သီလ၀ါရှယ်ယာ ခွဲခြမ်းမည်ဟု ထုတ်ပြန်ပြီးနောက် စတော့အိတ်ချိန်းတွင် ရှယ်ယာဈေး ၆၀,၀၀ ကျပ်ကျော်တက် - Property News in Myanmar from iMyanmarHouse.com
1648 Views

သီလ၀ါရှယ်ယာ ခွဲခြမ်းမည်ဟု ထုတ်ပြန်ပြီးနောက် စတော့အိတ်ချိန်းတွင် ရှယ်ယာဈေး ၆၀,၀၀ ကျပ်ကျော်တက်

အစုရှယ်ယာတစ်စုလျှင် ဆယ်စုအဖြစ် ခွဲခြမ်းမည်ဟု မြန် မာသီလ၀ါအက်စ်အီးဇက်ဟိုးလ် ဒင်းပက်ဘလစ် လီမိတက်က ထုတ်ပြန်ပြီးနောက် ရန်ကုန်စ တော့အိတ်ချိန်း ရှယ်ယာဈေး သည် အောက်တိုဘာ ၃ ရက် တစ်ရက်တည်းတွင် ကျပ်ခြောက် ထောင်ကျော် မြင့်တက်ခဲ့ ကြောင်း သတင်းရရှိသည်။

FMI ကုမ္ပဏီ၏ ရှယ်ယာ ဈေးနှုန်းများ ကျဆင်းနေချိန်၊ မြန် မာနိုင်ငံသားများဘဏ်၏ ရှယ် ယာဈေးနှုန်း အရောင်းအ၀ယ် အေးနေချိန်တွင် သီလ၀ါအများ ပိုင် ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်း များ ကျပ် လေးသောင်းကိုးထောင် အထိ မြင့်တက်လာခြင်းဖြစ် သည်။

‘‘လူတွေက ပိုင်ဆိုင်မှု အရေ အတွက် တိုးလာမှာများတဲ့အတွက် ဒီနေ့အရောင်းအ၀ယ် နည်းနည်း တော့ပြန်ဖြစ်လာတယ်။ ဒါကြောင့် အခုလို သီလ၀ါတစ်ခုတည်း ဈေး တက်သွားတာ’’ဟုရန်ကုန်စတော့ အိတ်ချိန်းတွင် အရောင်းအ၀ယ်ပြု လုပ်နေသူ ဦးမြင့်ဟိန်းကပြော သည်။ သီလ၀ါအများပိုင်ကုမ္ပဏီ သည် ပြီးခဲ့သည့် မေလကစတင် ရောင်းချစဉ် အစုရှယ်ယာတစ် စုလျှင် မူလအဖွင့်ဈေး ကျပ် လေး သောင်းကျော်မှ ရက်ပိုင်းအတွင်း ကျပ်ခြောက်သောင်းကျော်အထိ မြင့်တက်ခဲ့ဖူးသည်။

ရှယ်ယာတစ်စုချင်းစီ၏ မူ ရင်းသတ်မှတ်တန်ဖိုး ကျပ် တစ်သောင်းမှ ကျပ် တစ်ထောင် သို့ ပြောင်းလဲမည်ဖြစ်ကြောင်း ဒါ ရိုက်တာအဖွဲ့က စက်တင်ဘာ ၂၈ ရက်တွင် ဆုံးဖြတ်သည်။

ရှယ်ယာခွဲခြမ်းမှုပြုလုပ်ပြီး ရှယ်ယာဈေးကို ဆွဲတင်နိုင်ခဲ့ သည့် သီလ၀ါကုမ္ပဏီကဲ့သို့ အ ခြားစတော့အိတ်ချိန်းဝင် ကုမ္ပဏီ နှစ်ခုလည်း ကျဆင်းနေသော ရှယ်ယာဈေးများ ဆွဲတင်နိုင်ရန် လုပ်ဆောင်မည့် အစီအမံများ ရှိ နိုင်ကြောင်း ရှယ်ယာအရောင်းအ ၀ယ်ပြုလုပ်သူများက ခန့်မှန်းနေ သည်။

‘‘ဒီအတိုင်းဆို ထပ်တက်နိုင် သေးတယ်။ ရောင်းမယ့်ရှယ်ယာ ပမာဏက အရမ်းများလာနိုင်တာ ကြောင့် ဈေးက ၀ယ်သူများလာ လေ တက်လာဖို့ရှိလေပဲ’’ဟုစီးပွား ရေးပညာရှင် ဦးလှမောင်က သုံးသပ်သည်။

သီလ၀ါအများပိုင်ကုမ္ပဏီ တွင် အစုရှယ်ယာလေးသန်းခန့် ရှိ ပြီး ကုမ္ပဏီစတင်တည်ထောင်ရန် ရှယ်ယာများ ရောင်းချစဉ်က ကျပ်တစ်သောင်းဖြင့်ရောင်းချခဲ့ ခြင်းဖြစ်သည်။ ပြီးခဲ့သည့်မေလ ၂၀ ရက်က ရန်ကုန်စတော့အိတ် ချိန်းတွင် ရှယ်ယာစတင်ရောင်းချ ခဲ့ပြီး ပထမဦးဆုံးနေ့၌ ရှယ်ယာ တစ်စုလျှင် ကျပ် ငါးသောင်း ဈေး ပေါက်ခဲ့သည်။ ရန်ကုန်စတော့ အိတ်ချိန်းသည် ပြီးခဲ့သည့်မတ်လ က စတင်လည်ပတ်ခဲ့ပြီး လက်ရှိ တွင် ကုမ္ပဏီသုံးခုဖြင့် လည်ပတ် နေသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service