ဟောင်ကောင်တွင် လူလတ်တန်းစားမိသားစုတစ်ခုသည် နေအိမ်ဝယ်ယူနိုင်ရန် ၁၉ နှစ်ခန့် ကြိုးပမ်းရပြီး စင်္ကာပူတွင် ၅ နှစ်သာ ကြာမြင့် - Property News in Myanmar from iMyanmarHouse.com
2416 Views

ဟောင်ကောင်တွင် လူလတ်တန်းစားမိသားစုတစ်ခုသည် နေအိမ်ဝယ်ယူနိုင်ရန် ၁၉ နှစ်ခန့် ကြိုးပမ်းရပြီး စင်္ကာပူတွင် ၅ နှစ်သာ ကြာမြင့်

အိမ်ခြံမြေဈေးနှုန်းများကျဆင်းစေရန် ကြိုးပမ်းရာတွင် စင်္ကာပူက ဟောင်ကောင်ကို ဖြတ်ကျော်သွားကြောင်း စင်္ကာပူအခြေစိုက် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

စင်္ကာပူနှင့် ဟောင်ကောင်၏ အိမ်ခြံမြေဈေးကွက်များအခြေအနေမှာ များစွာတူညီကြသည်။

မကြာသေးမီနှစ်များအတွင်း ယင်းနှစ်နိုင်ငံသည် အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းရန် ကြိုးပမ်းလာကြသည်။

လက်ရှိအခြေအနေများကိုကြည့်မည်ဆိုလျှင် စင်္ကာပူမှာ နေအိမ်ဈေးနှုန်းကျဆင်းရန် ကြိုးပမ်းရာတွင် ပိုမိုအောင်မြင်မှုများ ရရှိကြောင်း တွေ့ရသည်။

လွန်ခဲ့သော ၇ နှစ်တာကာလအတွင်း စင်္ကာပူအိမ်ခြံမြေဈေးနှုန်းများ ကျဆင်းသွားသည့်အပြင် ၀ယ်လက်တို့၏ ၀ယ်လိုအားလည်း ကျဆင်းသွားခဲ့သည်။

ဟောင်ကောင်တွင် အိမ်ခြံမြေဈေးများ ဦးမော့လာခြင်းမှာ အုပ်ချုပ်ရေးမှူး လန်ချောင်းယင်အတွက် ခေါင်းခဲဖွယ်အကြောင်းတစ်ရပ် ဖြစ်လာနေသည်။

လန်ချောင်းယင်သည် အိမ်ခြံမြေဈေးများ ငြိမ်နေစေရန် အောင်မြင်စွာကြိုးပမ်းနိုင်မှုကို ဂုဏ်ယူနေဆဲမှာပင် ယခုအခြေအနေဖြစ်ပေါ်လာခြင်းဖြစ်ပြီး လာမည့်မတ်လတွင် ကျင်းပမည့် အုပ်ချုပ်ရေးမှူး ငါးနှစ်သက်တမ်းအတွက် ဆန္ဒမဲပေးပွဲမတိုင်မီ ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။

လန်ချောင်းယင်သည် ၂၀၁၂ ခုနှစ်မှစတင်ပြီး ဟောင်ကောင်တွင် အိမ်ခြံမြေဈေးကျဆင်းစေရန် စည်းမျဉ်းချမှတ်ခြင်းများ ပြုလုပ်ခဲ့သည်။

မစ္စတာလန်သည် ဒုတိယသက်တမ်းအတွက် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ထုတ်ဖော်ပြောကြားဖူးခြင်းမရှိသော်လည်း ဟောင်ကောင်တွင် လူကြိုက်နည်းလျက်ရှိသည်။

၂၀၁၄ ခုနှစ်အတွင်း ဟောင်ကောင်တွင် ဆင်းရဲချမ်းသာကွာဟမှုနှင့်စပ်လျဉ်း၍ ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။

ဟောင်ကောင် အိမ်ခြံမြေဈေးသည် ယခုအခါတွင် ၁၁ နှစ်တာကာလအတွင်း အမြင့်တက်ဆုံးသို့ ရောက်ရှိနေသည်။

ဟောင်ကောင်တွင် လူလတ်တန်းစားမိသားစုတစ်ခုသည် နေအိမ်ဝယ်ယူနိုင်ရန် ၁၉ နှစ်ခန့် ကြိုးပမ်းရသည့် အခြေအနေမျိုးရှိပြီး စင်္ကာပူတွင်မူ လူလတ်တန်းစားမိသားစုတစ်ခုသည် နေအိမ်ဝယ်ယူနိုင်ရန် ၅ နှစ်ခန့်သာ ကြိုးပမ်းရသည့် အခြေအနေရှိသည်။



Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service