မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံအားနည်းမှုကြောင့် ပြည်ပစီးပွားရေးလုပ်ငန်းများ ၀င်ရောက်မှုနည်းပါး - Property News in Myanmar from iMyanmarHouse.com
1146 Views

မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံအားနည်းမှုကြောင့် ပြည်ပစီးပွားရေးလုပ်ငန်းများ ၀င်ရောက်မှုနည်းပါး

မြန်မာနိုင်ငံတွင် လုပ်အားခသက်သာသော်လည်း ရေ၊ လျှပ်စစ်၊ လမ်း ပန်း ဆက်သွယ်ရေး စသည့် အခြေခံ အဆောက်အအုံအားနည်းမှုကြောင့်
ပြည်ပစီးပွားရေးလုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်မှုနည်းပါးလျက်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။

''ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေက အခုတော့ စောင့်ကြည့်နေတယ်။
ပြည်တွင်းမှာက လိုအပ်ချက်အနေနဲ့ အခြေခံ အဆောက်အအုံတွေ လိုအပ်ချက်ရှိတယ်။ မြေဈေးကလည်း ကြီးနေတယ်။ စီးပွားရေးအခြေအနေကလည်း ငြိမ်နေတယ်။ ပေါ်လစီတချို့ကလည်း မငြိမ်သေးတော့ စောင့်ကြည့်နေတဲ့သဘောဖြစ်တယ်။

မကြာသေးမီက ထုတ်ပြန်လိုက်တဲ့ စီးပွားရေးပေါ်လစီက
ယေဘုယျဆန်နေတဲ့အတွက် ဘယ်ကိုသွားချင်လဲ၊ ဘာလုပ်ချင်လဲ ဆိုတာ မပါဘူး။ Action Plan လေးပါရင် ပိုကောင်းမယ်။ ပြည်ပရင်းနှီးမြှုပ်နှံ မှုဝင်လာအောင် လိုအပ်ချက်တွေ ရှိတဲ့အရာတွေကို ပြုပြင်ပေးဖို့လိုတယ်။ အစိုးရသစ်အနေနဲ့ စီးပွားရေးကဏ္ဍတိုးတက်ဖို့ တကယ်ကို အား ထည့်ဖို့လိုအပ်ပါတယ်'' ဟု စီးပွားရေးလုပ်ငန်း
ရှင်ဒေါက်တာစိုးထွန်းက ပြောသည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဖြစ်သည့် ဆောက်လုပ်ရေးလုပ်ငန်း စက်ယန္တရားနှင့် လျှပ်စစ်ပစ္စည်း ဈေးကွက် များ ပိုမိုကောင်းမွန် လျက်ရှိသော်လည်း ရေ၊ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး အစရှိသည့် အခြေခံ အဆောက်အအုံများ အားနည်းခြင်းသည် ရေရှည်
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာတွင် အဟန့်အတားဖြစ်လျက်ရှိကြောင်း အထူးစီးပွားရေးဇုန်များဖြစ်သည့် သီလ၀ါ၊ ထားဝယ်နှင့် ကျောက်ဖြူအထူး စီးပွားရေးဇုန်များတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်လျက်ရှိကြောင်း သိရသည်။

''ရင်းနှီးမြှုပ်နှံမှုဝင်လာဖို့အတွက် အဓိကနိုင်ငံရေး တည်ငြိမ်ရမယ်။ စီးပွားရေးမူဝါဒ၊ ဥပဒေတည် ငြိမ်ရမယ်။ ခိုင်မာရမယ်။ပြည်ပရင်းနှီးမြှုပ်နှံသူများကို လုံလောက်တဲ့ အကာအကွယ်ပေးရမယ်။ ရင်းနှီးမြှုပ်နှံမှုက တကမ္ဘာလုံးကို သွားနေတာ။ ကိုယ့်နိုင်ငံကို ပိုမိုဝင်လာအောင် ဆွဲဆောင်မှုအနေနဲ့ မက်လုံးတွေပေးဖို့ လိုအပ် တယ်။ ဒါပေမဲ့ ပေးတဲ့နေရာမှာ ကိုယ်လိုချင်တဲ့လုပ်ငန်းတွေလာပြီး ရင်းနှီးမြှုပ်နှံအောင်ပေးတာမျိုးတွေ ဖြစ်ရမယ်။
ကိုယ်မလိုချင်တဲ့လုပ်ငန်းမျိုးကိုတော့ မက်လုံးမပေးတဲ့အပြင် ထိရောက်စွာ ဟန့်တားဖို့လိုအပ် တယ်''ဟု မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်ငန်းရှင်
များအသင်းမှ ဒုတိယဥက္ကဋ္ဌဦးအောင်သိန်းက ပြောသည်။

