ရန်ကုန်မှာ မိုးမျှော်တိုက်တွေ ထိုးထွက်လာဖို့ နောက်ကျမှာလား - Property News in Myanmar from iMyanmarHouse.com
2433 Views

ရန်ကုန်မှာ မိုးမျှော်တိုက်တွေ ထိုးထွက်လာဖို့ နောက်ကျမှာလား

ယခုနှစ်ပိုင်းများတွင်ရန်ကုန်ရှိ မြေသယ်ကားကြီးများအတွက် အလုပ်တစ်ခုပိုလာခဲ့သည်။မြေသယ်ခြင်းအပြင် အပိုဆောင်းလုပ်ဆောင်ရသည်ကဆင်ခြေဖုံးရပ်ကွက်များမှ
ဆောက်လုပ်ရေးလုပ်သားများကို နေ့စဉ်နှင့်အမျှ မြို့တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများဆီသို့ ပို့ဆောင်ပေးရခြင်းဖြစ်သည်။မြေသယ်ကားကြီးများက ရန်ကုန်မြို့တွင်းအထပ်မြင့်အဆောက်အအုံများ ပြန်လည်အသက်သွင်းမည့်ဆောက်လုပ်ရေးလုပ်သားများ ပို့ဆောင်ပေးရသည်။

၁၉၉၇ အာရှငွေကြေးဂယက်နှင့် အနောက်အုပ်စု၏ စီးပွားရေးပိတ်ဆို့မှုများနောက်ပိုင်း ရပ်တန့်ခဲ့သည့် ရန်ကုန်မိုးမျှော်အဆောက်အအုံအိပ်မက်သည် ဦးသိန်းစိန်အစိုးရတက်လာပြီးနောက် မြန်မြန်ဆန်ဆန်ဖြင့် ရုပ်လုံးပေါ်လာခဲ့သည်။

အဆောက်အအုံဆောက်လုပ်ခွင့်  ပါမစ် မှာ၁၃နှစ်အတွင်း အများဆုံး ချပေးခဲ့သည့် နှစ်တစ်နှစ် အဖြစ် ၂၀၁၄ ခုနှစ်က စံချိန်တင်သည် အထိ မြင့် တက်ခဲ့သည်။
“အထပ်မြင့်ကန့်သတ်မှုဇုန်တွေ မထွက်လာခင်မှာ အသည်းအသန်ဝင်ဆောက်နေကြတာ Zone Law ထွက်လာရင် ဆောက်ချင်တဲ့နေရာမှာ ဆောက်လို့မရတော့ဘူး”ဟု မြို့ပြစီမံကိန်းပညာရှင် ဦးဝင်းမြင့်ကပြောသည်။

ကန့်သတ်မှုများမပြုလုပ်မီ ရန်ကုန်ရှိ အချက်အချာကျသည့်နေရာများကို မိုးမျှော်တိုက်များအဖြစ် အသွင်ပြောင်းရန် စီးပွားရေးလုပ်ငန်းရှင်များက အသည်းအသန် ကြိုးစားနေကြသည်။
အဓိကကျသည့် မြေနေရာကို ပြည်တွင်းထိပ်သီးကုမ္ပဏီများက အစိုးရထံမှ လွှဲပြောင်းရယူထားပြီး မိုးမျှော်တိုက်ကြီးများအဖြစ် အသွင်ပြောင်းရေး လုပ်ငန်းများကို ယခုနှစ်များအတွင်း ခပ်မြန်မြန်အကောင်အထည်ဖော်ခဲ့ကြသည်မှာ အချို့မှာလဲ ရာခိုင်နှုန်းအားဖြင့်ပြီးစီးတော့မည်ဖြစ်သည်။

သို့သော် အဆိုပါအဆောက်အအုံများကို ၂၀၁၅ ရွေးကောက်ပွဲတွင် အပြတ်အသတ်ဖြင့် အနိုင်ရလာသည့် ဒီချုပ်အစိုးရသစ်က ပြန်လည်ကန့်သတ် ထိန်းချုပ်မှုများဖြင့် ရန်ကုန်က မိုးမျှော်အဆောက်အအုံများကို အချက်ပေးခေါင်းလောင်းထိုးလိုက်ပြီဖြစ်သည်။

