ရန်ကုန် မြို့သစ်စီမံကိန်း ပြန်စမှာလား - Property News in Myanmar from iMyanmarHouse.com
2253 Views

ရန်ကုန် မြို့သစ်စီမံကိန်း ပြန်စမှာလား

ရန်ကုန်စပါးစိုက်ပျိုးသည့် လယ်ကွင်းများ အကြားမြေ နီ လမ်းသွယ်လေး၏ တစ်ဖက်တစ်ချက်တွင် ယခုရက်ပိုင်းတွင်း ဓာတ်တိုင်များလာ ရောက် သွယ်တန်းနေသည်ကို တွေ့ရှိရသဖြင့် တွံတေးမြို့နယ်မှ တမာတကောရွာသားကြီး ဦးသိန်းစိုးဝင်းတစ်ယောက် အထူးအ ဆန်း ဖြစ်နေသည်။

ရန်ကုန်-တွံတေးကားလမ်း နံဘေး တမာတကောရွာသား ဦးသိန်းစိုးဝင်း၏ အတွေးတွင်မူ ပြီးခဲ့သည့်နှစ်က တိုင်းဒေသကြီး အစိုးရကိုယ်တိုင် လုပ်ဆောင်မည် ဟု ကြေညာပြီးမှ ယနေ့အိ အသက်မ၀င်လာသေးသည့်ရန်ကုန်မြို့သစ်စီမံကိန်း ပြန်လည် စတင်တော့မည်လားဟု တွေး တောမိလျက်ရှိသည်။

ဦးသိန်းစိုးဝင်းတွေးမိသကဲ့ သို့ အဆိုပါ နေရာအပါအ၀င် ရန်ကုန်၏ မြို့စွန်မြို့နယ်ပေါင်း ခုနစ်မြို့နယ်၏ စတုရန်းမိုင် ၁၀၀ ကျော်တွင် မြို့သစ်အဖြစ် တိုးချဲ့ရန် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက စီစဉ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပြီးခဲ့သည့်၂၀၁၅ မေလကတင်ပြထား ခဲ့ပြီး ဖြစ်သည်။

သို့သော် ဒီချုပ်အစိုးရသစ်တက်ပြီး ခေတ်စနစ်နှင့်ညီစေရန် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု မဟာဗျူဟာစီမံကိန်းအားအသစ်ပြန်လည်ရေးဆွဲရန် ပြင်ဆင်နေပြီဖြစ်သည်
၂၀၁၄ တွင် တိုင်း ဒေသကြီး အစိုးရနှင့်စည်ပင်အစီ အစဉ်နှင့် ကြည့်မြင်တိုင်တစ်ဖက် ကမ်းတွင် တိုးချဲ့ရန်စီစဉ်နေ သည့် မြို့သစ်စီမံကိန်းမှာ ပွင့်လင်းမြင်သာမှုမရှိဘဲ နီးစပ်ရာ ကုမ္ပဏီ သို့ လုပ်ကိုင်ခွင့်ပြုခဲ့၍ မီဒီယာနှင့် အမတ်အချို့က ဖိအားပေးသဖြင့် မြို့သစ်စီမံကိန်းမှာ ရပ်ဆိုင်းခဲ့ရ ဖူးသည်။

သို့သော် ဒီချုပ်အစိုးရလက်ထပ်တွင် ရန်ကုန် မြိုံအား စတင် တိုးချဲု့ပါက ကြည်မြင်တိုင်တစ်ဖက်ကမ်း ဒေသမှာ အရင်ဆုံးဖြစ်လာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များကပြောကြားလိုက်သည်။
အစိုးရသစ်လက်ထက် လုပ်ဆောင်မည့် ရန်ကုန်မြို့သစ် စီမံကိန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးကြပ်ကွပ်ကဲခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းများ ပြုလုပ်ပြီးမှ သာ ကုမ္ပဏီများအား တင်ဒါခေါ် ၍ ကန်ထရိုက်ပေးပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွား ရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်း က ပြောသည်။

