ကမ္ဘာကျော် အီလက်ထရောနစ်ကုမ္ပဏီကြီး ပန်နာဆိုးနစ် ထိုင်းအိမ်ခြံမြေဈေးကွက်သို့ ခြေချရန် ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com
1208 Views

ကမ္ဘာကျော် အီလက်ထရောနစ်ကုမ္ပဏီကြီး ပန်နာဆိုးနစ် ထိုင်းအိမ်ခြံမြေဈေးကွက်သို့ ခြေချရန် ပြင်ဆင်

ကမ္ဘာကျော် အီလက်ထရောနစ်ကုမ္ပဏီကြီးဖြစ်သော ပန်နာဆိုးနစ်သည် ထိုင်းအိမ်ခြံမြေဈေးကွက်သို့ ခြေချရန် ပြင်ဆင်နေကြောင်း ဘန်ကောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ပန်နာဆိုးနစ်သည် ထိုင်းအခြေစိုက် developer နှင့် လက်တွဲကာ ထိုင်းနိုင်ငံအတွင်းတွင် အိမ်ရာစီမံကိန်းများ၊ ဈေးဝယ်စင်တာများနှင့် ဆေးရုံများ ဆောက်လုပ်သွားမည်ဖြစ်ပြီး လာမည့်နှစ်နှစ်အတွင်း စီမံကိန်းများစတင်သွားမည်ဟု ဆိုသည်။

လက်ရှိအားဖြင့် ထိုင်းအိမ်ခြံမြေဈေးကွက်တန်ကြေးမှာ ဘတ် ၃၅၀ ဘီလီယံခန့်ရှိသည်။

ပူးပေါင်းမှုတွင် အကျိုးအမြတ်ခွဲဝေမှုအချိုးမှာ ပန်နာဆိုးနစ်မှ ၄၉ ရာခိုင်နှုန်းနှင့် ထိုင်း developer မှ ၅၁ ရာခိုင်နှုန်း ဖြစ်သည်။

ပန်နာဆိုးနစ်သည် ယခုအခါ ထိုင်းအခြေစိုက် developer အချို့နှင့် ဆွေးနွေးလျက်ရှိပြီး ယင်းအထဲမှ စီးပွားဖက်တစ်ဦးကို ရွေးချယ်မည်ဖြစ်ကြောင်း ပန်နာဆိုးနစ်၏ အာရှ-ပစိဖိတ်ဆိုင်ရာ မန်နေးဂျင်းဒါရိုက်တာ ကာဇူဟီကို တာနာကာက ပြောကြားသည်။

ပန်နာဆိုးနစ်သည် စီးပွားဖက် business partner ရွေးချယ်မှုကို ယခုနှစ်အတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ပထမဆုံးအိမ်ရာစီမံကိန်းတစ်ခု စတင်ဆောက်လုပ်သွားရန် ရည်မှန်းထားသည်။

ယင်းပထမဆုံးစီမံကိန်းသည် ၀င်ငွေအလယ်လတ်တန်းနှင့် အထက်တန်းရှိသူတို့အတွက် ရည်ရွယ်ခြင်းဖြစ်ပြီး နေအိမ်ခန်းဈေးနှုန်းများမှာ ဘတ်ငွေ ၄ သန်းမှ စတင်မည်ဖြစ်သည်ဟု ဆိုသည်။

ပန်နာဆိုးနစ်သည် အိမ်ခြံမြေကဏ္ဍတွင် စီးပွားရေးချဲ့ထွင်မှုများ ပြုလုပ်လျက်ရှိရာ၌ ထိုင်းနိုင်ငံမှာ တတိယမြောက်နိုင်ငံဖြစ်သည်။

ပထမဆုံး အကောင်အထည်ဖော်ခဲ့သည့်နိုင်ငံမှာ ထိုင်ဝမ်ဖြစ်ပြီး ၂၀၀၈ ခုနှစ်က စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ပန်နာဆိုးနစ်သည် ထိုင်ဝမ်ပြီးနောက် မလေးရှားအိမ်ခြံမြေဈေးကွက်သို့ ၀င်ရောက်ခဲ့သည်။

ထိုင်ဝမ်တွင် ကွန်ဒိုမီနီယံစီမံကိန်း ၁၀ ခု အကောင်အထည်ဖော်ခဲ့ပြီး မလေးရှားတွင်မူ အိမ်ရာစီမံကိန်း ၄ ခု အကောင်အထည်ဖော်ခဲ့ပြီး ဖြစ်သည်။


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော် အီလက်ထရောနစ်ကုမ္ပဏီကြီး ပန်နာဆိုးနစ် ထိုင်းအိမ်ခြံမြေဈေးကွက်သို့ ခြေချရန် ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service