အပေါင်ဆုံးဇာတ်လမ်းလေးတွေ များလာပြီနော် - Property News in Myanmar from iMyanmarHouse.com
33914 Views

အပေါင်ဆုံးဇာတ်လမ်းလေးတွေ များလာပြီနော်

အိမ်ခြံမြေလောက အတွင်းမှာ လုံးချင်းအိမ် ၊ ကွန်ဒိုတိုက်ခန်း ၊ ပုံမှန်တိုက်ခန်း ကအစ အပေါင်ခံတဲ့ဇာတ်လမ်းလေးတွေ ၊ ငွေရှင်နဲ့ မြေပိုင်ရှင်အကြားက အရှုပ်ထုတ်တွေ ၊ အပေါင်ခံတဲ့ အလုပ်အဆင်ပြေချောမွေ့စေဖို့ အတွက် ငွေရှင်နဲ့ မြေရှင်အကြားက အကျိုးဆောင်ပေးတဲ့ ပွဲစားတွေ အကြားက အဝေမတည့်မှုတွေ အဆုံး ဇာတ်ညွှန်းရေးမယ်ဆိုရင် ကိုရီးယား ကားတောင် ထိုင်ငိုသွားလောက်တဲ့အတွက် ပေရှည်ပါတယ်။

အိမ်ခြံမြေဈေးကွက် အေးလာတာ အချိန်ကြာလာတာနဲ့ အမျှ ဈေးကွက်ထဲမှာလည်း ပြသနာပေါင်းစုံ အပူအပင်ပေါင်းစုံနဲ့ ငွေလည်ပတ်ဖို့ အတွက် အပေါင်ခံတဲ့ ဈေးကွက်ကြီး ဖြစ်ထွန်းကြီးထွားလာတာ အခုဆို တစ်နှစ်ကျော် တစ်နှစ်ခွဲကာလ အထိ ရောက်လာပြီလို့တောင် ပြောရမှာဖြစ်ပါတယ်။
သိန်းသောင်းနဲ့ ချီချမ်းသာတဲ့ မြေ၀ယ်ရောင်း သူဌေးသူကြွယ်တွေ ကအစ မရှိမဲ့ရှိမဲ့ ပစ္စည်းလေးတွေ ထုခွဲလို့ မြေ၀ယ်ရင်းထားတဲ့ လူတန်းစာတွေ အထိ ပါ ဈေးကွက်အေးတာ အချိန်ကြာလာတာနဲ့ အမျှ ပြသနာတွေ တက်ကုန်တာဖြစ်ပါတယ်။ အိမ်ခြံမြေဈေးကွက်အတွင်းမှာ ငွေရှားပါးသွားသလို တဖက်မှာလည်း ကုန်ဈေးနှုန်းတွေကတစ်ရိပ်ရိပ်တက် ၊ အခြားစီးပွားရေး လုပ်ငန်းတွေကလည်း မကောင်းကြတာကြောင့် လည်ပတ်ဖို့ ငွေေ၇းကြေးရေး လိုအပ်လို့လာကြပါပြီ။

ဈေးကွက် ရွှေခေတ်ဖြစ်တဲ့အချိန်က မြေ၀ယ်မကျ ဆိုတဲ့ဆိုရိုးစကားကိုယုံစားမိကြပြီး ရှိတဲ့အရင်းအနှီးလေး ထုခွဲရောင်းချ ၊ အပြင်က အတိုးနဲ့ဆွဲပြီး သူများ ဖုတ်ဖက်ခါထ ငွေထုတ်ပိုက် ပြန်တဲံ အချိန်မှ ဈေးကွက်ထဲကို တစ်ရေးနိုးမှ ရောက်လာတဲ့ လူတွေ အနေနဲ့လည်း ဈေးကွက်မှာ ရုတ်တရက် ၀ယ်လက်တွေပျောက်ပြီး အရောင်းအ၀ယ် မကောင်းတာ နှစ်နဲ့ ချီကြာလာပြီဖြစ်တဲံ့ အတွက် မြေတွေထဲမှာ သိန်းပေါင်းများစွာ မြုပ်နေတဲ့ ငွေကြေးတွေကို ရတဲ့နည်းလမ်းတွေနဲ့ ပြန်ဖော်ကြရပါတော့တယ် ။