လူဦးရေ ငါးသန်းကျော်၊ ၃၀၆ စတုရန်းမိုင်ရှိသည့် ရန် ကုန်ကို နိုင်ငံတကာ စံနှုန်းအရ တစ်နှစ်လျှင် လူဦးရေ တိုးနှုန်း ၃ ရာခိုင်နှုန်းဖြင့် တွက်ချက်ပါက ၂၀၅၀ တွင် ရန်ကုန်၏လူဦးရေ မှာ ၁၅ သန်းမှ သန်း ၂၀ အထိ ရှိလာနိုင်သည်ဟု ရန်ကုန်မြို့ပြ စီမံကိန်း ရေးဆွဲသည့် ဂျပန်အ ပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (JICA) က ခန့် မှန်းထားသည်။
ထို့ကြောင့် မြို့သစ်ဧရိယာ များအဖြစ် မှော်ဘီ၊ လှည်းကူး၊ ထန်းတပင်၊ သန်လျင်၊ ဒလ၊ တွံ တေးမြို့နယ်များတွင် တိုးချဲ့ပါက အိမ်ရာ ယူနစ်ပေါင်း ခြောက်သိန်း ကျော်ကို လူနေရန် ဖန်တီးပေးရ မည်ဟု JICA က ခန့်မှန်းတွက် ချက်ပေးထားသည်။

ထိုကြောင့် အဆိုပါ ဧရိယာ များအားလုံးကို လွှတ်တော်က အ တည်ပြုလိုက်ပါက ရန်ကုန်မြို့ သစ်စီမံကိန်းအဖြစ် ပေါ်ထွက် လာတော့မည် ဖြစ်သည်။ ဒေသခံ များက စီမံကိန်းတွင် ပါဝင်ဖွယ်ရှိ သော နေရာများကို မှန်းဆလျက် စမ်းတ၀ါးဝါးဖြင့် မျှော်လင့်နေကြ ပြီ ဖြစ်သည်။
‘‘ကျွန်တော်တို့က ရန်ကုန်နဲ့ မြစ်တစ်ဖက်ကမ်းပဲ ခြားတယ်။ ဒါပေမဲ့ လူမှုဘ၀တွေက အရမ်း ကြီးတိုးတက်မလာသေးဘူး’’ဟု ကြည့်မြင်တိုင်တစ်ဖက်ကမ်း အ လတ်ချောင်းကျေးရွာမှ ဒေသခံ ဦးမြင့်စိုးဝင်းက ပြောသည်။

ရန်ကုန်မြို့သို့ လာရောက်ရန်တံတားမရှိသဖြင့် လှိုင်သာယာမှ ကွေ့ပတ်၍ လာရောက်ရခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းရှား ပါးခြင်း၊ နွေရာသီတွင် ရေရှားခြင်း၊ ဆေးရုံနှင့် စာသင်ကျောင်း များ လောက်ငမှု မရှိခြင်းတို့ ကြောင့် ရန်ကုန် တစ်ဖက်ကမ်း ဒေသခံများက မြို့သစ်စီမံကိန်းကို အကြီးအကျယ် မျှော်လင့်လျက်ရှိသည်။
ရန်ကုန် တစ်ဖက်ကမ်း ဒေသခံများနှင့်အတူ သန်လျင်၊ မှော်ဘီ၊ ထန်းတပင်မြို့နယ်များ တွင်လည်း မြို့သစ်တိုးချဲ့မည်ဆို သော သတင်းများကြောင့် ၂၀၁၅ နှစ်ဆန်းပိုင်းတွင် အလှုပ်ရှားဆုံး ဖြစ်လာခဲ့သည်။
‘‘ဟိုနားမှာ ဘာလာ ဆောက်မယ်၊ ဒီနားမှာ ဘာလာ ဆောက်မယ်ဆိုပြီး ပွဲစားတွေက မြေဈေးကို လှုပ်အောင် လုပ်နေ တာ၊ ခိုင်လုံတဲ့ သတင်းဆိုတာတော့ အခုထိဘာမှ မရှိသေးဘူး’’ဟု ထန်းတပင်မြို့နယ်တွင် မြေ၀ယ်ယူထားသူ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လတ်တလောတွင် ရန်ကုန် မှလာပြီး မြေ၀ယ်ယူထားသည့် လုပ်ငန်းရှင်များက မြေကိုအလ ဟဿမဖြစ်စေရန် ပုဂ္ဂလိက စက် သုံးဆီဆိုင်များဖွင့်၍ စီးပွားဖြစ် လုပ်ကိုင်နေပြီး မြို့သစ်စီမံကိန်း အလားအလာအတွက် အမြော် အမြင်ဖြင့် စောင့်ကြည့်နေကြ သည်ဟု အထက်ပါလုပ်ငန်းရှင် က ဆိုသည်။
မြို့သစ်ချဲ့ရန် ကြည့်မြင် တိုင်တစ်ဖက်ကမ်း ဒေသခံများက မျှော်လင့်နေသော်လည်း သန် လျင်နှင့် မှော်ဘီဒေသခံအချို့က ၎င်းတို့နေရာတွင် မြို့သစ်စီမံကိန်း စမည်ကိုပင် မသိရှိကြကြောင်း ယင်းမြို့နယ်တွင် နေထိုင်သူဒေသ ခံ အချို့က ပြောသည်။