၁၃ထပ်နှင့် အထက်ဆောက်လုပ်ရန် ဦးသိန်းစိန် အစိုးရလက်ထပ်က တင်ပြခဲ့သည့် အဆောက်အအုံများကို ပြန်လည်စစ်ဆေးပြီး အထပ်လျှော့ရန် ဒီဇိုင်းပြင်ဆင်ရန် အထိ ညွန်ကြား ချက်မှာ ပြင်းထန်လွန်းသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အကြားဂယက်ရိုက်ခဲ့ရသည်။

သို့သော် တစ်လအကြာမှာပင် အထပ်လျှော့ရန် ဒီဇိုင်းပြင်ဆင်ရန် အထိ ညွှန်ကြားခြင်းးခံရသည့် အဆောက်အအုံများမှာ ဆုံးရှုံးမှုပမာဏ များပြားသွားနိုင်သောကြောင့် ရန်ကုန် တိုင်းအစိုးရက ပြန်လညဖြေလျှော့မှု အချို့ပြုလုပ်ခဲ့သောကြောင့် သက်သာရာ ရစေခဲ့သည်။

ပြီးခဲ့သည့် ၂ နှစ်အတွင်း ရန်ကုန်တွင် ၁၂ ထပ်မှ အထပ် ၃၀ ကျော်အထိ မြင့်မားသည့် အဆောက်အအုံ ၉၀၀ နီးပါး ဆောက်လုပ်ရန် အစိုးရကခွင့်ပြုခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

လွန်ခဲ့သည့် နှစ် ၂၀ ခန့်ကတည်းက ရန်ကုန်တွင် ကွန်ဒိုစီမံကိန်းများ တရားဝင်ခွင့်ပြုခဲ့သော်လည်း ပြီးခဲ့သည့်နှစ်များအတွင်း ထင်ထားသလောက် အလုပ်မဖြစ်သည်ကို ဆောက်ဆဲတန်းလန်းရပ်ထားရသည့် ကွန်ဒိုစီမံကိန်းများ၊ လူကျိုးတိုးကျဲတဲနေထိုင်သည့် ကွန်ဒိုတိုက်ခန်းများက သက်သေပြနေခဲ့သည်။

ကွန်ဒိုတစ်ခုတွင်ရှိရမည့် ၀န်ဆောင်မှုအရည်အသွေးမပြည့်မီခြင်း၊ တန်ဖိုးကြီးလွန်းခြင်းတို့ကြောင့် စိတ်ဝင်စားမှုနည်းပါးကြသော်လည်း ဆောက်လုပ်ရေး
လုပ်ငန်းရှင်များသည် ယခုနှစ်ပိုင်းအတွင်း ကွန်ဒိုစီမံကိန်းများတိုးချဲ့ရန်ထူးထူးခြားခြားအာရုံစိုက်လာခဲ့
သည်။

ဝယ်လိုအားအကန့်အသတ်ဖြင့်သာရှိသော်လည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ဆယ်စုနှစ်ပေါင်းများစွာ ၎င်းတို့ လက်စမသတ်ခဲ့သည့် ကွန်ဒိုစီမံကိန်းများကို အလျင်အမြန် အချောသပ်ခဲ့ကြပြီး နောက်ထပ်စီမံကိန်းများအတွက် မြေနေရာများ အသည်းအသန်ရှာဖွေလာကြသည်။

အနာဂတ်ရန်ကုန်မြင်ကွင်းကို စိတ်ကူးကြည့်ပါ။ ကန်ထရိုက်တိုက်များ၊ လူနေအိမ်များအကြား ထိုးထိုးထောင်ထွက်ပေါ်လာမည့် အဆောက်အအုံများမှာ ကွန်ဒိုတိုက်ခန်းတစ်မျိုးတည်းတော့မဟုတ်။ မိုးမျှော်ဟိုတယ်ကြီးများသည်လည်း ကွန်ဒိုများနှင့်အပြိုင် မကြာမီကာလအတွင်းရန်ကုန်တွင် ပေါ်ပေါက်လာမည်ဖြစ်
သည်။