ဈေးကွက်အေးပြီး ၀ယ်လက်ပျောက်လို့ လက်ဘက်ရည်ဆိုင်မှာ တစ်နေကုန်အာပစ်နေတဲ့ ပွဲစားတွေလည်း အပေါင်ဈေးကွက်ထဲမှာ ယက်ကန်ယက်ကန် နဲ့ ကူးခတ် အသက်ဆက်ရှင်သန် နိုင်နေတဲ့ အနေအထား ကိုကြည့်မယ်ဆိုရင် ဘယ်လောက်အတိုင်းအတာ အထိအပေါင်ဈေးကွက် ဖြစ်ထွန်းနေလဲ ဆိုတာ ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။
သာမန်အရောင်းအ၀ယ် တစ်ခုလုပ်မယ်ဆိုရင် သိန်း တစ်ရာကို နှစ်သိန်း ( လွယ်လွယ်ပြောရရင် ကျပ် ၁၀၀ မှာ အကျိုးဆောင်ခ ၂ ကျပ် ) ရသလို မြေရှင် အခန်းရှင်နဲ့ ငွေရှင် အပေါင်တည့်သွားရင် ငွေရှင်ကို မြေရှင်က လစဉ်ပေးရမယ့် အတိုးနှုန်းထား အတိုင်း တစ်လစာ အကျိုးဆောင်ခကို ပေါင်မယ့်သူက ထုတ်ပေးရတဲ့ စနစ်ဖြစ်ပါတယ်။

အိမ်ခြံမြေဈေးကွက် မကောင်းလို့ တစ်ခြားဈေးကွက်မှာ အလုပ်ဖြစ်နိုင်မယ်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့ အောက်ဈေးနဲ့ နှိုက်ပြီး ၀ယ်နေတဲ့ မြေ၀ယ်သူတွေဆီလည်းမရောင်းချင် ၊ ငွေကြေးပြန်အဆင်ပြေရင် ပြန်ရွေးလို့ရပါတယ်ဆိုတဲ့ မျှော်လင့်ချက် နဲ့ ရှိတဲ့ အိမ်ခြံမြေကို ငွေရှင်ဆီမှာ အပေါင်ထား ၊ အရောင်းအ၀ယ်စာချုပ်ပါတစ်ပါတည်းချုပ်လို့ ငွေရှင် ကို အပြီးသော့ပါ အပ်လိုက်ရတဲ့ ပေါင်နှံမှု တွေက ဈေးကွက်မှာ တိုးတိုးတိတ်တိတ် အလုပ်ဖြစ်နေတာ ကြာပါပြီ။

