ဝါကျွတ်ကာလ နီးကပ်လာခြင်းကြောင့် ရန်ကုန် အိမ်ခြံမြေဈေးကွက် အတွင်း တိုက်ခန်းနှင့် အိမ်အငှားဈေးကွက်များ သွက်လာ - Property News in Myanmar from iMyanmarHouse.com
1359 Views

ဝါကျွတ်ကာလ နီးကပ်လာခြင်းကြောင့် ရန်ကုန် အိမ်ခြံမြေဈေးကွက် အတွင်း တိုက်ခန်းနှင့် အိမ်အငှားဈေးကွက်များ သွက်လာ

ဝါကျွတ်ကာလနီးကပ်လာခြင်းကြောင့် ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းနှင့်အိမ်အငှားဈေးကွက်များ သွက်လာကြောင်း ရန်ကုန်မြို့တွင်းရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း အသိုင်းအဝိုင်းမှသိရသည်။ ရန်ကုန်အိမ်ခြံမြေအငှားဈေးကွက်အတွင်း ရန်ကုန်မြို့တွင်းရှိမြို့နယ်များနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြို့နယ်များတွင် လူနေတိုက်ခန်းများအငှားသွက်နေကြောင်း ၎င်းတို့ကဆိုသည်။ မဏ္ဍိုင်အိမ်ခြံမြေ အကျိုး ဆောင် လုပ်ငန်းမှဦးသန်းဦးက''ဆင် ခြေဖုံးမြို့နယ်တွေကလွဲပြီး ရန်ကုန်တစ်မြို့လုံးအငှားဖြစ်ပါတယ်။ လုံးချင်းတို့ကွန်ဒိုတို့လည်းအငှားဖြစ်ပါတယ်။ သူတို့ကတော့ အငှားနည်းတယ်။ တိုက်ခန်းတွေကတော့ အငှားများတယ်'' ဟု အောက်တိုဘာ ၉ ရက် ဒီမိုကရေစီတူဒေးကိုပြောသည်။

အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းအငှားဈေးနှုန်းများမှာ အနိမ့်ဆုံးကျပ်နှစ်သိန်းမှ အမြင့်ဆုံး သုံးသိန်းခွဲအထိရှိပြီး မြေညီထပ်တိုက်ခန်းများမှာ ဆိုင်ခန်းဖွင့်လှစ်ရန်အတွက် ငှားရမ်းမှုများရှိနေသောကြောင့် အငှားဈေးနှုန်းများမှာ ကျပ်ခြောက်သိန်းထိရှိကြောင်း အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းရှင်များထံမှသိရသည်။ ဦးသန်းဦးက''အိမ်ငှားခတွေက မနှစ်ကဈေးနဲ့တော့ သိပ်မကွာလှပါဘူး။ ငှားရမ်းခတွေကတော့ နေ ရာ ပေါ်မူတည်ပြီး ကွာခြားသွားတာပါ။ သူ့ဟာနဲ့သူတော့ အငှားဖြစ်ပါတယ်။ သာမန်တိုက်ခန်းတွေကတော့ အငှားများတယ် ''ဟု ထပ်မံပြောသည်။ ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း အငှားအသွက်ဆုံးမြို့နယ်များ မှာ ရန်ကုန်မြို့တွင်းခြောက်မြို့နယ်အ ပြင် တာမွေ၊ ကျောက်မြောင်း၊ ကြည့် မြင်တိုင်၊ အလုံ၊ စမ်းချောင်းမြို့နယ် နှင့်တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ အင်းစိန်မြို့နယ်များတွင်လည်း ငှား ရမ်းမှုများကြောင်း သိရသည်။

