဖြိုးမှု အားနည်းနေသည့် ဘဏ်လုပ်ငန်းများကြောင့် တစ်ခါတစ်ရံတွင် ပြဿနာများ ကြုံတွေ့ကောင်း ကြုံတွေ့လာနိုင်ကြောင်း စသည့် အချက်တို့အပေါ် အချို့သော စီးပွားရေး လုပ်ငန်းရှင်များက စိုးရိမ်လျက်ရှိသည်။

“ကျွန်တော်တို့ဟာ အတိုးနှုန်း မြင့်မားမှုတွေ၊ အားနည်းတဲ့ ကုန်သွယ်ရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှုတွေ၊ မြင့်မားတဲ့ အပိုကုန်ကျစရိတ်တွေကြောင့် နိုင်ငံတကာ ကုမ္ပဏီများနဲ့ လက်ရည်တူ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘာမှလှုပ်မရလောက်အောင် ဖြစ်သလို ကျွန်တော်တို့ ခံစားနေရပါတယ်” ဟု စနေနေ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့သည့် ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၏ အမှုဆောင်ကော်မတီဝင် ဦးစိုးထွန်းက ဆိုသည်။

အသစ်ပြဋ္ဌာန်းလိုက်သည့်
ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အရ နိုင်ငံခြား ကုမ္ပဏီများသည်လည်း မြေငှားရမ်းရန် ပိုမိုလွယ်ကူသွားလိမ့်မည် ဖြစ်သည်။ ယခင်ကဆိုလျှင် ငှားရမ်းမှုများသည် ခက်ခဲမှုများ ရှိသော်လည်း ယခုအခါတွင်တော့ မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စည်းမျဉ်းများအောက်တွင် လာရောက်ရင်းနှီးမြှုပ်နှံကြသည့် ကုမ္ပဏီများသည် ဆယ်နှစ်သက်တမ်း နှစ်ကြိမ်ဆက်တိုက် သက်တမ်းတိုးနိုင်မှုနှင့်အတူ နှစ်ပေါင်း ၅၀ ထိတိုင် မြေကို ငှားရမ်းနိုင်တော့မည် ဖြစ်ပါသည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service