မြေယာနှင့် ပတ်သက်သည့် ဥပဒေအမြင် ဖွင့်ဆွေးနွေးပွဲ ပြုလုပ် - Property News in Myanmar from iMyanmarHouse.com
1513 Views

မြေယာနှင့် ပတ်သက်သည့် ဥပဒေအမြင် ဖွင့်ဆွေးနွေးပွဲ ပြုလုပ်

မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ် ဘက် မဟာမိတ်အဖွဲ့က ကြီးမှူး၍ ရှမ်း ပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် အတွင်းမှ တောင်သူလယ်သမားများ အနေဖြင့် မြေယာနှင့်ပတ်သက်သည့် ဥပဒေဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် အမြင်ဖွင့်ဆွေးနွေးပွဲ ကို အောက်တိုဘာ ၁၅ ရက်နှင့် ၁၆ ရက် နှစ်ရက်ကြာ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲသို့ ကျောက်မဲမြို့နယ် အတွင်းရှိ မန်ခါး၊ ဟိုင်းပု၊ မြို့ဟောင်း၊ မြို့သစ်၊ ပိန္နဲကုန်း၊ ရွာသစ်၊ မန်ကောင်းမှု၊ ကုန်းသာ အစရှိသည့်ကျေးရွာ များမှ တောင်သူများ၊ မြေယာကိစ္စနှင့်ပတ်သက် သည့် ဥပဒေများကို စိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် မြေယာနှင့်ပတ်သက် သည့် ဥပဒေဆိုင်ရာများကို တရား လွှတ်တော်ရှေ့နေ ဦးမြင့်သွင်(ရန်ကုန်)က ဆွေးနွေးပြီး နိုင်ငံသား တိုင်းသည် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကို သိရှိရန် လိုအပ်ကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာ သည် နိုင်ငံသားအားလုံးနှင့် သက်ဆိုင် ကြောင်း၊ ကျေးရွာနေပြည်သူများအနေ ဖြင့် မိမိတို့ပိုင်ဆိုင် ထားသောမြေသည် မည်သည့်မြေအမျိုးအစားဖြစ်ကြောင်းကို သိရှိရန် လိုအပ်ကြောင်းနှင့် မည်သည့် အထောက်အထားများ ရှိဖို့လိုအပ်သည် ကိုလည်း သိရှိထားရန်လိုအပ်ကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် မြို့မြေ၊ ရွာမြေ၊ စားကျက် မြေ၊ ဘုံမြေ၊ သုသာန်မြေ၊ အခွန်လွတ် သာသနာမြေ၊ လယ်ယာမြေ စသည့် မြေအမျိုးအစား အမျိုးမျိုးအလိုက် ပိုင်ဆိုင်မှုအထောက်အထား ဥပဒေနှင့် နည်းဥပဒေများကို ဆက်လက်ဆွေးနွေး ခဲ့ပြီး ဆွေးနွေးပွဲ တက်ရောက်သော တောင်သူများက မိမိတို့ပိုင်ဆိုင်ထား သည့် မြေယာများနှင့်ပတ်သက်၍ သိရှိ လိုသည့်အကြောင်းအရာ များ၊ တွေ့ကြုံ နေရသည့် အခက်အခဲများကို တင်ပြ မေးမြန်းခဲ့ရာ တရားလွှတ်တော်ရှေ့နေကြီး က ပြန်လည်ရှင်းလင်းဖြေကြား ပေးခဲ့ သည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service