တန်ဖိုးနည်း တန်ဖိုးသင့်အိမ်ရာတွေမှာ ပြင်ပအရောင်းအဝယ်ဈေးကွက်တွေဖြစ်ပေါ်နေ - Property News in Myanmar from iMyanmarHouse.com
2231 Views

တန်ဖိုးနည်း တန်ဖိုးသင့်အိမ်ရာတွေမှာ ပြင်ပအရောင်းအဝယ်ဈေးကွက်တွေဖြစ်ပေါ်နေ

အစိုးရကတစ်ဆင့်ပြန်လည်ရောင်းချခွင့်မပြုတဲ့တန်ဖိုးနည်း ၊တန်ဖိုးသင့်နဲ့အငှါးအိမ်ရာတွေမှာပြင်ပအကျိုးဆောင်တွေနဲ့အရောင်းအဝယ်ဈေးကွက်တွေဖြစ်ပေါ်နေပါတယ် ။

‘ဝယ်ယူခွင့်ရတဲ့အခန်းတွေပြန်ရောင်းချတဲ့ကိစ္စတွေကအခု
မဲနှိုက်ပြီးနေထိုင်ခွင့်မပေးသေးတဲ့အငှါးအိမ်ရာတွေမှာ
ပါဈေးကွက်တွေရှိနေပြီးအငှါးအိမ်ရာနေထိုင်ခွင့်ပါမစ်ကို
အခုသိန်း (၇၀)လောက်နဲ့ပြန်ရောင်းစားတာတွေရှိတယ် ‘လို့မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကတာဝန်ရှိသူတစ်ဦးကပြောပါတယ် ။

တန်ဖိုးမျှတအိမ်ရာ
တန်ဖိုးမျှတအိမ်ရာနဲ့ပြင်ပပေါက်ဈေးနဲ့ဈေးကွက်တွေကတော့အိမ်ရာစတင်ရောင်းချကတည်းကဝယ်ယူခွင့်ရရှိတဲ့စလစ်ကိုပဲကျပ်သိန်း (၁၀၀)အောက်အလိုက်ပေးဝယ်ယူ
တဲ့ဈေးကွက်ဖြစ်ပေါ်ခဲ့ပါတယ် ။
ကျန်ရှိတဲ့အခန်းတွေကတော့နောက်ပိုင်းအိမ်ခြံမြေအရောင်းအဝယ်အေးသွားချိန်မှာမူလအခန်းတန်ဖိုးအတိုင်းအရစ်ကျ
သွင်းပုံစံနဲ့ရောင်းချတာတွေလည်းရှိပါတယ် ။အခန်းဝယ်ယူခွင့်ရရှိသူတွေကစည်ပင်သာယာရေးကော်
မတီကိုလအလိုက်သတ်မှတ်ထားတဲ့နှုန်းထားတွေပေးသွင်းရတာကြောင့်အခုအိမ်ရာအခန်းအပ်နှံဖို့လပိုင်းလောက်အလိုမှာတော့အရောင်းတွေပြန်တင်လာကြတာဖြစ်ပါတယ် ။

အခုနောက်ပိုင်းအရောင်းပြန်တင်တဲ့နေရာတွေမှာတော့ဝယ်ယူမယ့်အခန်းရဲ့မူလတန်ဖိုးနဲ့အခန်းဝယ်ယူသူကအပိုပေးရမယ့်ထပ်ဆောင်းအမြတ်ငွေကိုရောင်းချမယ့်အခန်းရဲ့အထပ်အလိုက်ကွာခြားပါတယ်။အခန်းဈေးနှုန်းတွေကတော့ (၆၀၀)စတုရန်းပေးအကျယ်အခန်းကိုအစိုးရက(၂၅၅)
သိန်းနဲ့ရောင်းချသလို (၉၀၀)စတုရန်းပေအကျယ်အခန်းကို (၃၄၇)သိန်းနဲ့ရောင်းချခဲ့
တာဖြစ်ပါတယ်။ပြန်ရောင်းချတဲ့အခန်းဈေးနှုန်းတွေ
ကတော့ကျပ်သိန်း(၃၀၀)ဝန်းကျင်ကနေကျပ်သိန်း(၈၀၀)
ဝန်းကျင်လောက်အထိဈေးကွက်ရှိနေပါတယ် ။

အဲသည်အခန်းတွေမှာတော့အရောင်းအပြင်အငှါးတွေ
ပါရှိနေပြီးအငှါးဈေးကွက်ကတော့ကျပ် (၈၀,၀၀၀)ဝန်းကျင်လောက်ကနေပြီး ကျပ်(၄၀ ,၀၀၀)လောက်အထိဈေးကွက်ရှိပါတယ် ။

‘အခုအခန်းအားလုံးကအငှါးရှိနေတယ် ၊ဈေးကွက်ကလဲလမ်းမတန်းမျက်နှာစာကိုလူကြိုက်
များတော့ဈေးတွေပိုယူကြတာ ၊အိမ်ရာကအားလုံးလမ်းရော ၊ဈေးရောပတ်ဝန်းကျင်ပါကောင်းတော့လူကြိုက်များကြတယ် ‘လို့ဗိုလ်မင်းရောင်တန်ဖိုးမျှတအိမ်ရာမှာတိုက်ခန်းငှါးရမ်းထားတဲ့မနီလာဝင်းကပြောပါတယ် ။

လက်ရှိမှာအငှါးနေထိုင်ခွင့်လက်မှတ်ကိုသိန်း(၇၀)လောက်နဲ့တစ်ဆင့်ပြန်လည်ရောင်းချတာတွေရှိ
ပါတယ် ။အငှါးအိမ်ရာနဲ့ပတ်သတ်ပြီးတစ်လ (၃၀,၀၀၀)နဲ့ငှါးရမ်းနေထိုင်နိုင်ဖို့မဲစနစ်နဲ့နေထိုင်ခွင့်
ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ် ။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service