ဒေါ်လာဈေး တည်ငြိမ်အောင် အချိန်မီ ထိန်းချုပ်ဖို့ လိုပြီ - Property News in Myanmar from iMyanmarHouse.com
2458 Views

ဒေါ်လာဈေး တည်ငြိမ်အောင် အချိန်မီ ထိန်းချုပ်ဖို့ လိုပြီ

ဒေါ်လာဈေးဟာ လက်ရှိထက် မြင့်လာနိုင်မလား၊ ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်းမြင့်တတ်လာတာတွေကို ဘယ်လို လုပ်ဆောင်ပေးမလဲ ဆိုတာ စောင့်ကြည့်ရမယ်လို့ လုပ်ငန်းရှင်တချို့နဲ့ စီးပွားရေးပညာရှင် တချို့ က ပြောပါတယ်။

အရင်နှစ်တွေတုန်းကလည်း ဒေါ်လာဈေးတတ်တာတွေ ကြုံခဲ့ကြဖူးပါတယ်။ လက်ရှိတတ်ရတဲ့ အကြောင်း အရင်းက မတူပေမဲ့ တူညီတဲ့ ရလဒ်တွေ ဖြစ်လာမှာကိုတော့ စိုးရိမ်ကြပါတယ်။ တချို့ကတော့ ပြည်တွင်းမှာ စတော့ခ်ဈေးကွက်နဲ့ အိမ်ခြံမြေဈေးကွက်က လှည့်မရဘဲ တန့်နေတာကြောင့် ငွေပိုရှိသူတွေက ရွှေနဲ့ဒေါ်လာ ဘက်ကို လှည့်ပြီး ဈေးကစားကြတဲ့ သဘောတွေ ရှိတယ်လို့ ခန့်မှန်းကြပါတယ်။

စီးပွားရေးပညာရှင် ဦးစောမောင်က “ဒေါ်လာဈေး အတတ်အကျ ရှိတာ ပြဿ နာ မဟုတ်ပါဘူး၊ အတင်း ထိုးတတ်တာ၊ ကျတာမျိုးဆိုရင် စီးပွားရေး လှုပ်ခတ်တယ်၊ မြန်တာ ပြဿ နာပါ၊ ဒါကို အာရုံစိုက်ဖို့ လို တယ်၊ ပြည်သူတွေရဲ့ စားဝတ်နေရေး မထိခိုက်အောင် ဘာတွေလုပ်ဆောင်ရမလဲ ဆိုတာ စဉ်းစားကြဖို့ လိုတယ်၊ ဒေါ်လာဈေးတည်ငြိမ်မှုရှိမှ မြန်မာ့စီးပွားရေး လုပ်ငန်းအသီးသီး တည်ငြိမ်မှာ ဖြစ်တယ်” လို့ ပြော ပါတယ်။

ဒေါ်လာဈေး အခုလို တတ်လာတာက ဘတ်ဂျက်လို ငွေပြမှုကြောင့်လား ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ် လာသလို သည်ထက် မြင့်တတ်လာမယ်ဆိုရင် ပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းလာမှာလား ဆိုတာ တွေလည်း စိုးရိမ်ကြပါတယ်။ အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ ကောင်းမွန်မှန်ကန်တဲ့ စီးပွားရေး အ သိုက် အဝန်း တစ်ခုဖြစ်အောင် ဒေါ်လာဈေးကို တည်ငြိမ်အောင် အချိန်မီ ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။ နိုင်ငံခြား ငွေလဲလှယ်နှုန်း တည်ငြိမ်ဖို့ အရေးကြီးပါတယ်။ မတည်ငြိမ်ရင် စီးပွားရေးအပေါ် ရိုက်ခတ်နိုင် လို့ပါ။ တည်ငြိမ်အောင် တာဝန်ရှိသူတွေ အဖြေရှာဖို့ လိုတယ်လို့ လုပ်ငန်းရှင်တချို့နဲ့ စီးပွားရေး ပညာရှင်တချို့က သုံးသပ်ပါတယ်။

သည်နေ့မှာ ဒေါ်လာဈေးက ၁၂၇၅ ကျပ် ဖြစ်နေပါတယ်။ မြန်မာငွေတန်ဖိုး ကျဆင်းနေတာက နယ်စပ် ကုန်သွယ်မှုတွေကို ရိုက်ခတ်စေတယ်လို့ သိရတယ်။ အတတ်ကြမ်းခဲ့တဲ့ ဒေါ်လာဂယက်ကြောင့် ရွှေဈေးနှုန်း လည်း ကျပ် ၈၉၅,၀၀၀ အထိ ဈေးတတ်ခဲ့ပါတယ်။ ရွှေဈေးအတတ်ကြောင့် ရောင်းချသူတွေ များလားတယ်။ ဆိုင်တချို့ပိတ်တာမျိုးတွေ ရှိလာတယ်လို့ ဈေးကွက်အတွင်းက သိရတယ်။

ပြင်ပပေါက်ဈေးမှာ တစ်ဒေါ်လာကို သည်နေ့ ၁၂၇၅ ကျပ် ရှိပြီး ပုဂ္ဂလိက ဘဏ် တချို့မှာတော့ ၁၂၆၅ ကျပ် ရှိပါတယ်။ မြန်မာနိုင်ငံ ဗဟိုဘဏ်သတ်မှတ်ဈေးက ကျပ် ၁၂၅၀ ပါ။ ဈေးကွက်ရဲ့ လိုအပ်ချက်ကို ဖြည့်နိုင်တဲ့ အတိုင်းအတာမရှိဘဲ ကန့်သတ်ထားတာက ပြင်ပဈေးကွက်ကို အားပေးသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒေါ်လာဈေးက ဝယ်လိုအား ရောင်းလိုအား ကြောင့်လား၊ နိုင်ငံရဲ့ လိုအပ်ချက်ကြောင့်လား ပြည်တွင်း ရင်း နှီးမြှုပ်နှံမှုတွေရဲ့ အခြေအနေကြောင့်လားဆိုတာ မေးစရာဖြစ်နေပါတယ်။ စီးပွားရေးလုပ်ငန်းရှင် တစ်ဦး ဖြစ်တဲ့ ဦးဇော်မင်းက “ကြိုတင်မှာရတဲ့ ဈေးကွက်တွေမှာလည်း ဒေါ်လာဈေးမငြိမ်လို့ ပစ္စည်းတန်ဖိုးတွေကို ပေါက်ဈေး နဲ့တွက်ပြီး ရောင်းတာတချို့ Prepaid တွေမှာ စရန်ငွေ ကြိုယူထားတာတွေကို ဈေးအပြောင်းအလဲရှိတယ်ဆိုပြီး ပိုက်ဆံ ထပ်တိုးတောင်းတာတွေလဲ ရှိကြတယ်” လို့ ပြောပါတယ်။

Credit: Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service