၂၀၁၇ ခုနှစ် အတွင်း အိမ်ခြံမြေဈေးကွက် တည်ငြိမ်သည့် ပုံသဏ္ဍာန် နှင့် ပြန်လည်ဦးမော့လာနိုင် - Property News in Myanmar from iMyanmarHouse.com
1277 Views

၂၀၁၇ ခုနှစ် အတွင်း အိမ်ခြံမြေဈေးကွက် တည်ငြိမ်သည့် ပုံသဏ္ဍာန် နှင့် ပြန်လည်ဦးမော့လာနိုင်

ကမ္ဘာစီးပွားရေး အင်အားကြီး နိုင်ငံဖြစ်သည့် အမေရိကန်ပြည်ထောင်စု မှ နှစ်ပေါင်းများစွာမြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူဒဏ်ခတ်ထားခဲ့သည့် ဆန်ရှင်ပိတ်ဆို့မှုကို များမကြာမီကပယ်ဖျတ်ပေးလိုက်ခြင်း ကြောင့်
ပြည်ပအိမ်ခြံမြေ လုပ်ငန်းများ ပြည်တွင်းသို့ ၀င်ရောက်လာနိုင်ခြင်း ၊ ထင်သာမြင်သာရှိပြီး တည်ငြိမ်သည့် နိုင်ငံရေးအကူးအပြောင်းများကြောင့်
အေးစက်လျက်ရှိသည့် ပြည်တွင်း အိမ်ခြံမြေဈေးကွက် ပြန်လည်ဦးမော့လာနိုင်သည့် အလားအလာကောင်းများ ရှိကြောင်း အိမ်ခြံမြေ ကျွမ်းကျင်သူများက ပြောသည်။

'' အရင်တုံးကလို ဈေးကွက်အတက်အကျ ကြမ်းတဲ့ဈေးကွက်တော့ ဖြစ်လာမယ်လို့ မထင်တော့ဘူး ၊၂၀၁၇ လောက်ဆိုရင်တော့ ဖြည်းဖြည်းချင်း တည်ငြိမ်တဲ့ ဈေးကွက်ဖြစ်လာနိုင်မယ်လို့ ယုံကြည်ထားပါတယ် '' ဟု ရန်ကုန်တိုင်းအိမ်ခြံမြေ လုပ်ငန်းရှင်များအသငှ်း ဥက္ကဌ ဦးစိုင်းခွန်နောင်က ပြောသည်။

ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံသူများ ဈေးကွက်ယုံကြည်စိတ်ချမှု ရရှိစေရန်
နှင့် စနစ်ကျသည့် အိမ်ခြံမြေဆိုင်ရာ ၀န်ဆောင်မှု နှင့် ပက်သက်သည့် ဥပဒေ တစ်ရပ်ဖြစ်ပေါ်လာနိုင်စေရန် အတွက် ပြည်တွင်းရှိ အိမ်ခြံမြေ အသင်းများမှ ကြိုးစားဆောင်ရွက်လျက်ရှိသည်။

အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြည်လမ်းရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဗဟိုဌာန အဆောက်အအုံတွင် ရန်ကုန်တိုင်းအိမ်ခြံမြေ လုပ်ငန်းရှင်များအသင်းမှ အိမ်ခြံမြေ၀န်ဆောင်မှု ဥပဒေကြမ်း ပြုစုရေးအလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်
ကျင်းပခဲ့ပြီးဖြစ်သည်။

'' အခုပွင့်လင်းမြင်သာတဲ့ ခေတ်မှာအမေရိကန်ကလည်း
မြန်မာပြည်ကို ဆန်ရှင်လွှတ်ပေးထားတယ် ၊ နိုင်ငံတကာကလည်း မြန်မာပြည်ကို စိတ်ဝင်စားနေတဲ့အချိန်မှာ ဒီဥပဒေကြမ်းက အများကြီးအထောက်အကူ ပြုနိုင်တယ် ၊ ဒီလိုပွဲမျိုး မြောက်များစွာ ကျင်းပပြီးမှ ဥပဒေ ကြမ်းတစ်ခုထွတ်လာနိုင်မှာပါ "ဟု ၄င်းကပြောသည်။

