အိုးအိမ်ဦးစီးဌာနပိုင် အိမ်ရာငှားရမ်း နေထိုင်သူများ ငါးနှစ်သာ နေထိုင်ခွင့် ပြုမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
3158 Views

အိုးအိမ်ဦးစီးဌာနပိုင် အိမ်ရာငှားရမ်း နေထိုင်သူများ ငါးနှစ်သာ နေထိုင်ခွင့် ပြုမည်ဟုဆို

မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အိုးအိမ်ဦးစီးဌာနပိုင် အငှားအိမ်ရာများတွင် ငှားရမ်းနေထိုင် သူများသည် ငါးနှစ်အထိသာ အများဆုံး ငှားရမ်း နေထိုင်ခွင့် ပြုမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယခုအစိုးရ လက်ထက်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆောက်လုပ် ငှားရမ်းသွားမည့် အိမ်ရာများတွင် နေထိုင်သူများကို ယခုလမှစတင်ကာ လုပ်ထုံးလုပ်နည်း အသစ်ဖြင့် ငါးနှစ်သာ ငှားရမ်းနေထိုင်ခွင့် ပြုမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“အရင်အစိုးရ လက်ထက်မှာ ကျွန်တော်တို့ဌာနက ကြီးကြပ် ကွပ်ကဲရတဲ့ အငှားအိမ်ရာတွေအတွက် ငှားရမ်းတဲ့ လုပ်ထုံးလုပ်နည်း အသစ်မှာ မပါဝင်ပါဘူး။ အခုအစိုးရ လက်ထက် တိုင်းနဲ့ပြည်နယ်တွေမှာ ငှားပေးမယ့် အငှား အိမ်ရာတွေမှာတော့ ဒီစနစ်ကို စတင် ကျင့်သုံးပါမယ်”ဟု ၎င်းက ဆိုသည်။

အခြားနိုင်ငံများ၌ ဌာနပိုင် အငှား အိမ်ရာများကို ငါးနှစ်သက်တမ်း အထိသာ အများဆုံး ငှားရမ်း နေထိုင်ခွင့် ပြုသော်လည်း မြန်မာနိုင်ငံတွင် အငှားအိမ်ရာ နေသူများမှာ ဆွေစဉ်မျိုးဆက် မိမိတို့ကိုယ်ပိုင် တိုက်ကဲ့သို့ နေထိုင်လျက် ရှိသောကြောင့် ယခုကဲ့သို့ လုပ်ထုံးလုပ်နည်း အသစ်ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရှိရသည်။

အစိုးရအဆက်ဆက်တွင် အငှား အိမ်ရာများ အများအပြား ဆောက်လုပ်၍ ပြည်သူ့ဝန်ထမ်း၊ နိုင်ငံဝန်ထမ်းနှင့် အငြိမ်းစား ဝန်ထမ်းများကို ဈေးနှုန်း ချိုသာစွာဖြင့် ငှားရမ်းခဲ့ပြီး အိမ်ရာထိန်းသိမ်းမှု ကိစ္စများ၊ အိမ်လခ ကောက်ခံသည့် ကိစ္စများကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက စီမံဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ ဌာနထံမှ သိရှိရသည်။

ယခုနှစ်တွင် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန အနေနှင့် ရန်ကုန်၊ ပဲခူး၊ နေပြည်တော်၊ ပုသိမ်မြို့များတွင် အငှား အိမ်ရာများကို ဖော်ဆောင်လျက်ရှိပြီး ယခုအစိုးရ ငါးနှစ်သက်တမ်း ကာလ၌ တိုင်းနှင့် ပြည်နယ်အလိုက် အငှားအိမ်ရာများ ဖော်ဆောင်သွားမည်ဖြစ်သည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service