ရောင်းပေါင်စာချုပ်ချုပ် ၊ လူဆင်း ၊ သော့ခတ်လုပ်ပေးရတဲ့ အထိ မြေရှင်ဘက်ကလုပ်ပေးမှ ငွေရှင်ဘက်က အပေါင်ခံငွေထုတ်ပေးတာ ဖြစ်တဲ့အပြင် လစဉ်ပေးရတဲ့ အတိုးနှုန်းကလည်း ကျပ်တစ်ရာကို အနည်းဆုံး ခြောက်ကျပ်တိုးပေးရတဲ့အတွက် မရွေးနိုင်တဲ့အချိန်ကြာလာလေ လေအတိုးပေါ်အတိုးဆင့်လို့ တစ်နှစ်အတွင်းမှာ အိမ်တွေ မြေတွေ ဆုံးရှုံးသွားကြတာများပါတယ်။ ကျပ် ၁၀၀ အပေါ်မှာလစဉ် ၆ ကျပ်တိုးယူတဲ့ အပေါင်စနစ်ကို ပြန်ကြည့်မယ်ဆိုရင် တစ်နှစ်ကို အတိုးကြီးဘဲ ၇၂ ကျပ်အထိ ကျသင့်မှာဖြစ်ပါတယ် ၊ တစ်နှစ်လုံးကို အတိုးမပေးနိုင်လို့ အတိုးပေါ် အတိုးဆင့်လိုက်ရင် တစ်နှစ်ပြည့်တာနဲ့ ကျပ်၁၀၀ ချေးထားတဲ့ ချေးငွေက ကျပ် ၁၇၂ ကျပ်ဖြစ်သွားတဲ့အထိ ကြောက်စရာကောင်းပါတယ်။အပြင်မှာ အပေါင်မထားဘူး ဘဏ်မှာပေါင်မယ်ဆိုရင် တစ်နှစ်လုံးမှာ ကျပ် ၁၀၀ အတွက် အများဆုံး ၁၃ ကျပ်တိုးသာ ရှိလို့ အပြင်အပေါင်နဲ့ စာရင် အလွန်အင်မတန်သက်သာပေမယ့် အဓိက ပြသနာဖြစ်တဲ့ ဘဏ်ပေါင်ဖို့အတွက် ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေ ၊ စစ်ဆေးမှု အချိန်ကြန့်ကြာတာတွေ အပြင် အေ၇းအကြီဆုံး အချက်ကတော့ အရှုံးမရှိတဲ့ လုပ်ငန်းတစ်ခုကို ပြသရတာဖြစ်ပါတယ် ၊။သာမန် မိသားစု တစ်ခုအတွက်ကတော့ များပြားလှတဲ့ ဘဏ်လုပ်ငန်းစဉ် အဆင့်ဆင့်ကိုကျော်ဖြတ်ဖို့ ဆိုတာ အင်မတန်ခဲယဉ်းလှပါတယ် ။

ပွင့်ပွင့်လင်းလင်းပြောရရင် ဘဏ်မှာ အိမ်ခြံမြေ ကို အပေါင်ထားဖို့ ဆိုတာ လူချမ်းသာတွေ ၊ ကုမ္မဏီပိုင်ရှင်တွေလောက်ဘဲ အဆင်ပြေနိုင်တဲ့လက်ရှိ ဘဏ်စနစ်ဖြစ်တာကြောင့် လူလတ်တန်းစားတွေ အခြေခံလူတန်းစားတွေ အနေနဲ့ ငွေလိုရင် အပြင်က ငွေရှင်ဆီမှာဘဲ အိမ်ဂရန်လေးပေး ၊ ရောင်းပေါင်စာချုပ်လေးချုပ်ပြီး ရတဲ့ငွေလေးနဲ့ ရှင်သန်နေရတဲ့မိသားစုတွေ ထုနဲ့ထေးရှိပါတယ်။
ဒါပေမယ့် ထင်သလို ဖြစ်မလာဘဲ အိမ်ပေါင်ပြီး ငွေဖော် လုပ်ထားတဲ့တစ်ခြားစီးပွားရေးတွေကလည်း အားလုံးသိနေတဲ့ အတိုင်း အလုပ်အကိုင်အကောင်းကြတာကြောင့် အတိုးပေါ်အတိုးဆင့် ၊ အတိုးနဲ့ အရင်းပေါင်း နဲ့ အချိန်ကြာလာတာနဲ့ အမျှ အတိုးလည်းမပေးနိုင် ၊ အရင်းလည်းမဆပ်နိုင်ဘဲ ဆုံးရှုံးကုန်ကြတာ များပါတယ် ။သဘောကောင်းတဲ့ ငွေရှင်တွေနဲ့ တွေ့ရင်တောင် ငွေရှင်နဲ့ ညှိပြီး ပေါင်ထားတဲ့ အိမ်ကို ရတဲ့ဈေးနဲ့ ရောင်း ငွေရှင်ကို အတိုးအရင်းဆပ်ပြီး ပိုတဲ့ငွေ အနည်းငယ်သုံးလိုက်ရတဲ့ အိမ်ရှင်မြေရှင်တွေလည်း ရှိကြပါတယ် ။ အိမ်ခြံမြေ အရောင်းအ၀ယ် မကောင်းတဲ့ အနေအထားရောက်နေတဲ့ အချိန်မှာလည်း မြေပြင်ဈေးကွက်ထဲမှာ ၀ယ်လက်တွေကလည်းအလိုအလျောက်ကိုမှ အောက်ဈေးနှိုက် ၀ယ်နေတဲ့ အချိန်မှာ ပေါင်ထားတဲ့ အိမ်ကို ရောင်းမယ်ဆိုတာ သိခဲ့ရင်လက်ကုန်နှိုက် ဈေး ပိုနှိမ်ပြီးတော့တောင် ဈေးဖြတ်ကြပါတယ် ။