နှစ်စဉ်တိုးတက်ဝင်ရောက်လာသည့် နိုင်ငံတကာမှဧည့်သည်များ တည်းခိုနိုင်ရေးအတွက် ရန်ကုန်ရှိ မြေနေရာအချို့ကို ဟိုတယ်အဖြစ် အသွင်ပြောင်းရန် လုပ်ငန်းရှင်များက ကြိုးစားနေသည်။လက်ရှိအချိန်တွင် ကမ္ဘာလှည့်ခရီးသွားနှစ်သန်းခန့် လာရောက်နေသော်လည်း ဟိုတယ်အခန်းလိုအပ်ချက်မြင့်မားလျက်ရှိပြီး လူနေတိုက်ခန်းအချို့ကိုပင်ဟိုတယ်အဖြစ် ပြောင်းလဲအ
သုံးပြုနေရသည်။ လာမည့်ခုနစ်နှစ်အကြာ ၂၀၂၀ တွင် ခရီးသွားဦးရေခုနစ်သန်းအထိ လာရောက်မည်ဟု ခန့်မှန်းထားသောကြောင့်လုပ်ငန်းရှင်ကြီးများသည် မြန်မာနိုင်ငံ၏ အစည်ကားဆုံးမြို့ဖြစ်သည့် ရန်ကုန်တွင် ဟိုတယ်များဆောက်လုပ်ရန် ကြိုးစားလာကြသည်။

၁၉၉၇ မှစတင်ပြီး မြန်မာနိုင်ငံ၏ ဟိုတယ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများကို လမ်းဖွင့်ပေးထားသော်လည်း ထိုကာလများအတွင်းက ဟိုတယ် ၁၅ လုံးခန့်သာ နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှုရှိခဲ့သည်။

ရန်ကုန်၌ မိုးမျှော်တိုက်များ ထည့်သွင်းတည်ဆောက်ရာတွင် ပြည်ပလုပ်ငန်းရှင်များက ဟိုတယ်လုပ်ငန်းတွင် အသားပေးရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်သော်လည်း ပြည်တွင်းလုပ်ငန်းရှင်များကမူ ရန်ကုန်၏ မြေကျယ်ကျယ်တွင် ဟိုတယ်လုပ်ငန်းထက် အထပ်မြင့်ရှော့ပင်းစင်တာကြီးများ ကွန်ဒိုများတည်ဆောက်ရန်ပြီးခဲ့သည့်နှစ်ထဲက
အထူးအလေးပေးလာခဲ့ကြသည်။

မိုးမျှော်တိုက်များ မြို့တွင်းနေရာတစ်ခုတည်းတွင် စုပြုံဆောက်လုပ်နေခြင်းသည် မြို့အတွက် ရေမီးမှစပြီး အခြေခံလိုအပ်ချက်များအတွက် အခက်အခဲဖြစ်လာနိုင်ကြောင်း မြို့ပြပညာရှင်များကထောက်ပြပြောဆိုသည်။

" တိုးပွားလာတဲ့ လူဦးရေ နဲ့ အဆောက်အဦး တစ်ခု ဆောက်မယ်ဆိုရင် ROAD BUILDING RATIO က အချိုး ကျနမှု မရှတာတွေ ရန်ကုန်ကအသစ် ဆောက်တဲ့ အထပ်မြင့်တွေမှာတော်တော်လေးတွေ့လာရတယ် ဒါဟာ စိုးရိမ်စရာပဲ " မြို့ပြအင်္ဂါရပ်နှင့် အညီ တည်ဆောက်မှုစိစစ်ရေး ကော်မတီဝင်တစ်ဦးက သုံးသပ်သည်။

လာမည့်လအနည်းငယ်အတွင်း ပြဋ္ဌာန်းဖွယ်ရှိနေသည့် ရန်ကုန်မြို့တွင်း အထပ်မြင့်ကန့်သတ်ချက်နှင့် အဆောက်အအုံဆိုင်ရာဥပဒေများ၏ ကန့်သတ်ချက်မှ ကင်းလွတ်ခွင့်ရရန် အချိန်အနည်းငယ်သာ
ကျန်ရှိချိန်တွင် ရန်ကုန်မြို့တွင် အထပ်မြင့်အဆောက်အအုံများကို သူ့ထက်ငါဦးအောင် ဆောက်လုပ်ရန် လုပ်ငန်းရှင်များဘက်ကလည်းကြံစည်လျှက်ရှိသည်။

နေးရှင်းမြန်မာ မှ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service