မြန်မာနိုင်ငံသည် လက်ရှိတွင် အာဆီယံ ၁၀ နိုင်ငံအနက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း အမြင့်ဆုံးဖြစ်ပြီး ၂၀၂၀ ခုအထိ ဆက်လက်တိုးတက်နေမည်ဟု စီးပွားရေးလုပ်ငန်းရှင်များ သုံးသပ်ထားကြောင်း သိရသည်။

''မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေက အမေရိကန်နိုင်ငံ စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှားပြီးရင် ပြည်ပမှ စီးပွားရေးလုပ်ငန်းတွေ ၀င်လာမယ်လို့ မျှော်လင့်ကြတယ်။
အမေရိကန်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေက လည်း စက်မှုအသင်းချုပ်နဲ့စက်မှုကုန်ထုတ်လုပ်ငန်းရှင်များအသင်း
ကို လာပြီးတွေ့ တာတွေတော့ ရှိတယ်။ ဆွေးနွေးတဲ့အခါမှာ မြန်မာပြည်ကို အမေရိကန်က ထုတ်ကုန်တွေ ဘာတွေရောင်းလို့ရသလဲ။ မြန်မာပြည်ကနေ အမေရိကန်ကို ဘယ်လို ထုတ်ကုန်တွေကို ပြန်ပို့လို့ရမလဲ ဆိုတာတွေကို ရင်းနှီးမြှုပ်နှံမှုအတွက်နဲ့ လာလေ့လာတာတွေ ရှိပါတယ်''ဟု ဦးအောင်သိန်းက ပြောသည်။

စီးပွားရေး လာရောက်ရင်းနှီးမြှုပ်နှံမှုများမှာ စွန့်စားရသော လုပ်ငန်းများဖြစ်သည့်အတွက် ဥပဒေ၊ လုပ်ထုံး လုပ်နည်းတည်ငြိမ်ရန်နှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အာမခံချက်ရှိရန်နှင့် ခွင့်ပြုပြီးသားလုပ်ငန်းနှင့် ခွင့်ပြုချက် များကို ခဏခဏ အပြောင်းအလဲမဖြစ်စေရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

''ဥပဒေကတော့ အခုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့
နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေကိုပေါင်းပြီး ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်လွှတ်တော်မှာ အတည်ပြုပြီ။ စီးပွားရေးမူဝါဒထုတ်ပြန်တဲ့အခါမှာ အသေးစား၊ အလတ်စားလုပ်ငန်းရှင် တွေကို ဦးစားပေးမယ်ဆိုတာမျိုးတွေ၊ အလုပ်အကိုင်အခွင့်တွေ များများရအောင်လုပ်သားအခြေပြုတဲ့ လုပ်ငန်း တွေကို ပထမဦးစားပေးဆောင်ရွက်ရမယ်ဆိုတဲ့အချက်တွေက အဓိကဆောင်ရွက်ပေးမယ်''ဟု ယင်းက ပြောသည်။

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင်
၃၈ ခုရှိပြီး ပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ
သန်း ပေါင်း ၃၈၃ ဒသမ ၈၇၇ ခွင့်ပြုခဲ့ပြီး မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှုမှာ လုပ်ငန်း ၂၁ ခုရှိပြီး အမေရိကန်ဒေါ်လာသန်းပေါင်း ၉၆ ဒသမ ၀၅၉ အထိ ခွင့်ပြုခဲ့ကြောင်း သိရ သည်။

မြန်မာနိုင်ငံတွင် ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်၌ ငွေကြေးဖောင်း
ပွမှုအနေဖြင့် ၁၁ ဒသမ ၆၈ ရာခိုင်နှုန်း ခန့်ရှိပြီး ထပ်မံ၍
ငွေကြေးဖောင်းပွမှုဆက်လက်ဖြစ်ပွားပါက ရင်းနှီးမြှုပ်နှံမှုများ နည်းပါးသွားနိုင်ကြောင်း အရှေ့အာရှနှင့် ပစိဖိတ်ဒေသ
နောက်ဆုံးစီးပွားရေး၊ အစီရင်ခံစာ ထုတ်ပြန်ပွဲတွင် ကမ္ဘာ့ဘဏ်မှမြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းစီးပွားရေးပညာရှင် Habib Rob က သုံးသပ်ပြောကြားခဲ့သည်။

Credit: News Watch

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service