မြေရှင်ဘက်ကလည်း ဒီအတိုင်းမရောင်းဘဲ ဆက်ပေါင်ထားအုံးမယ်ဆိုရင် အတိုးတွေ ကအချိန်နဲ့ အမျှ တက်ပြီး နောက်ဆုံး အဆုံးသတ်မှာ ဆုံးရှုံးမှာ သေချာသလောက် ဖြစ်တဲ့ အတွက် ရတဲ့ဈေးနဲ့ ရောင်း ၊ ငွေရှင်ကိုပေးရာရှိတာလေးပေးပြီး ပိုတာသုံးလိုက်မယ်ဆိုတဲ့ စိတ်နှလုံး ဒုံးဒုံးချပြီး လုပ်လိုက်ရတဲ့အရောင်းအ၀ယ်လေးတွေကလည်း ဈေးကွက်ထဲမှာ ခပ်စိပ်စိပ် ကြားနေမြင်နေရပါတယ်။
အိမ်ခြံမြေ အပေါင်ခံတဲ့ ငွေရှင်ကြေးရှင်တွေ ဘက်ကလည်း အပေါင်ခံတဲ့ အချိန်မှာ ဈေးကွက်ပေါက်ဈေးရဲ့ ထက်ဝက်ပမာဏ ဖြစ်တဲ့ ၅၀ ရာခိုင်နှုန်းလောက်ကိုသာ အများဆုံး ငွေထုတ်ချေးကြပါတယ် ၊ အခုနောက်ပိုင်းမှာပိုဆိုးသွားတာက ၅၀ ရာခိုင်နှုန်းတောင် မဟုတ်တော့ဘဲ ၃၀ ရာခိုင်နှုန်းလောက်ဘဲ ငွေထုတ်ချေးတဲ့ အထိ ငွေရှင်တွေ ဘက်က ခပ်မာမာဆက်ဆံလာကြပါတယ်။

အဓိကကျတဲ့ ဘဏ်စနစ်ကို ပြင်ပြီး မြေကို အပေါင်ထားလို့ ငွေကို ထုတ်ချေးပေးမယ်ဆိုရင်တော့ ပြင်ပမှာ အတိုးကြီးကြီးနဲ့ ပေါင်နှံရလို့ အတိုးတွေပိပြီး ဒုက္ခရောက်နေတဲ့ မိသားစုတွေ ၊ မြေတွေ အိမ်တွေ ဆုံးရှုံးသွားရတဲ့ လူတွေ နည်းပါးသွားမှာဖြစ်ပါတယ် ၊ တင်းကျပ်တဲ့ ဘဏ်တွေရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လုပ်သာကိုင်သာ ရှိတဲ့ အနေအထားတစ်ခုရောက်အောင် အများကြီးဖြေလျှောပေးဖို့လိုအပ်လာပါပြီ ၊ ဘဏ်ဆိုတာ အများပြည်သူအပ်နှံငွေကို မဆုံးရှုံးအောင် စည်းစနစ်တကျ ကာကွယ်ထိန်းသိမ်းရမယ် ဆိုတဲ့ တာဝန်ရှိတာ နားလည်လက်ခံသဘောပေါက်ပေမယ့် နိုင်ငံတကာ ဘဏ်တွေ အိမ်အပေါင်အတွက်ငွေထုတ်ချေးပေးတဲ့ ပုံစံအတိုင်း တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖြေလျှောပေးလိုက်ရင်ဖြင့် ဘဏ်လည်းအကျိုးရှိ ငွေလိုနေတဲ့ မြေရှင်အိမ်ရှင်တွေလည် နှစ်ဦးနှစ်ဖက် အကျိုးရလာဒ်တွေ ဖြစ်ထွန်းလာမှာဖြစ်ပါတယ်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service