တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ် အိမ်ခြံမြေသူဌေးကြီးက ပြည်တွင်းအိမ်ခြံမြေကဏ္ဍပူပေါင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ သတိပေး - Property News in Myanmar from iMyanmarHouse.com
2650 Views

တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ် အိမ်ခြံမြေသူဌေးကြီးက ပြည်တွင်းအိမ်ခြံမြေကဏ္ဍပူပေါင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ သတိပေး

တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ် အိမ်ခြံမြေသူဌေးကြီး ၀မ်ကျန်းလင်က ပြည်တွင်းတွင် အိမ်ခြံမြေကဏ္ဍပူပေါင်းပေါက်ကွဲမှု အခြေအနေ ဖြစ်ပေါ်နေခြင်းနှင့် စပ်လျဉ်း၍ သတိပေးလိုက်သည်ဟု ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

လက်ရှိတရုတ်အိမ်ခြံမြေဈေးကွက်အခြေအနေသည် သမိုင်းတစ်လျှောက်အကြီးမားဆုံးပူပေါင်းပေါက်ကွဲမှုဖြစ်ကြောင်း သတိပေးလိုက်သည့် သူဌေးကြီး ၀မ်ကျန်းလင်၏ သတိပေးချက်သည် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံတွင် နောက်ဆုံးပေါ်ထွက်လာသည့် သတိပေးချက်လည်း ဖြစ်သည်။

ဝမ်ကျန်းလင်သည် ၀မ်ဒါ အိမ်ခြံမြေနှင့် ဖျော်ဖြေရေးကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်သည်။

အိမ်ခြံမြေဈေးနှုန်းများကို ကြည့်မည်ဆိုလျှင် မြို့ကြီးပြကြီးများတွင် ဈေးတက်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး မြို့ငယ်များတွင်မူ ရောင်းမထွက်သော နေအိမ်သစ်များစွာရှိနေကာ အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းလျက်ရှိနေခြင်းကို ၀မ်ကျန်းလင်က ထောက်ပြခဲ့သည်။

“ဒီပြဿနာနဲ့ ပတ်သက်ပြီး အဖြေကောင်းကို ကျွန်တော်မမြင်ဘူး။ အစိုးရကတော့ ၀ယ်လက်တွေကို စည်းမျဉ်းတင်းကျပ်တာတွေ အပါအ၀င် နည်းအမျိုးမျိုးနဲ့ ကြိုးစားနေတာပဲ။ ဒါပေမယ့် တစ်ခုမှ အလုပ်မဖြစ်ပါဘူး” ဟု ၀မ်ကျန်းလင်က ပြောကြားသည်။

ဝမ်ကျန်းလင်၏ ကုမ္ပဏီသည် တရုတ်နိုင်ငံတစ်ဝန်းတွင် ကုန်တိုက်ပေါင်း ၂၀၀ ကျော်နှင့် ဇိမ်ခံဟိုတယ်များစွာ ပိုင်ဆိုင်ထားသည်။

တရုတ်နိုင်ငံတွင် မြို့ပြအသွင်ကူးပြောင်းရေးစီမံကိန်း၊ ချေးငွေနှင့် အစိုးရ၏ ငွေသုံးစွဲမှုများကြောင့် ပြည်တွင်းစီးပွားရေး မြင့်တက်လာသည့်နည်းတူ နိုင်ငံတစ်ဝန်းတွင် ခရိုင်သစ်များ မှိုပေါက်သကဲ့သို့ အပြိုင်းအရိုင်း ပေါ်ပေါက်လာခဲ့သည်။

အစိုးရက ချေးငွေကန့်သတ်မှုများကြောင့် အိမ်ဈေးနှုန်းများ ခေါင်ခိုက်လာကာ မြို့သစ်ကြီးများ များစွာမှာ ရောင်းမထွက်ဘဲ လူမနေသော တေ စ္ဆမြို့ကြီးများ ဖြစ်လာနေကြသည်။

ပေကျင်းရှိ အချို့ခရိုင်များတွင် အိမ်သာမပါ၊ ရေမရသည့် အခန်းကျဉ်းကလေးများ၏ ဈေးနှုန်းမှာ ဥရောပရှိ အချို့မြို့ကြီးများ၏ အိမ်ပေါက်ဈေးများအတိုင်း ဖြစ်လာနေသည်။




Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service