တန်ဖိုးနည်းအိမ်ရာ အခန်း ၂,၀၀၀ ကို မဲစနစ်ထက် ပိုမိုကောင်းမွန်သည့်စနစ်ဖြင့် ရောင်းချနိုင်ရေး ဆွေးနွေးနေဟုဆို - Property News in Myanmar from iMyanmarHouse.com
971 Views

တန်ဖိုးနည်းအိမ်ရာ အခန်း ၂,၀၀၀ ကို မဲစနစ်ထက် ပိုမိုကောင်းမွန်သည့်စနစ်ဖြင့် ရောင်းချနိုင်ရေး ဆွေးနွေးနေဟုဆို

တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို ယခင်အစိုးရလက် ထက်က အသုံးပြုသော မဲဖောက်ရောင်းချသည့်စနစ်အစား အခြား စနစ်တစ်ခုဖြင့် ရောင်းချမည်ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီး ဌာနမှ သတင်းရရှိသည်။

‘‘အခန်းနှစ်ထောင်ကျော်ကို စတင်ရောင်းချဖို့ တိုင်းဒေသကြီး အစိုးရကို ကျွန်တော်တို့ လွှဲပြောင်းပေးလိုက်ပါပြီ။ မဲဖောက်ရောင်း တဲ့စနစ်ထက် ကောင်းတဲ့တစ်ခုနဲ့ ရောင်းဖို့ ရှိပါတယ်။ အခုထက် အထိတော့ ဆွေးနွေးနေဆဲပါ’’ဟု အဆိုပါဌာန ဒုတိယညွှန်ကြားရေး မှူး ဦးမင်းအောင်အေးက ပြောသည်။

ပြီးခဲ့သည့် အစိုးရလက် ထက်က အသုံးပြုသော မဲဖောက်ရောင်းချသည့်စနစ်သည် အမှန် တကယ် ဝယ်ယူလိုသူလက်ထဲ မရောက်ရှိဘဲ ပြန်လည်ရောင်းချ သူ၊ ဈေးတင်ရောင်းချသူများထံ ရောက်ရှိခဲ့၍ တန်ဖိုးနည်းအိမ်ရာများ ရောင်းချသည့်စနစ်ကို ပြောင်းလဲ
မည်ဖြစ်ကြောင်း သိရသည်။

အစိုးရသစ်လက်ထက်တွင် ရွှေလင်ဗန်းနှင့် ယုဇနတန်ဖိုးနည်း အိမ်ရာစီမံကိန်းများမှ အခန်း ပေါင်း နှစ်ထောင်ကျော်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ရန်ကုန်တိုင်း အစိုးရအဖွဲ့သို့ ဩဂုတ်အစောပိုင်းက လွှဲပြောင်းပေးခဲ့ ပြီးဖြစ်သော်လည်း ယနေ့အထိ အဆိုပါအခန်းများကို မည်သည့် အစီအစဉ်ဖြင့် ရောင်းချရန် တိုင်း ဒေသကြီး အစိုးရအဖွဲ့က ထုတ် ပြန်ခြင်းမရှိသေးပေ။

ယခင်အစိုးရလက်ထက်က တည်ဆောက်သည့် အိမ်ရာစီမံ ကိန်းသည် ထင်သလောက် မအောင်မြင်ခဲ့ဘဲ အမှန်တ
ကယ်လိုအပ်သူများဝယ်ယူနိုင်သည့်အ ခြေအနေမရှိကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော် မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့် ခွဲမှုဌာန ဒုတိယဌာနမှူး ဦးတိုး အောင်က ပြောကြားသည်။

‘‘မအောင်မြင်တာကတော့ အမှန်ပဲ။ ဥပမာ ရတနာတို့၊
ဧရာဝဏ်တို့ပဲကြည့်၊ စဆောက်ဖို့ရည် ရွယ်တုန်းက သိန်းတစ်ရာကျော်။ အခု တကယ်ရောင်းတော့ သိန်း ခြောက်ရာကျော်နဲ့ ရောင်းနေပြီ။တချို့စီမံကိန်းတွေ
က အမှားအယွင်းတွေ တော်တော်များခဲ့တယ်’’ ဟု မြို့ပြစီမံကိန်းပညာရှင် ဦးမြင့်မိုရ်ဆွေက သုံးသပ်သည်။

တန်ဖိုးနည်းအိမ်ရာစီမံကိန်း များ မတည်ဆောက်မီက ကြိုတင် ၍ မြို့ပြပညာရှင်များက မှားယွင်း နေသော အချက်အလက်များကို ထောက်ပြ ပြောကြားခဲ့သော်လည်း အစိုးရတာဝန်ရှိသူများက လက်မခံခဲ့ကြောင်း
မြို့ပြစီမံကိန်း ပညာရှင်များက ဆိုသည်။

ယခုအစိုးရလက်ထက်တွင် ကျပ်သိန်းတစ်ရာခန့် တန်ဖိုးရှိတိုက်ခန်းနှစ်ထောင်ကျော် ရောင်းချရန်ပြင်ဆင်ပြီး ရန်ကုန်တွင် တန်ဖိုးနည်းတိုက်ခန်း ရှစ်ထောင် ကျော် တည်ဆောက်ရန် အစိုးရကရည်ရွယ်ထားသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service