‘‘မြို့သစ်စီမံကိန်း တကယ် စပြီးဟေ့ဆိုရင် အစိုးရရဲ့ လျော် ကြေးကနောက်မှ။ အခုထုတ် ရောင်းထားရင် ပိုမြတ်တယ်ဆို တော့ သဘောနဲ့ရောင်းဝယ်နေ ကြတာ’’ဟု မှော်ဘီမြို့နယ် ရွှေ လွန်းအိမ်အကျိုးဆောင်လုပ်ငန်း ရှင် ဦးတင်ကိုကိုလေးက ပြော သည်။
မြို့သစ်စီမံကိန်း ဧရိယာ တွင် ပါဝင်သည့် မြို့နယ်အချို့မှ ဒေသခံများအား မေးမြန်းချက်အရ မိမိမြို့နယ်အပေါ် ဖွံ့ဖြိုးတိုးတက် စေရန် လာရောက်လုပ်ကိုင်ခြင်း အပေါ် ကန့်ကွက်စရာအကြောင်း မရှိဟု အများစုက ဖြေကြားသည်။

မြို့သစ်စီမံကိန်း ပြန်လည် စတင်ပါက ပြီးခဲ့သည့် နှစ်ကကဲ့ သို့ အလျင်စလို တင်ဒါခေါ်မခေါ် ယူဘဲ ကုမ္ပဏီတစ်ခုသို့ လက် သင့်ရာပေးပြီး အကောင်အထည် ဖော်ခြင်းမျိုး မဖြစ်စေရန် ကောင်း မွန်သည့် စီမံခန့်ခွဲမှုဖြင့်သာ စတင်သင့်သည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
‘‘လက်ရှိ ရန်ကုန်၏ ဧရိယာ အရ မြို့ကို တိုးချဲ့ရန်လိုအပ်နေ သည်မှာ မှန်ကန်သော်လည်း စီးပွားရေး လုပ်ငန်းရှင် အများစု က ဒေါင်လိုက်(အထပ်မြင့်များ ဆောက်၍ချဲ့ခြင်း) ကို ပိုမိုလိုလား ပြီး မြို့ပြပညာရှင်များကမူ အ လျားလိုက် ချဲ့ရန် လိုအပ်သည်ဟု ပြောကြားထားသည်။

၁၉၉၀ အကျော်က ချဲ့ထွင် ခဲ့သည့် လှိုင်သာယာ၊ ရွှေပြည် သာ၊ ရွှေပေါက်ကံ၊ မြောက်ဥက္က လာ၊ တောင်ဥက္ကလာမြို့နယ်များ ကဲ့သို့ စနစ်မကျသည့် မြို့သစ်စီ မံကိန်းများ မဖြစ်ရန် လိုအပ်သည်ဟု မြို့ပြစီမံကိန်း ပညာရှင်ဦးဝင်းမြင့်က ဆိုသည်။
‘‘စနစ်မကျဘဲ မြို့ကိုချဲ့ရင် မြို့ကိုရွာတွေ ၀ိုင်းသလို ဖြစ်သွား လိမ့်မယ်’’ဟု မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနမှ အငြိမ်းစား ဦးမြင့်မိုရ်ဆွေက ထောက်ပြပြော ဆိုသည်။
ယခင်က ချဲ့ထွင်ခဲ့သည့် မြို့သစ်များတွင် လမ်းစနစ်၊ အခြေခံအ ဆောက်အအုံစနစ်နှင့် ရေမြောင်းစနစ် သယ်ယူပို့ဆောင်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်များတွင် ယနေ့အထိ အားနည်းချက်များရှိနေပြီး အချိန်မီမပြုပြင် နိုင်သေးကြောင်း မြို့ပြစီမံကိန်းပညာရှင်များက ဆိုသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service