ဆောက်လက်စအများစု ပြည်ပအငှါးကြောင့် ပြန်လည်ပတ်တာတွေရှိ - Property News in Myanmar from iMyanmarHouse.com
1097 Views

ဆောက်လက်စအများစု ပြည်ပအငှါးကြောင့် ပြန်လည်ပတ်တာတွေရှိ

ရန်ကုန်မြို့ တွင်းဆောက်လုပ် အကောင်အထည်ဖော်နေတဲ့
တိုက်ခန်းတွေနဲ့အဆင့်မြင့် ကွန်ဒိုအများစုအရောင်းအဝယ် ထက်ပြည်ပက လာရောက်ငှါးရမ်းနေထိုင်သူဈေးကွက် ကိုမျှော်လင့်ပြီးဆောက်လုပ်နေရတဲ့ အခြေအနေတွေဖြစ်ပေါ်နေတယ် လို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့ပြောပါတယ် ။

‘ဆန်ရှင်ရုပ်သိမ်းမယ့်ကိစ္စနဲ့ပတ်သတ်ပြီးနိုင်ငံတကာရဲ့စိတ်ဝင်စားမှုရင်းနှီးမြှုပ်နှံမှုတွေလာနိုင်တော့ဒီလိုလူတွေအတွက်
အိမ်ရာတွေလိုအပ်နေတယ် ၊ဒါပေမဲ့ပြည်တွင်းကလုပ်ငန်းရှင်တွေ ကျတော့ဆောက်လုပ်မှုစရိတ်အားလုံးရင်းနှီးပြီးအငှါးချထားဖို့ကတော့ငွေကြေးအတော်ခက်တယ် ၊ဒါပေမဲ့လဲဆောက်လက်စတိုက်တွေကတော့ဝယ်
လက်ပျောက်ချိန်မှာဒါကိုပဲမျှော်လင့်နေကြတာများတယ်’လို့
ယူကေဆောက်လုပ်ရေးကမန်နေဂျာ
ကိုထက်ဝေကပြောပါတယ် ။

နောက်ပိုင်းနိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုတွေများပြားလာတာနဲ့အတူပြည်တွင်းမှာလာရောက်အလုပ်လုပ်ကြမယ့်နိုင်ငံခြားသားတွေများလာမှာမို့အဆင်မြင့်ကွန်ဒိုတိုက်ခန်းကြီးတွေထက်မြို့တွင်းကဈေးနှုန်းအသင့်အတင့်ရှိတဲ့တိုက်ခန်းတွေမှာနိုင်ငံခြားသားငှါးရမ်းမှုတွေများပြားလာနိုင်ပါတယ် ။

နိုင်ငံခြားသား အငှါးဈေး

နိုင်ငံခြားသားအငှါးဈေးတွေကပြည်တွင်းကငှါးရမ်းတဲ့ဈေးနှုန်းထက်နှစ်ဆလောက်ပိုများတာတွေရှိပြီးသာမန်တိုက်ခန်းငှါးရမ်းသူတွေထက်နှစ်ရှည်ချုပ်ဆိုကြတာများတယ်လို့လည်းသိရပါတယ်။ငှါးရမ်းမှုတွေကတော့အနည်းဆုံး ၉၀၀စတုရန်းပေရှိတဲ့အခန်းကနေ ၂၄၀၀စတုရန်းပေအကျယ်ရှိတဲ့တိုက်ခန်းတွေကိုစိတ်ဝင်စားမှုများကြပါတယ် ။

ငှါးရမ်းမှုတွေကတော့တိုက်ခန်းတွေကိုမြို့ထဲကတိုက်ခန်းတွေနဲ့ဆိတ်ငြိမ်ရပ်ကွက်တွေမှာဆောက်လုပ်လာကြတဲ့
လူနေသန့်တဲ့နေရာတွေမှာငှါးရမ်းမှုများပြားပါတယ် ၊အရင်ကနိုင်ငံခြားသားအငှါးကိုမြန်မာနာမည်နဲ့တစ်ဆင့်ခံငှါးရမ်းနေထိုင်ရတာများပေမဲ့နောက်ပိုင်းမှာတော့အခန်းပိုင်ရှင်ကိုယ်တိုင်ကနိုင်ငံခြားသားတွေနေထိုင်ဖို့စီစဉ်ပေးပြီးတိုက်ရိုက်စာချုပ်ချုပ်ဆိုလာကြတာတွေလည်းရှိပါတယ် ။ကိုယ်ပိုင်ကန်ထရိုက်ပေးဆောက်လုပ်ကြတဲ့တချို့အထပ်မြင့်တိုက်တွေဆိုရင်နိုင်ငံခြားသားတွေအတွက်ရည်ရွယ်ပြီးရေမီးစနစ်နဲ့မီတာစနစ်တွေကိုပါမြေရှင်ကအကုန်လိုက်ဆောင်ရွက်ပေးပြီးအတွင်းပရိဘောာဂတွေပါထည့်သွင်းငှါးရမ်းကြတာများပါတယ် ။

သည်လိုတိုက်ခန်းတွေရဲ့ဈေးနှုန်းတွေကတော့အနိမ့်ဆုံးကျပ် ၄၀၀,၀၀၀ ဝန်းကျင်ကနေ သိန်း ၂၀ဝန်းကျင်လောက်အထိဈေးနှုန်းအပြောင်းအလဲရှိပြီးအများစုကတော့အနိမ့်ဆုံးတစ်နှစ်စာချုပ်နဲ့မှငှါးလာကြတာတွေရှိပါတယ်။

ပုံမှန်အားဖြင့်ကန်ထရိုက်အများစုကတော့ဆောက်လုပ်ပြီးအိမ်ခန်းအသစ်တွေကိုအငှါးချထားဖို့လက်တွန့်ကြတာများပါတယ်။ပြန်လည်ရောင်းချဖို့ဝယ်လက်လာချိန်မှာအရောင်းဈေးကျတာကြောင့်တချို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကအငှါးမထားကြဘဲအခန်းပိတ်နဲ့အပေါင်ထားတဲ့သူတချို့
လည်းရှိပါတယ် ။

‘ကန်ထရိုက်တိုက်ဆောက်မယ်ဆိုရင်မြေဈေးမပါဘဲကိုသိန်း၈၀၀လောက်ကုန်ကျတယ် ၊ဒါတောင်ရိုးရိုးတိုက်ခန်းကုန်ကျတဲ့ဈေး ၊အငှါးဈေးကွက်ကကုန်ကျစရိတ်ရဲ့၁၀ရာခိုင်နှုန်းလောက်ပဲရတာ၊အမှန်ပြောရရင်အကုန်လုံးကတော့ရောင်းရတာပဲကြိုက်တယ်၊အခုပြန်ဆောက်ကြတယ်ဆိုတာကလဲဆောက်လက်စကိုငွေပြန်ထွက်အောင်ပြန်လည်ပတ်ကြတဲ့သဘော ‘လို့အံ့ထူးဆောက်လုပ်ရေးကကိုမင်းမင်းကပြောပါတယ် ။

Credit :The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service