အိမ်ခြံမြေဈေးကွက် တစ်နှစ်ကျော်ကာလ အထိ အချိန်အတော်ကြာ အေးစက်နေသော်လည်း မကြာမီကာလအတွင်း ပေါ်ထွတ်လာနိုင်တော့မည့် အိမ်ခြံမြေ၀န်ဆောင်မှု ဆိုင်ရာ ဥပဒေကြောင့် စနစ်ကျလှသည့် တည်ငြိမ်သည့် ဈေးကွက် ပုံသဏ္ဍာန်ဖြင့် ပြန်လည်ဦးမော့လာနိုင်ဖွယ်ရှိသည်။

'' စနစ်တကျ နဲ့ ဥပဒေတွေ ပြဌာန်းလာနိုင်ရင် အိမ်ခြံမြေလောကရဲ့ အရောင်းအ၀ယ်တွေက ပိုပိုပြီး စနစ်ကျလာနိုင်မှာဖြစ်တယ် ၊ ပိုပြီးထွန်းကားလာနိုင်တယ် ၊ နိုင်ငံတကာမှာလည်း ဥပဒေတွေရှိတယ် ၊ အန်ကယ်တို့ခန့်မှန်းတာကတော့ ၂၀၁၇ နှစ်လယ်ကျော်ရင်တော့ အိမ်ခြံမြေလောက ကြီး စနစ်တကျ ကောင်းလာနိုင်မယ်လို့ ထင်တယ် "" ဟု မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေး အသင်း ဥက္ကဌ ဦးတင်မောင်က အောက်တိုဘာလ ၂၂ ရက်တွင်ပြောသည်။

ပြည်တွင်းစီးပွားရေး တုံ့ဆိုင်းနေသည့် အတွက် နိုင်ငံတော်မှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အစိုးရပိုင်းမှ ကြိုးစားဆောင်ရွက်နေဆဲကာလဖြစ်သည့် လတ်တလောတွင် ငွေရေးကြေးရေး လည်ပတ်ရန် နှင့် ၀ယ်ယူပြီး ပြန်လည်ရောင်းချရန် အခက်အခဲရှိနေသည့် အိမ်ခြံမြေ ဈေးကွက်အနေဖြင့် မကြာမီ တည်ငြိမ်သည့် ဈေးကွက်တစ်ခု အဖြစ် အရောင်းအ၀ယ်များ ပြန်လည်သွက်လာလာနိုင်ခြေရှိသည်။

'' အိမ်ခြံမြေလောက ဆိုတာ ဘယ်တော့မှ တိမ်ကောသွားစရာ အကြောင်းမရှိဘူး ၊ ရာခိုင်နှုန်းတော့ နည်းချင်နည်းသွားနိုင်မယ် ၊ ပြန်ဖြစ်လာနိုင်မယ့် အိမ်ခြံမြေဈေးကွက်က ဈေးနှုန်းကို ဈေးကွက်က အလိုလို ထိန်းချုပ်ပြီးသွားတဲ့ပုံစံနဲ့တည်တည်ငြိမ်ငြိမ်လေး ဖြစ်သွားလိမ့်မယ် ၊ အိမ်ခြံမြေလောကစနစ်ကျလာတာနဲ့ အမျှ ပြည်ပက လူတွေလည်း အများကြီး လာရင်းနှီးမြုပ်နှံလာနိုင်လိမ့်မယ် ၊ ဥပဒေ ခိုင်မာဖို့တော့ အရေးကြီးတယ် ဟု ဦးတင်မောင်က ဆက်လက်ပြောသည်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service