ရန်ကုန်အိမ်ခြံမြေအငှားဈေးကွက်နှင့်ပတ်သက်ပြီးထက်အာကာ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းမှ ဒေါ် အေးအေးမော်က ''ရန်ကုန်မှာက တော့ အငှားကနေရာစုံမှာဖြစ်နေတယ်။ ငှားရမ်းခတွေကတော့ မနှစ်ကအတိုင်း ပါပဲ ပြောင်းလဲမှုမရှိဘူးပေါ့။ လက်ရှိဈေးကွက်အနေအထားက တော့ သူဟာနဲ့သူတော့ အရောင်းအဝယ်ရော၊ အငှားရောဖြစ်နေပါတယ်'' ဟု အောက်တိုဘာ ၁ဝ ရက် ဒီမိုက ရေစီတူဒေးသို့ပြောသည်။ ယခုလပိုင်း အတွင်း ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း နေအိမ်တိုက် ခန်းငှားရမ်းမှုများကဲ့သို့ မြေကွက်ငှားရမ်းမှုများလည်းရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှသိရသည်။ ''မြေငှားရမ်းမှုတွေကတော့ အထူးသဖြင့် ဗဟန်း ဘက်တွေပေါ့ အဲ့ဒီ နေရာတွေမှာက ကား Show Room တွေ၊ ဆိုင်ခန်းတွေဖွင့်ဖို့အတွက် အဓိကငှားရမ်းကြတယ်''ဟု WIN & PYONE အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ မန်နေဂျင်းဒါရိုက် တာ ဒေါ်ပြုံး သန္တာလှိုင်က ဒီမိုကရေစီ တူဒေးသို့ ပြောသည်။ ရန်ကုန်မြို့ အိမ်ခြံမြေအငှားဈေး ကွက်တွင် ငှားရမ်းမှုများသည့် နေရာ များရှိသကဲ့သို့ ငှားရမ်းမှုနည်းပါး သောနေရာများလည်းရှိနေကြောင်း သိရသည်။

''အငှားနည်းတဲ့နေရာတွေက တော့ စက်မှုဇုန်မြေတွေပေါ့။ စက်မှုဇုန်တွေမှာရှိတဲ့ မြေလွတ်တွေကို ပြည် တွင်းကရော၊ ပြည်ပကရင်းနှီးမြှုပ်နှံ မယ့်သူတွေကရောလာကြည့်တာတွေ တော့ရှိတယ်။ ဒါပေမဲ့အငှားမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ စက်မှုဇုန်မြေ တွေကို တကယ်အလုပ်မလုပ်ဘဲ လက်ဝယ်ပိုင်ဆိုင်ထားမယ်ဆိုရင် ပြန်သိမ်းမယ်ဆိုတော့ လူတွေကမငှားကြတော့ဘူး''ဟု ဒေါ်ပြုံးသန္တာလှိုင်က ဆက်လက်ပြောသည်။ လက်ရှိချိန် တွင် အိမ်ခြံမြေဈေး ကွက်အနေအထားမှာ အေးနေပြီး မကြာမီအချိန်တွင် ကွန်ဒိုမီနီယံနှင့် ပတ်သက်၍ နည်းဥပဒေထွက်ပေါ်လာမည်ဆိုပါက လက်ရှိအိမ်ခြံမြေ ဈေးကွက်အနေအထားမှာ ယခုထက် အနည်းငယ်တိုး တက် လာနိုင်ကြောင်း လည်း အိမ်ခြံမြေအသိုင်းအဝိုင်းမှ သုံးသပ်ထားကြသည်။ အိမ်ခြံမြေဈေးကွက်နှင့် ပတ်သက်၍ ထက်အာကာအိမ်ခြံမြေဝန် ဆောင်မှုလုပ်ငန်းမှ ဒေါ်အေးအေးမော်က ''ကွန်ဒိုမီနီယံနဲ့ပတ်သက်တဲ့ နည်းဥပဒေသာထွက်လာမယ်ဆိုရင် တော့ အိမ်ခြံမြေဈေးကွက်က အခုထက်ပိုပြီး နည်းနည်းတော့ ကောင်းလာမှာပါ။ ဒါပေမဲ့ ဈေးကွက်ကြီးတစ် ခုလုံးကို ကိုင်လှုပ်နိုင်မယ့် အနေအထားအထိတော့ ဖြစ်လာနိုင်ဖို့မရှိပါ ဘူး''ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။


Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service