မွန်ပြည်နယ်အတွင်း လူဦးရေတိုးပွားလာမှုကြောင့် မြို့ပြနှင့် ကျေးလက်ဒေသများ နယ်နိမိတ်တိုးချဲ့ခြင်းနှင့် တန်ဖိုးနည်းအိမ်ရာများကို အလျင်အမြန် လုပ်ဆောင်သင့် - Property News in Myanmar from iMyanmarHouse.com
1489 Views

မွန်ပြည်နယ်အတွင်း လူဦးရေတိုးပွားလာမှုကြောင့် မြို့ပြနှင့် ကျေးလက်ဒေသများ နယ်နိမိတ်တိုးချဲ့ခြင်းနှင့် တန်ဖိုးနည်းအိမ်ရာများကို အလျင်အမြန် လုပ်ဆောင်သင့်

မွန်ပြည်နယ်အတွင်း လူဦးရေတိုးပွားလာမှုကြောင့် မြို့ပြစီမံကိန်းတိုးချဲ့ခြင်းနှင့် ကျေးလက်ဒေသများတိုးချဲ့ခြင်း၊ တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို အလျင်အမြန်လုပ်ဆောင်သင့်ကြောင်းအဆိုကို မွန်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ကြောင်း သိရှိရသည်။

ယင်းအဆိုကို ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံ က အောက်တိုဘာ ၅ ရက်တွင်ကျင်းပသည့် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်၊ တတိယပုံမှန်အစည်းအ ဝေး(တတိယနေ့)တွင်တင်သွင်းခဲ့ရာ ကိုယ်စားလှယ်အချို့က ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်က အတည်ပြု ခဲ့ခြင်းဖြစ်သည်။

“နယ်နိမိတ်မချဲ့ထွင်ဘူးဆိုရင် အစိုးရအနေနဲ့ ကျူးကျော်နေထိုင်သူများလာတဲ့ပြဿနာ ဖြေရှင်းရမှာဖြစ်တယ်။ ဒါကြောင့် နယ်နိမိတ်ချဲ့ထွင်ပြီး ဆင်းရဲသားတွေ၊ အိမ်ခြေရာခြေမဲ့တွေ အိုးအိမ်ပိုင်ဆိုင်မှုရှိအောင် အစိုးရအနေနဲ့ တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို အမြန်ချပြီးဖြေရှင်းဖို့လိုပါတယ်။”ဟု ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းကထောက်ခံဆွေးနွေးသည်။

မွန်ပြည်နယ်တွင် လူဦးရေ(၂)သန်းကျော်နေထိုင်လျှက်ရှိရာ မြို့ပြတွင် နေထိုင်သူ လူဦးရေမှာ (၆)သိန်းဝန်းကျင် ရှိပြီး ကျေးလက်ဒေသတွင် နေထိုင်သူလူဦးရေမှာ (၁၄)သိန်းဝန်းကျင်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကိုယ်စား မွန်ပြည်နယ်စီမံ၊ ဘဏ္ဍာ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနမှ ဝန်ကြီး ဦးဝဏ္ဏကျော်က မွန်ပြည်နယ်အစိုးရအဖွဲ့မှ လုပ်ဆောင်မည့် နယ်နိမိတ်ချဲ့ထွင်ရေးအ စီစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး အဆိုကိုထောက်ခံဆွေးနွေးခဲ့သည်။

ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မော်လမြိုင်၊ မုဒုံ၊ သထုံ၊ ကျိုက်ထိုမြို့များတွင် မြေနေရာအနေအထားပေါ်မူတည်၍ မြို့ကွက်သစ်များထပ်မံဖော်ထုတ်ပေးခြင်း၊ ဘဏ္ဍာငွေရရှိမှုပေါ်မူ၏တည်၍ ပြုပြင်မွမ်းမံသင့်သည့်အဆောက်အဦးများ၊ ထပ်မံအကောင်အထည်ဖော်ဆောင်ရွက်သင့်သည့် အိမ်ရာစီမံကိန်း များ၊ မြို့များ၊ ကျေးရွာများချဲ့ထွင်ရာတွင် လိုအပ်သည့်စီမံကိန်းများကို မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန(နေ ပြည်တော်)မှ Town Plan ရေးဆွဲပေးခဲ့ခြင်းဖြစ်သည်။

ကျိုက်ထိုမြို့တွင် ကျိုက်ထို-ကျိုက်ထီးရိုးကားလမ်းမကြီး၏မြောက်ဘက်နှင့် တောင်ဘက်ရှိမြေနေရာကို ချဲ့ထွင် ပေးခဲ့ပြီးဖြစ်ကာ ကျိုက်ထိုမြို့မြောက်ဘက် ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးတွင် အေးရိပ်ငြိမ် တိုးချဲ့မြို့ကွက် သစ်များချဲ့ထွင်ခဲ့ပြီး ကျိုက်ထိုမြို့နယ် မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနမှအသုံးပြုခွင့်ရသော မြေ(၅)ဧကပေါ် တွင်လည်း ဝန်ထမ်းများအတွက် (၁၆)ခန်းပါဝန်ထမ်းအိမ်ရာ၊ (၄)ခန်းတွဲ(၄)ထပ်တစ်လုံးဆောက်လုပ်ခဲ့ကြောင်း သိရသည်။

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် (၁၆)ခန်းပါဝန်ထမ်းအိမ်ယာ (၄)ခန်းတွဲ (၄)ထပ်တစ် လုံး ထပ်မံတည်ဆောက်ပေးလျှက်ရှိပြီး မော်လမြိုင်မြို့နယ်၊ မင်းရွာနှင့် သံဖြူဇရပ်မြို့နယ်၊ ဖောင်စိန်ကျေးရွာရှိ စက်မှုဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်မြေများတွင် အိမ်ရာစီမံကိန်းများကို တည်ဆောက်လျှက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်းရှိ လူနေသိပ်သည်းသည့်မြို့နယ်များတွင် မြေနေရာရရှိမှု၊ ရေအရင်းအမြစ်အသုံးချနိုင်မှု၊ လျှပ်စစ်မီးရရှိမှုအပေါ်မူတည်၍ လူနေရပ်ကွက်များ၊ အထပ်မြင့်တန်ဖိုးသင့်၊ တန်ဖိုးနည်းနှင့် အငှားအိမ်ရာများ ကို ပြည်ထောင်စုဘဏ္ဍာရံပုံငွေ၊ ပြည်နယ်ဘဏ္ဍာရံပုံငွေ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်အကျိုးတူပူးပေါင်းဆောင် ရွက်ခြင်း၊ ပြည်တွင်းပြည်ပချေးငွေများ စသည့်နည်းလမ်းများကို အသုံးပြု၍မြို့ပြနှင့်ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်းကွာဟမှုမရှိစေရန်ဒေသအလိုက်အိမ်ရာလိုအပ်ချက်များပေါ်မူတည်၍ အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီး ဦးဝဏ္ဏကျော်ကပြောသည်။


Credit: Myintmakha Media

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service